အင်္ဂလန်နည်းပြဆောက်ဂိတ်က ဂရင်းဝုဒ်ကို ဘာကြောင့်မရွေးသလဲဆိုတာ ရှင်းပြ

နောက်ဆုံးကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ခြေစွမ်းပြ

မန်ယူလူငယ်တိုက်စစ်မှုးဂရင်းဝုဒ်ကို ဘာကြောင့်မရွေးခဲ့သလဲဆိုတာနဲ့ပတ်သက်လို့

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ရှင်းပြလိုက်ပါတယ်။

ဂရင်းဝုဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ တောက်ပလာတာကြောင့် ၂၀၂၀ စက်တင်ဘာလက

အိုက်စလန်နဲ့ပွဲမှာ အင်္ဂလန်အသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အိုက်စလန်မှာပဲ မန်စီးတီးလူငယ်ကြယ်ပွင့်ဖိုဒန်နဲ့အတူ ကိုဗစ်စည်းမျဉ်းကို

ချိုးဖောက်ခဲ့တာကြောင့် အင်္ဂလန်အသင်းကနေ စောစီးစွာအိမ်ပြန်ပို့ခံခဲ့ရပါတယ်။

အသက် ၂၀ အရွယ် ဂရင်းဝုဒ်ဟာ အဲဒီကတည်းက အင်္ဂလန်အတွက်

မကစားဖြစ်တော့ဘဲ အယ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ကစားမယ့်

နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အင်္ဂလန်

လူစာရင်းထုတ်ပြန်တော့လည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အခုတော့ ဆောက်ဂိတ်က အင်္ဂလန်မှာ ဂရင်းဝုဒ်ကို

ဘာကြောင့်ချန်လှပ်နေရသလဲဆိုတဲ့အကြောင်းရင်းကို ရှင်းပြလိုက်ပါတယ်။

ကလပ်အဆင့်မှာ တိုးတက်မှုကို အာရုံစိုက်နိုင်ဖို့အတွက် လာမယ့်နှစ်ကုန်အထိ

သူ့ကို မရွေးဖို့ အဲဒီမန်ယူတိုက်စစ်မှုးက တောင်းဆိုထားကြောင်း ဆောက်ဂိတ်က ဆိုခဲ့တာပါ။

”ပြီးခဲ့တဲ့စက်တင်ဘာမှာကတည်းက ကျွန်တော်တို့ဆွေးနွေးမှုလုပ်ခဲ့ပြီး

သဘောတူညီခဲ့ကြတာပါ။ မက်ဒါမော့(အက်ဖ်အေနည်းစနစ်ဒါရိုက်တာ)နဲ့

ကျွန်တော်တို့ဟာ ယူနိုက်တက်ကိုသွားပြီး ဂရင်းဝုဒ်အပြင် သူ့မိသားစုနဲ့

စကားကောင်းကောင်းပြောခဲ့ကာ လာမယ့်နှစ်တိုင်အောင် သူ့ကိုမရွေးဖို့

သဘောတူညီခဲ့ကြတာပါ။ မန်ယူမှာ သူခြေစွမ်းပြနိုင်ရင် လက်ရွေးစင်အသင်းမှာ

အခေါ်ခံရဖို့ နီးစပ်မှာဖြစ်ပြီး အဲဒါကိုလည်း သူနားလည်ပါတယ်။ အင်္ဂလန်အတွက်

သူကစားချင်တယ်ဆိုတာကတော့ ရှင်းပါတယ်။ သူခြေစွမ်းမပြနိုင်လို့

ကျွန်တော်တို့ မရွေးတာ မဟုတ်ပါဘူး”လို့ ဆောက်ဂိတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ နောက်ဆုံးရွေးချယ်ခဲ့တဲ့အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခြင်းခံရတဲ့

တစ်ဦးတည်းသောမန်ယူကစားသမားတော့ မဟုတ်ပါဘူး။

သူ့ရဲ့မန်ယူအသင်းဖော်တွေဖြစ်တဲ့ ဆန်ချိုနဲ့ လင်ဂတ်တို့ဟာလည်း

ပုံမှန်ကစားခွင့်မရမှုနဲ့အတူ အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

zawgyi

အဂၤလန္နည္းျပေဆာက္ဂိတ္က ဂရင္းဝုဒ္ကို ဘာေၾကာင့္မေ႐ြးသလဲဆိုတာ ရွင္းျပ

ေနာက္ဆုံးကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ ေျခစြမ္းျပ

မန္ယူလူငယ္တိုက္စစ္မႈးဂရင္းဝုဒ္ကို ဘာေၾကာင့္မေ႐ြးခဲ့သလဲဆိုတာနဲ႔ပတ္သက္လို႔

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ရွင္းျပလိုက္ပါတယ္။

ဂရင္းဝုဒ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေတာက္ပလာတာေၾကာင့္ ၂၀၂၀ စက္တင္ဘာလက

