
နယူးကာဆယ်အသင်းမှာ ကစားသမားဘဝဖြတ်သန်းခဲ့ဖူးတဲ့
အင်္ဂလန်ကွင်းလယ်လူဟောင်း ကီယွန်ဒိုင်ယာဟာ ရှားပါးရောဂါတစ်မျိုးကို
ခံစားနေရတာကြောင့် အသည်းအစားထိုးကုသမှု ခံယူရတော့မယ်လို့ သိရပါတယ်။
အသက် ၄၂ နှစ်အရွယ် ဒိုင်ယာဟာ ပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းက
Celebrity SAS: Who Dares Wins အစီအစဉ်တွင်ပါဝင်ပြီးနောက်
ဆေးရုံတက်ကုသမှု ခံယူခဲ့ရပြီး အဖြေရှာခဲ့ရာမှာတော့ သည်းခြေပြွန်များကို
တိုက်ခိုက်တတ်တဲ့ ရှားပါးရောဂါကို ခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။
ဒိုင်ယာနှင့် Sky Sport တွင်ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်
ထမ်းဆောင်နေတဲ့ဒေးဗစ်ဂျီနိုလာဟာလည်း အသည်းရောဂါ ဖြစ်ပြီးနောက်
အမြန်ဆုံး ကုသပျောက်ကင်းခဲ့တာကြောင့် ဒိုင်ယာအတွက်
အထိုက်အလျောက်တော့ စိုးရိမ်မှု လျော့ကျစေပါတယ်။
ဒိုင်ယာဟာ လက်ရှိအချိန်မှာ အစ်ဆွစ်ချ် ယူ-၂၃ ရဲ့ နည်းပြအဖြစ်
ဆောင်ရွက်နေတာဖြစ်ပြီး အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကီယွန်ဟာ
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး သူ့ရဲ့ အသည်းရောဂါကို စတင်ခံစားခဲ့ရတာဖြစ်ပြီး
အခုတော့ အစားထိုးကုသဖို့ လိုအပ်နေပါတယ်လို့ ဆိုထားပါတယ်။
ဒိုင်ယာဟာအင်္ဂလန်အသင်းအတွက်၃၃ပွဲကစားခဲ့သူဖြစ်ပြီးအစ်ဝှစ်ချ်၊
နယူးကာဆယ်၊ဝက်စ်ဟမ်း၊ကျူပီအာတို့တွင်ကစားခဲ့ပြီး၂၀၁၃ခုနှစ်တုန်းက
မစ်ဒယ်ဘရော့တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
သူ့ရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ဒိုင်ယာက “ဒီရောဂါကို
ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
အားပေးစကားတွေ ပြောပေးခဲ့ကြတဲ့သူတွေ အားလုံးကို
အရမ်းပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုထားပါတယ်။
zawgyi
အဂၤလန္စတားေဟာင္း ကီယြန္ဒိုင္ယာဟာ ရွားပါးေရာဂါကိုခံစားေနရ
နယူးကာဆယ္အသင္းမွာ ကစားသမားဘဝျဖတ္သန္းခဲ့ဖူးတဲ့
အဂၤလန္ကြင္းလယ္လူေဟာင္း ကီယြန္ဒိုင္ယာဟာ ရွားပါးေရာဂါတစ္မ်ိဳးကို
ခံစားေနရတာေၾကာင့္ အသည္းအစားထိုးကုသမႈ ခံယူရေတာ့မယ္လို႔ သိရပါတယ္။
အသက္ ၄၂ ႏွစ္အ႐ြယ္ ဒိုင္ယာဟာ ၿပီးခဲ့တဲ့အပတ္အေစာပိုင္းတုန္းက
Celebrity SAS: Who Dares Wins အစီအစဥ္တြင္ပါဝင္ၿပီးေနာက္
ေဆး႐ုံတက္ကုသမႈ ခံယူခဲ့ရၿပီး အေျဖရွာခဲ့ရာမွာေတာ့ သည္းေျခႁပြန္မ်ားကို
တိုက္ခိုက္တတ္တဲ့ ရွားပါးေရာဂါကို ခံစားေနရတာျဖစ္တယ္လို႔ သိရပါတယ္။
ဒိုင္ယာႏွင့္ Sky Sport တြင္ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္
ထမ္းေဆာင္ေနတဲ့ေဒးဗစ္ဂ်ီႏိုလာဟာလည္း အသည္းေရာဂါ ျဖစ္ၿပီးေနာက္
အျမန္ဆုံး ကုသေပ်ာက္ကင္းခဲ့တာေၾကာင့္ ဒိုင္ယာအတြက္
အထိုက္အေလ်ာက္ေတာ့ စိုးရိမ္မႈ ေလ်ာ့က်ေစပါတယ္။
ဒိုင္ယာဟာ လက္ရွိအခ်ိန္မွာ အစ္ဆြစ္ခ်္ ယူ-၂၃ ရဲ႕ နည္းျပအျဖစ္
ေဆာင္႐ြက္ေနတာျဖစ္ၿပီး အသင္းရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ကီယြန္ဟာ
လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကစၿပီး သူ႔ရဲ႕ အသည္းေရာဂါကို စတင္ခံစားခဲ့ရတာျဖစ္ၿပီး
အခုေတာ့ အစားထိုးကုသဖို႔ လိုအပ္ေနပါတယ္လို႔ ဆိုထားပါတယ္။
ဒိုင္ယာဟာအဂၤလန္အသင္းအတြက္၃၃ပြဲကစားခဲ့သူျဖစ္ၿပီးအစ္ဝွစ္ခ်္၊
နယူးကာဆယ္၊ဝက္စ္ဟမ္း၊က်ဴပီအာတို႔တြင္ကစားခဲ့ၿပီး၂၀၁၃ခုႏွစ္တုန္းက
မစ္ဒယ္ဘေရာ့တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။
သူ႔ရဲ႕ ေရာဂါအေျခအေနနဲ႔ ပတ္သက္ၿပီး ဒိုင္ယာက “ဒီေရာဂါကို
ေက်ာ္လႊားႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး
အားေပးစကားေတြ ေျပာေပးခဲ့ၾကတဲ့သူေတြ အားလုံးကို
အရမ္းပဲ ေက်းဇူးတင္ပါတယ္” လို႔ ေျပာဆိုထားပါတယ္။