အင်္ဂလန်ပရိသတ်တွေ ကာတာ လမ်းမပေါ်မှာ ဘီယာသောက်ခွင့်၊ နမ်းခွင့် မရှိ

၂၀၂၂ ကမ္ဘာ့ဖလားေျခစစ္ပွဲကို အင်္ဂလန်အောင်မြင်သွားခဲ့ခြင်းနဲ့အတူ

ကာတာကို အင်္ဂလိပ်ပရိတ်တွေ အလုံးအရင်း လုပ်အားပေးဖို့ ပြင်ဆင်နေကြပါတယ်။

ကာတာဟာ ဘာသာရေးအယူအဆပြင်းထန်တဲ့ နိုင်ငံတစ်ခုဖြစ်သလို

ပရိသတ်တွေအနေနဲ့ ကာတာမွာ ရှောင်ကြဉ်ရမယ့်အရာတွေလည်း ရှိနပါတယ်။

လာမယ့် ကမ္ဘာ့ဖလားကျင်းပချိန်မှာ ကာတာကို လာရောက်အားပေးမယ့်

ပရိသတ်တြေ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း

ကာတာ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ ပရိသတ်တွေအနေနဲ့ Fan Zone တွေမှာ

ဘီယာသောက်ခွင့်ရှိပေမယ့် လမ်းမတွပေါ်မှာ ဘီယာ မသောက်ဖို့၊

လမ်းပေါ်မှာ အင်္ဂလန် အလံ မလွင့်ဖို့၊ လူမြင်ကွင်းမှာ မနမ်းကြဖို့၊

ဓါတ်ပုံရိုက်တဲ့အခါ သတိထားကြဖို့ သူတို့ပရိသတ်တွေကို သတိပေးထားကြပါတယ်။

ကာတာ ၂၀၂၂ အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖာတမာကတော့ ကာတာရဲ့

ယဉ်ကျေးအစဉ်အလာတွေကို ကမ္ဘာကြီးက မြင်ခွင့်ရမယ်လို့ ဆိုထားပါတယ်။

အရက်သောက်တာကို တားမြစ်ထားပေမယ့် ပရိသတ်တွေအတွက်

သီးသန့်နေရာတွေမှာ သောက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

zawgyi


၂၀၂၂ ကမ္ဘာ့ဖလာျးေခစစ္ပွဲကို အင်္ဂလန်အောင်မြင်သွားခဲ့ခြင်းနဲ့အတူ













