အင်္ဂလန်က ကာတာမှာ ဂိုးအလှူပေးမယ့် အသင်းလို့ ပြောလိုက်တဲ့ အလန်ရှီးယား

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပေမဲ့ နောက်တန်းကတော့ အပေါက်ကြီး ဖြစ်နေ တယ်လို့ နယူးကာဆယ်

တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ထောက်ပြခဲ့ပါတယ်။ အင်္ဂလန်ဟာ နိုင်ငံလက်ရွေးစင်အသင်း အောင်မြင်မှုကို ၁၉၆၆ ခုနှစ် မှာ နောက်ဆုံး အကြိမ် ရခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း

ကမ္ဘာ့ဖလားမှာရော ယူရို ပြိုင်ပွဲမှာပါ ချန်ပီယံဆု မရတော့ပါဘူး။ ဒါကြောင့် အခု ကာတာ ပြိုင်ပွဲမှာ နည်းပြ ဆောက်ဂိတ်ရဲ့အသင်းဟာ ချန်ပီယံဆုကို ဆွတ်ခူးဖို့ အားခဲထားတာ

မျိုးရှိပေမဲ့ ခံစစ်ပိုင်းမှာ ပြဿနာတွေ အများကြီးရှိနေတယ်လို့ ပရီးမီးယားလိဂ် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အလန်ရှီးယားက တိုက်စစ်မှူး တစ်ဦးရဲ့

အမြင်နဲ့ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် အားကစား သတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ရဲ့မေးလိုရာမေး ဘောလုံးအရေး အစီအစဉ်မှာ ရှီးယားက

အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ‘’တိုက်စစ်ပိုင်း ကတော့ တော်တော်လေး ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုကတော့ ခံစစ်နေရာတွေဗျ။ ဆောက်ဂိတ်ဟာ

လုပ်စရာ ကြီးကြီးမားမားတွေ ရှိနေပါတယ်။ မက်ဂွိုင်းယားက ကစားခွင့် မရဘူးလေဗျာ။ အဲရစ်ဒိုင်ယာကလည်း အမှားတွေ ဆက်တိုက်လုပ်နေတာ။ လုခ်ရှောက လည်း အမှားတွေ လုပ်တာပဲ။

အာနိုးဆိုတဲ့ ငနဲကလည်း အမှားတွေ လုပ်နေတာပဲ။ အီရန်အသင်းနဲ့ ရင်ဆိုင်တဲ့အခါ အဲဒီလို ကစားသမားတွေကို ရွေးချယ်ထားတဲ့ အင်္ဂလန်အနေနဲ့ အဲဒီအချက်တွေကို ကြုံရမှာ’’ လို့

အင်္ဂလန်လက်ရွေး စင်ဟောင်း အလန်ရှီးယားက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အင်္ဂလန်အနေနဲ့ ဘယ်လို ကစားကွက်မျိုး အသုံးပြုပြီး ပြိုင်ဘက်တွေကို

ရင်ဆိုင်မယ်ဆိုတာမျိုးက အဓိက မကျဘဲ ခံစစ်ပိုင်းမှာ အမှားတွေ မလုပ်မိစေဖို့နဲ့ အမှားတွေ လုပ်မိခဲ့မယ်ဆိုရင်တော့ အဲဒါဟာ ပြဿနာ အကြီးကြီး ဖြစ်လာ လိမ့်မယ်လို့ ရှီးယားက

ထောက်ပြသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဘောလုံး အမေးအဖြေ ကဏ္ဍ တစ်ခုမှာတော့ ရှီးယားဟာ ပရိသတ်တွေနဲ့

အချင်းများခဲ့တဲ့ သုံးသပ်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ လူတိုင်းဟာ ကိုယ့်ရဲ့အမြင်နဲ့ပတ်သက်လို့ ဒေါသထွက်ခွင့်ရှိသလို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်လို့ ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

(Zawgyi)

အဂၤလန္က ကာတာမွာ ဂိုးအလႉေပးမယ့္ အသင္းလို႔ ေျပာလိုက္တဲ့ အလန္ရွီးယား

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္ဟာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ အသင္းေတြထဲမွာ ပါဝင္ေနေပမဲ့ ေနာက္တန္းကေတာ့ အေပါက္ႀကီး ျဖစ္ေန တယ္လို႔