အိုက္စလန္နဲ႔ပြဲမွာ အဂၤလန္အသင္းႀကီးအတြက္ စတင္ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့ အိုက္စလန္မွာပဲ မန္စီးတီးလူငယ္ၾကယ္ပြင့္ဖိုဒန္နဲ႔အတူ ကိုဗစ္စည္းမ်ဥ္းကို

ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ အဂၤလန္အသင္းကေန ေစာစီးစြာအိမ္ျပန္ပို႔ခံခဲ့ရပါတယ္။

အသက္ ၂၀ အ႐ြယ္ ဂရင္းဝုဒ္ဟာ အဲဒီကတည္းက အဂၤလန္အတြက္

မကစားျဖစ္ေတာ့ဘဲ အယ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ကစားမယ့္

ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ အဂၤလန္

လူစာရင္းထုတ္ျပန္ေတာ့လည္း ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အခုေတာ့ ေဆာက္ဂိတ္က အဂၤလန္မွာ ဂရင္းဝုဒ္ကို

ဘာေၾကာင့္ခ်န္လွပ္ေနရသလဲဆိုတဲ့အေၾကာင္းရင္းကို ရွင္းျပလိုက္ပါတယ္။

ကလပ္အဆင့္မွာ တိုးတက္မႈကို အာ႐ုံစိုက္ႏိုင္ဖို႔အတြက္ လာမယ့္ႏွစ္ကုန္အထိ

သူ႔ကို မေ႐ြးဖို႔ အဲဒီမန္ယူတိုက္စစ္မႈးက ေတာင္းဆိုထားေၾကာင္း ေဆာက္ဂိတ္က ဆိုခဲ့တာပါ။

”ၿပီးခဲ့တဲ့စက္တင္ဘာမွာကတည္းက ကြၽန္ေတာ္တို႔ေဆြးေႏြးမႈလုပ္ခဲ့ၿပီး

သေဘာတူညီခဲ့ၾကတာပါ။ မက္ဒါေမာ့(အက္ဖ္ေအနည္းစနစ္ဒါ႐ိုက္တာ)နဲ႔

ကြၽန္ေတာ္တို႔ဟာ ယူႏိုက္တက္ကိုသြားၿပီး ဂရင္းဝုဒ္အျပင္ သူ႔မိသားစုနဲ႔

စကားေကာင္းေကာင္းေျပာခဲ့ကာ လာမယ့္ႏွစ္တိုင္ေအာင္ သူ႔ကိုမေ႐ြးဖို႔

သေဘာတူညီခဲ့ၾကတာပါ။ မန္ယူမွာ သူေျခစြမ္းျပႏိုင္ရင္ လက္ေ႐ြးစင္အသင္းမွာ

အေခၚခံရဖို႔ နီးစပ္မွာျဖစ္ၿပီး အဲဒါကိုလည္း သူနားလည္ပါတယ္။ အဂၤလန္အတြက္

သူကစားခ်င္တယ္ဆိုတာကေတာ့ ရွင္းပါတယ္။ သူေျခစြမ္းမျပႏိုင္လို႔

ကြၽန္ေတာ္တို႔ မေ႐ြးတာ မဟုတ္ပါဘူး”လို႔ ေဆာက္ဂိတ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

ဂရင္းဝုဒ္ဟာ ေနာက္ဆုံးေ႐ြးခ်ယ္ခဲ့တဲ့အဂၤလန္လူစာရင္းမွာ ခ်န္လွပ္ျခင္းခံရတဲ့

တစ္ဦးတည္းေသာမန္ယူကစားသမားေတာ့ မဟုတ္ပါဘူး။

သူ႔ရဲ႕မန္ယူအသင္းေဖာ္ေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ လင္ဂတ္တို႔ဟာလည္း

ပုံမွန္ကစားခြင့္မရမႈနဲ႔အတူ အဂၤလန္အသင္းမွာ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရပါဘူး။