အင်္ဂလန်မှာ ပွဲလန့်ရင်တော့ ဖျာဝင်ခင်းမယ့် တူချယ်

ဂျာမနီမှာ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူချယ်ဟာ အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက စတမ်းဖို့ဒ်ဘရစ်ချ်ကို ကျောခိုင်းခဲ့ရ တဲ့ တူချယ်ဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြပါ။ အသက် ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီဂျာမန်သားကို ဘွန်ဒက်စ်လီဂါ ကလပ်တချို့က စိတ်ဝင်စားမှုရှိခဲ့ပြီး လေဗာကူဆင်က ကမ်းလှမ်းခဲ့တာကို ကာယကံရှင်က ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။

ဂျာမန် သတင်းစာ Bild ရဲ့ အဆိုအရ လာမယ့် အနာဂတ်ကာလတစ်ခုမှာ အင်္ဂလန်နည်းပြရာထူးနေရာ လစ်လပ်ခဲ့ မယ်ဆိုရင်တော့ တူချယ်ဟာ စကားပြောဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်လမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး အခုလက်ရှိအချိန်အထိကို အထိုင်မကျသေးတာကြောင့် အင်္ဂလန်လက်ရွေး စင်အသင်းနည်းပြ ဆောက်ဂိတ်အပေါ်မှာ ဖိအားတွေ တောင်လိုပုံနေပြီဖြစ် ပါတယ်။

အဲဒီလို အခင်းအကျင်းမျိုး ရှိနေပေမယ့်လည်း ဆောက်ဂိတ်ဟာ အ သင်းကို အခုအချိန်အထိ တည့်မတ်နိုင်ခြင်းမရှိသေးလို့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာသာ လွဲချော်မှုတွေ ဆက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ ရာထူးကနေ သေချာပေါက် ဖယ်ရှားခံရဖို့ ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီးနဲ့အတူ ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ဂျာမန်သားနည်းပြ တူချယ်ဟာ အင်္ဂလန်နည်းပြရာထူးအတွက် အဆင်သင့်အနေအထားမှာ ရှိလာနိုင်ပါတယ်။

တကယ်လို့များ ဆောက်ဂိတ်သာ ရာထူးက ဖယ်ရှားခံရမယ်ဆိုရင် တော့ အင်္ဂလန်အသင်းအတွက် နောက်ထပ် ရေပန်းစားနေတဲ့ နည်းပြ တစ် ယောက်ကတော့ လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာပဲ ဖြစ်တယ်လို့ Daily Mail က ရေးသားဖော်ပြပါတယ်။

ချဲလ်ဆီးနဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲ ဆက်ထားတဲ့ ပေါ်တာကို ဆောက်ဂိတ်ရဲ့နေရာမှာ အင်္ဂလန်ပရိသတ်တွေက လည်း တွေ့ချင်နေကြတာမျိုး ရှိသလို ဘွတ်ကီဒိုင်တွေရဲ့ ရေပန်းစားမှုမှာ လည်း ဒီဘရိုက်တန်နည်းပြဟောင်းကသာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

လက်ရှိနည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါသေးတယ်။

(Zawgyi)

အဂၤလန္မွာ ပြဲလန႔္ရင္ေတာ့ ဖ်ာဝင္ခင္းမယ့္ တူခ်ယ္

ဂ်ာမနီမွာ လတ္တေလာ ထြက္ေပၚေနတဲ့ သတင္းေတြအရ ခ်ဲလ္ဆီးနည္းျပ ေဟာင္း ေသာမတ္စ္တူခ်ယ္ဟာ အဂၤလန္နည္းျပရာထူးကို စိတ္ဝင္စားေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လက စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေက်ာခိုင္းခဲ့ရ တဲ့ တူခ်ယ္ဟာ လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနတဲ့ နည္းျပပါ။

အသက္ ၄၉ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဒီဂ်ာမန္သားကို ဘြန္ဒက္စ္လီဂါ ကလပ္တခ်ိဳ႕က စိတ္ဝင္စားမႈရွိခဲ့ၿပီး ေလဗာကူဆင္က ကမ္းလွမ္းခဲ့တာကို ကာယကံရွင္က ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဂ်ာမန္ သတင္းစာ Bild ရဲ႕ အဆိုအရ လာမယ့္ အနာဂတ္ကာလတစ္ခုမွာ အဂၤလန္နည္းျပရာထူးေနရာ လစ္လပ္ခဲ့ မယ္ဆိုရင္ေတာ့ တူခ်ယ္ဟာ စကားေျပာဆိုသြားမွာ ျဖစ္တယ္လို႔ သိရပါ တယ္။

လာမယ့္လမွာ က်င္းပေတာ့မယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး အခုလက္ရွိအခ်ိန္အထိကို အထိုင္မက်ေသးတာေၾကာင့္ အဂၤလန္လက္ေ႐ြး စင္အသင္းနည္းျပ ေဆာက္ဂိတ္အေပၚမွာ ဖိအားေတြ ေတာင္လိုပုံေနၿပီျဖစ္ ပါတယ္။

အဲဒီလို အခင္းအက်င္းမ်ိဳး ရွိေနေပမယ့္လည္း ေဆာက္ဂိတ္ဟာ အ သင္းကို အခုအခ်ိန္အထိ တည့္မတ္ႏိုင္ျခင္းမရွိေသးလို႔ လာမယ့္ ကမာၻ႔ဖလား ၿပိဳင္ပြဲႀကီးမွာသာ လြဲေခ်ာ္မႈေတြ ဆက္ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ရာထူးကေန ေသခ်ာေပါက္ ဖယ္ရွားခံရဖို႔ ရွိေနပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးနဲ႔အတူ ၂၀၂၁ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့တဲ့ ဂ်ာမန္သားနည္းျပ တူခ်ယ္ဟာ အဂၤလန္နည္းျပရာထူးအတြက္ အဆင္သင့္အေနအထားမွာ ရွိလာႏိုင္ပါ တယ္။ တကယ္လို႔မ်ား ေဆာက္ဂိတ္သာ ရာထူးက ဖယ္ရွားခံရမယ္ဆိုရင္ ေတာ့ အဂၤလန္အသင္းအတြက္ ေနာက္ထပ္ ေရပန္းစားေနတဲ့ နည္းျပ တစ္ ေယာက္ကေတာ့ လက္ရွိ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာပဲ ျဖစ္တယ္လို႔ Daily Mail က ေရးသားေဖာ္ျပပါတယ္။

ခ်ဲလ္ဆီးနဲ႔အတူ ရာႏႈန္းျပည့္ ႏိုင္ပြဲ ဆက္ထားတဲ့ ေပၚတာကို ေဆာက္ဂိတ္ရဲ႕ေနရာမွာ အဂၤလန္ပရိသတ္ေတြက လည္း ေတြ႕ခ်င္ေနၾကတာမ်ိဳး ရွိသလို ဘြတ္ကီဒိုင္ေတြရဲ႕ ေရပန္းစားမႈမွာ လည္း ဒီဘ႐ိုက္တန္နည္းျပေဟာင္းကသာ ထိပ္ဆုံးက ရပ္တည္ေနပါတယ္။ လက္ရွိနည္းျပ ေဆာက္ဂိတ္ကေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔အတူ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း ရွိေနပါေသးတယ္။