အင်္ဂလန်မှာ ဂျာမန်အင်ပါယာတည်ထောင်ဖို့ ကြံနေတဲ့ရန်းနစ်ခ်

မန်ယူအသင်းရဲ့ယာယီနည်းပြ ရန်းနစ်ခ်ဟာ ဂျာမနီရဲ့အလားအလာအကောင်းဆုံး

လူငယ် ၄ ဦးကိုခေါ်ယူဖို့ပစ်မှတ်ထားနေလို့ အင်္ဂလန်ကိုလာပြီး

ဂျာမန်အင်ပါယာတည်ထောင်ဖို့ကြံနေတယ်လို့ သတင်းတွေမှာဖော်ပြနေကြပါတယ်။

အသက် ၆၃ နှစ်ရှိတဲ့ ရန်းနစ်ခ်ဟာ ရာသီကုန်ချိန်အထိမန်ယူကိုတာဝန်ယူသွားမှာဖြစ်ပြီး

နောက်ပိုင်းမှာအကြံပေးအဖြစ် ၂ နှစ်တာဆက်ရှိနေမှာဖြစ်ပါတယ်။

ဒီအတွက်လည်း မန်ယူအသင်းရဲ့အနာဂတ်အောင်မြင်မှုတွေမှာ

အဓိကကျလာနိုင်ဖွယ်ရှိတဲ့အဲဒီ ဂျာမန်လူငယ် ၄ ဦးကို

ခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ သူတို့ကတော့….

ဖလိုရီယန်ဝါ့ဇ်

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျာမနီရဲ့အကောင်းဆုံးလူငယ်တစ်ဦးအဖြစ်

အသိအမှတ်ပြုခံထားရတဲ့ ဝါ့ဇ် ဟာလေဗာကူဆင်အသင်း

ရဲ့တိုက်စစ်ဆင်ကွင်းလယ်လူဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့

ဝါ့ဇ် ဟာရာသီအစကတည်းကခြေစွမ်းပြနေသူဖြစ်ပြီး

၂၁ ပွဲကစားပြီးချိန်မှာ ၈ ဂိုးသွင်းကာ ၁၁ ဂိုးဖန်တီးပေးထားပါတယ်။

သူဟာဂျာမနီမှာဘဲနေပြီး သူ့ကစာသမားဘဝတိုးတက်အောင်လုပ်လိုသူဖြစ်ပေမယ့်

မန်ယူမှာကြယ်ပွင့်ကစားသမားဖြစ်လာမယ့်အခွင့်အရေးရဖို့အတွက်

ရန်းနစ်ခ်က ကမ်းလှမ်းမှုတွေလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ပေါင်သန်း ၆၀ တန်ကြေးရှိတဲ့

ဝါ့ဇ် ဟာဂျာမနီလက်ရွေးစင်အသင်းမှာလည်းရွေးချယ်ခံခဲ့ရသူဖြစ်ပြီး

လက်ရှိမန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ဆီကနေ သင်ယူမှုအနည်းငယ်လုပ်နိုင်တာနဲ့

မန်ယူရဲ့အဓိကကျတဲ့ကွင်းလယ်ဖန်တီးရှင်ဖြစ်လာမယ်လို့ ရန်းနစ်ခ်ယုံကြည်ထားပါတယ်။

လူကာနက်ဇ်

ဟာသာဘာလင်နဲ့လမ်းခွဲပြီးနောက် ဂလက်ဘတ်မှာသူ့နာမည်ကို

အချိန်တိုအတွင်းတည်ဆောက်ထားနိုင်တဲ့ လူကာနက်ဇ်ဟာ

အသက် ၁၈ နှစ်သာရှိသေးတဲ့ ကွင်းလယ်ဘယ်ခြမ်းကစားသမားဖြစ်ပါတယ်။

သူဟာ ဘယ်နောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပြီး

ဂျာမနီယူ-၂၃ အသင်းမှာ ၃ ပွဲပါဝင်ထားပြီးဖြစ်ပါတယ်။ နက်ဇ် ဟာ

ဝါ့ဇ်လောက် ဈေးကြီးမှာမဟုတ်ပေမယ့် ဘယ်
ခြမ်းမှာအရမ်းကိုအသုံးတည့်မှာဖြစ်ပြီး လုခ်ရှောဒဏ်ရာရချိန်မျိုးမှာ

cover ကောင်းစွာလုပ်ပေးနိုင်မယ့်သူဖြစ်ပါတယ်။

အဲရစ်မာတယ်လ်

သူဟာရန်းနစ်ခ်အရင်ပတ်သက်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ကစားသမားဖြစ်ပေမယ့်

လက်ရှိမှာဩစတြီးယားကလပ်ဖြစ်တဲ့ ဩစတြီးယားဗီယင်နာ အသင်းမှာ

အငှားသွားကစားနေတာပါ။ အသက် ၁၉ နှစ်ရှိတဲ့ မာတယ်လ် ဟာကွင်းလယ်မှာသာမက

ခံစစ်မှာပါကစားနိုင်စွမ်းရှိပါတယ်။ သူဟာလက်ရှိမှာအသက်ရလာတဲ့

မာတစ်နေရာမှာအစားထိုးဖို့အသင့်တော်ဆုံးသူအဖြစ် ရန်းနစ်ခ်က

ယူဆထားပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်က သူတို့ရဲ့ကြယ်ပွင့်သစ်ကို