နယူးကာဆယ္ တိုက္စစ္မႉးေဟာင္း အလန္ရွီးယားက ေထာက္ျပခဲ့ ပါတယ္။ အဂၤလန္ဟာ ႏိုင္ငံလက္ေ႐ြးစင္အသင္း ေအာင္ျမင္မႈကို ၁၉၆၆ ခုႏွစ္ မွာ ေနာက္ဆုံး အႀကိမ္ ရခဲ့တာျဖစ္ၿပီး

အဲဒီေနာက္ပိုင္း ကမာၻ႔ဖလားမွာေရာ ယူ႐ို ၿပိဳင္ပြဲမွာပါ ခ်န္ပီယံဆု မရေတာ့ပါဘူး။ ဒါေၾကာင့္ အခု ကာတာ ၿပိဳင္ပြဲမွာ နည္းျပ ေဆာက္ဂိတ္ရဲ႕အသင္းဟာ ခ်န္ပီယံဆုကို ဆြတ္ခူးဖို႔

အားခဲထားတာ မ်ိဳးရွိေပမဲ့ ခံစစ္ပိုင္းမွာ ျပႆနာေတြ အမ်ားႀကီးရွိေနတယ္လို႔ ပရီးမီးယားလိဂ္ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့ အလန္ရွီးယားက တိုက္စစ္မႉး တစ္ဦးရဲ႕ အျမင္နဲ႔

သုံးသပ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ကမာၻေက်ာ္ အားကစား သတင္းဌာနတစ္ခုျဖစ္တဲ့ The Athletic ရဲ႕ေမးလိုရာေမး ေဘာလုံးအေရး အစီအစဥ္မွာ ရွီးယားက အခုလို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

‘’တိုက္စစ္ပိုင္း ကေတာ့ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ ေတာ့္ရဲ႕ စိုးရိမ္မႈကေတာ့ ခံစစ္ေနရာေတြဗ်။ ေဆာက္ဂိတ္ဟာ လုပ္စရာ ႀကီး ႀကီးမားမားေတြ ရွိေနပါတယ္။

မက္ဂြိဳင္းယားက ကစားခြင့္ မရဘူးေလဗ်ာ။ အဲရစ္ဒိုင္ယာကလည္း အမွားေတြ ဆက္တိုက္ လုပ္ေနတာ။ လုခ္ေရွာက လည္း အမွားေတြ လုပ္တာပဲ။ အာႏိုးဆိုတဲ့ ငနဲကလည္း အမွားေတြ လုပ္ေန တာပဲ။

အီရန္အသင္းနဲ႔ ရင္ဆိုင္တဲ့အခါ အဲဒီလို ကစားသမားေတြကို ေ႐ြးခ်ယ္ ထားတဲ့ အဂၤလန္အေနနဲ႔ အဲဒီအခ်က္ေတြကို ႀကဳံရမွာ’’ လို႔ အဂၤလန္လက္ေ႐ြး စင္ေဟာင္း အလန္ရွီးယားက ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ၿပီး အဂၤလန္အေနနဲ႔ ဘယ္လို ကစားကြက္မ်ိဳး အသုံးျပဳၿပီး ၿပိဳင္ဘက္ေတြကို ရင္ ဆိုင္မယ္ဆိုတာမ်ိဳးက အဓိက မက်ဘဲ ခံစစ္ပိုင္းမွာ အမွားေတြ မလုပ္မိေစဖို႔နဲ႔ အမွားေတြ

လုပ္မိခဲ့မယ္ဆိုရင္ေတာ့ အဲဒါဟာ ျပႆနာ အႀကီးႀကီး ျဖစ္လာ လိမ့္မယ္လို႔ ရွီးယားက ေထာက္ျပသြားခဲ့ပါတယ္။ ဒါေပမဲ့ အခုသီတင္းပတ္ အေစာပိုင္းမွာ ျပဳလုပ္ခဲ့တဲ့

ေဘာလုံး အေမးအေျဖ က႑ တစ္ခုမွာေတာ့ ရွီး ယားဟာ ပရိသတ္ေတြနဲ႔ အခ်င္းမ်ားခဲ့တဲ့ သုံးသပ္သူတစ္ေယာက္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ လူတိုင္းဟာ ကိုယ့္ရဲ႕အျမင္နဲ႔ပတ္သက္လို႔

ေဒါသထြက္ခြင့္ရွိသလို လြတ္ လြတ္လပ္လပ္ ေျပာဆိုခြင့္ရွိတယ္လို႔ ေျပာဆိုခဲ့သူလည္း ျဖစ္ပါတယ္။