လက်လွှတ်ဖို့ဆန္ဒရှိမှာမဟုတ်လို့ မန်ယူခေါ်ဖို့အတော်လေးကြိုးစားရနိုင်ပါတယ်။

မာတယ်လ်ဟာဒီရာသီမှာ ဗီယင်နာအတွက ၂၂ ပွဲကစားပေးထားပါတယ်။

အာမဲလ်ဘယ်လာကော့ချပ်

အာမဲလ်ဘယ်လာကော့ချပ်ပြီးခဲ့တဲ့ရာသီက ဘိုချမ်အသင်း ဘွန်ဒက်စ်လီဂါကို

တက်လှမ်းလာရာမှာ ဘယ်လာကော့ချပ် ကအရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ သူ့ကိုပရီးမီးယားလိဂ်ကလပ်တွေက

ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းကခေါ်ယူဖို့ ဆက်သွယ်ခဲ့ကြတာပါ။

ဒီအထဲမှာ ချဲလ်ဆီးအသင်းလည်းပါဝင်ပေမယ့်အောင်မြင်ခဲ့ခြင်းတော့မရှိပါဘူး။

အရပ် ၆ ပေ ၂ လက်မမြင့်တဲ့ ဗဟိုခံစစ်မှူးကော့ချပ် ဟာမန်ယူကိုရောက်လာရင်

မက်ဂွိုင်းယားနဲ့ ချန်ပီယံလိဂ်မှာ ၄ ကြိမ်ဗိုလ်စွဲထားဘူးတဲ့ ဗာရန်း တို့ဆီကနေ

သင်ယူလိုက်တာနဲ့ ကမ္ဘာ့အဆင့်မီဗဟိုနောက်ခံလူဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

zawgyi

အဂၤလန္မွာ ဂ်ာမန္အင္ပါယာတည္ေထာင္ဖို႔ ႀကံေနတဲ့ရန္းနစ္ခ္

မန္ယူအသင္းရဲ႕ယာယီနည္းျပ ရန္းနစ္ခ္ဟာ ဂ်ာမနီရဲ႕အလားအလာအေကာင္းဆုံး

လူငယ္ ၄ ဦးကိုေခၚယူဖို႔ပစ္မွတ္ထားေနလို႔ အဂၤလန္ကိုလာၿပီး

ဂ်ာမန္အင္ပါယာတည္ေထာင္ဖို႔ႀကံေနတယ္လို႔ သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။

အသက္ ၆၃ ႏွစ္ရွိတဲ့ ရန္းနစ္ခ္ဟာ ရာသီကုန္ခ်ိန္အထိမန္ယူကိုတာဝန္ယူသြားမွာျဖစ္ၿပီး

ေနာက္ပိုင္းမွာအႀကံေပးအျဖစ္ ၂ ႏွစ္တာဆက္ရွိေနမွာျဖစ္ပါတယ္။

ဒီအတြက္လည္း မန္ယူအသင္းရဲ႕အနာဂတ္ေအာင္ျမင္မႈေတြမွာ

အဓိကက်လာႏိုင္ဖြယ္ရွိတဲ့အဲဒီ ဂ်ာမန္လူငယ္ ၄ ဦးကို

ေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ သူတို႔ကေတာ့….

ဖလိုရီယန္ဝါ့ဇ္

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဂ်ာမနီရဲ႕အေကာင္းဆုံးလူငယ္တစ္ဦးအျဖစ္

အသိအမွတ္ျပဳခံထားရတဲ့ ဝါ့ဇ္ ဟာေလဗာကူဆင္အသင္း

ရဲ႕တိုက္စစ္ဆင္ကြင္းလယ္လူျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့

ဝါ့ဇ္ ဟာရာသီအစကတည္းကေျခစြမ္းျပေနသူျဖစ္ၿပီး

၂၁ ပြဲကစားၿပီးခ်ိန္မွာ ၈ ဂိုးသြင္းကာ ၁၁ ဂိုးဖန္တီးေပးထားပါတယ္။

သူဟာဂ်ာမနီမွာဘဲေနၿပီး သူ႔ကစာသမားဘဝတိုးတက္ေအာင္လုပ္လိုသူျဖစ္ေပမယ့္

မန္ယူမွာၾကယ္ပြင့္ကစားသမားျဖစ္လာမယ့္အခြင့္အေရးရဖို႔အတြက္

ရန္းနစ္ခ္က ကမ္းလွမ္းမႈေတြလုပ္ဖို႔ ျပင္ဆင္ထားပါတယ္။ ေပါင္သန္း ၆၀ တန္ေၾကးရွိတဲ့

ဝါ့ဇ္ ဟာဂ်ာမနီလက္ေ႐ြးစင္အသင္းမွာလည္းေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ၿပီး

လက္ရွိမန္ယူကြင္းလယ္လူ ဖာနန္ဒက္စ္ဆီကေန သင္ယူမႈအနည္းငယ္လုပ္ႏိုင္တာနဲ႔

မန္ယူရဲ႕အဓိကက်တဲ့ကြင္းလယ္ဖန္တီးရွင္ျဖစ္လာမယ္လို႔ ရန္းနစ္ခ္ယုံၾကည္ထားပါတယ္။

လူကာနက္ဇ္

ဟာသာဘာလင္နဲ႔လမ္းခြဲၿပီးေနာက္ ဂလက္ဘတ္မွာသူ႔နာမည္ကို

အခ်ိန္တိုအတြင္းတည္ေဆာက္ထားႏိုင္တဲ့ လူကာနက္ဇ္ဟာ

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ကြင္းလယ္ဘယ္ျခမ္းကစားသမားျဖစ္ပါတယ္။

သူဟာ ဘယ္ေနာက္ခံလူအျဖစ္လည္းကစားႏိုင္သူျဖစ္ၿပီး

ဂ်ာမနီယူ-၂၃ အသင္းမွာ ၃ ပြဲပါဝင္ထားၿပီးျဖစ္ပါတယ္။ နက္ဇ္ ဟာ

ဝါ့ဇ္ေလာက္ ေဈးႀကီးမွာမဟုတ္ေပမယ့္ ဘယ္
ျခမ္းမွာအရမ္းကိုအသုံးတည့္မွာျဖစ္ၿပီး လုခ္ေရွာဒဏ္ရာရခ်ိန္မ်ိဳးမွာ

cover ေကာင္းစြာလုပ္ေပးႏိုင္မယ့္သူျဖစ္ပါတယ္။

အဲရစ္မာတယ္လ္

သူဟာရန္းနစ္ခ္အရင္ပတ္သက္ခဲ့တဲ့ လိုက္ပ္ဇစ္အသင္းရဲ႕ကစားသမားျဖစ္ေပမယ့္

လက္ရွိမွာဩစႀတီးယားကလပ္ျဖစ္တဲ့ ဩစႀတီးယားဗီယင္နာ အသင္းမွာ

အငွားသြားကစားေနတာပါ။ အသက္ ၁၉ ႏွစ္ရွိတဲ့ မာတယ္လ္ ဟာကြင္းလယ္မွာသာမက

ခံစစ္မွာပါကစားႏိုင္စြမ္းရွိပါတယ္။ သူဟာလက္ရွိမွာအသက္ရလာတဲ့

မာတစ္ေနရာမွာအစားထိုးဖို႔အသင့္ေတာ္ဆုံးသူအျဖစ္ ရန္းနစ္ခ္က

ယူဆထားပါတယ္။ ဒါေပမယ့္ လိုက္ပ္ဇစ္က သူတို႔ရဲ႕ၾကယ္ပြင့္သစ္ကို

လက္လႊတ္ဖို႔ဆႏၵရွိမွာမဟုတ္လို႔ မန္ယူေခၚဖို႔အေတာ္ေလးႀကိဳးစားရႏိုင္ပါတယ္။

မာတယ္လ္ဟာဒီရာသီမွာ ဗီယင္နာအတြက ၂၂ ပြဲကစားေပးထားပါတယ္။

အာမဲလ္ဘယ္လာေကာ့ခ်ပ္

အာမဲလ္ဘယ္လာေကာ့ခ်ပ္ၿပီးခဲ့တဲ့ရာသီက ဘိုခ်မ္အသင္း ဘြန္ဒက္စ္လီဂါကို

တက္လွမ္းလာရာမွာ ဘယ္လာေကာ့ခ်ပ္ ကအေရးပါတဲ့သူျဖစ္ခဲ့ပါတယ္။

အသက္ ၂၀ သာရွိေသးတဲ့ သူ႔ကိုပရီးမီးယားလိဂ္ကလပ္ေတြက

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းကေခၚယူဖို႔ ဆက္သြယ္ခဲ့ၾကတာပါ။

ဒီအထဲမွာ ခ်ဲလ္ဆီးအသင္းလည္းပါဝင္ေပမယ့္ေအာင္ျမင္ခဲ့ျခင္းေတာ့မရွိပါဘူး။

အရပ္ ၆ ေပ ၂ လက္မျမင့္တဲ့ ဗဟိုခံစစ္မႉးေကာ့ခ်ပ္ ဟာမန္ယူကိုေရာက္လာရင္

မက္ဂြိဳင္းယားနဲ႔ ခ်န္ပီယံလိဂ္မွာ ၄ ႀကိမ္ဗိုလ္စြဲထားဘူးတဲ့ ဗာရန္း တို႔ဆီကေန

သင္ယူလိုက္တာနဲ႔ ကမာၻ႔အဆင့္မီဗဟိုေနာက္ခံလူျဖစ္လာမယ္လို႔လည္း ဆိုပါတယ္။