
နာမည်ကျော်နည်းပြဟောင်းတစ်ယောက်ဖြစ်သလို လက်ရှိမှာ Sky Sports





ရုပ်သံတင်ဆက်သူအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဂရေမီဆောင်းနက်စ်က
လက်ရှိအင်္ဂလန်ကြယ်ပွင့်တွေထဲမှာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ပဲရှိတယ်လို့





ဖွင့်ဟလိုက်ပါတယ်။ ထူးဆန်းတာကတော့ လီဗာပူးဂန္တဝင်ကွင်းလယ်လူဟောင်းဟာ
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဟယ်ရီကိန်းကို
အတော်လေးဝေဖန်ခဲ့ပြီးမှ အခုလိုပြန်ချီးကျူးတာက အံ့အားသင့်စရာပါပဲ။





၂၀၁၈ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့
ထာဝရဂိုးသွင်းအများဆုံးဖြစ်တဲ့ ဟယ်ရီကိန်းဟာ ကမ္ဘာ့အဆင့်မီတဲ့တစ်ဦးတည်းသော





အင်္ဂလန်ကစားသမားလို့ ဆောင်းနက်စ်ကဆိုခဲ့တာဖြစ်တယ်။
“အရင်က ငါတို့သူနဲ့ပက်သတ်လို့ထိတွေ့ခဲ့ဖူးပေမယ့် သူက ပုံစံမျိုးစုံနဲ့
ဂိုးသွင်းသူတစ်ယောက်ဖြစ်သလို တကယ့်ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။





သူက killer pass တွေဖန်တီးပေးနိုင်တယ်၊ အရာအားလုံးအတွက်လှည့်ပတ်နေတယ်၊
အရာအားလုံးကိုချိုးဖျက်တယ်၊ အရာတိုင်းကိုထိတွေ့တယ်၊ သူက ထိပ်တန်းလူတစ်ယောက်ပဲ။





ကျွန်တော့်အတွက်တော့ သူက အင်္ဂလန်ရဲ့တစ်ဦးတည်းသော ကမ္ဘာ့အဆင့်ကစားသမားပါ” လို့
ဆောင်းနက်စ်က ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဆောင်းနက်စ်ရဲ့
အမြင်ကဆိုးရွားလွန်းလှပြီး လက်ရှိမှာထူးထူးခြားခြားတွေလုပ်ပြနေတဲ့





ရက်ရှ်ဖို့ဒ်နဲ့ပက်သတ်လို့ထောက်ပြပြောဆိုခဲ့ကြပါတယ်။ “ငါကတော့ ရက်ရှ်ဖို့ဒ်ကို
ကျေးဇူးတင်နေတုန်းပါ။ တကယ်လို့ ရက်ရှ်ဖို့ဒ်သာ ပြင်သစ်နဲ့ပွဲမှာ နံပါတ် ၉ နေရာ





ကစားရင်ငါတို့ကမ္ဘာ့ချန်ပီယံဖြစ်မှာပါ” လို့ ပရိသတ်တစ်ယောက်က တုံ့ပြန်ခဲ့သလို
ဒုတိယတစ်ယောက်က “စည်းလုံးခြင်းကိုမုန်းတီးတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က
သူတို့နဲ့စကားပြောဆိုမှာသေချာပေါက်ပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။





နောက်ဆုံးတစ်ယောက်ကတော့ “ရက်ရှ်ဖို့ဒ်နဲ့ ဆာကာတို့ကိုတော့စကားစမြည်ပြောရပါမယ်” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
zawgyi





အဂၤလန္ၾကယ္ပြင့္ေတြထဲမွာ ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္ပဲရွိတယ္လို႔ဆိုခဲ့တဲ့ ေဆာင္းနက္စ္ကို ရက္ရွ္ဖို႔ဒ္ဘယ္နားသြားထားရမလဲလို႔ ပရိသတ္ေတြတုံ႔ျပန္
နာမည္ေက်ာ္နည္းျပေဟာင္းတစ္ေယာက္ျဖစ္သလို လက္ရွိမွာ Sky Sports
႐ုပ္သံတင္ဆက္သူအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ ဂေရမီေဆာင္းနက္စ္က





လက္ရွိအဂၤလန္ၾကယ္ပြင့္ေတြထဲမွာ ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္ပဲရွိတယ္လို႔
ဖြင့္ဟလိုက္ပါတယ္။ ထူးဆန္းတာကေတာ့ လီဗာပူးဂႏၲဝင္ကြင္းလယ္လူေဟာင္းဟာ





ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ဟယ္ရီကိန္းကို
အေတာ္ေလးေဝဖန္ခဲ့ၿပီးမွ အခုလိုျပန္ခ်ီးက်ဴးတာက အံ့အားသင့္စရာပါပဲ။
၂၀၁၈ ကမာၻ႔ဖလားေ႐ႊဖိနပ္ဆုရွင္နဲ႔ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕





ထာဝရဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့ ဟယ္ရီကိန္းဟာ ကမာၻ႔အဆင့္မီတဲ့တစ္ဦးတည္းေသာ
အဂၤလန္ကစားသမားလို႔ ေဆာင္းနက္စ္ကဆိုခဲ့တာျဖစ္တယ္။





“အရင္က ငါတို႔သူနဲ႔ပက္သတ္လို႔ထိေတြ႕ခဲ့ဖူးေပမယ့္ သူက ပုံစံမ်ိဳးစုံနဲ႔
ဂိုးသြင္းသူတစ္ေယာက္ျဖစ္သလို တကယ့္ေဘာလုံးသမားတစ္ေယာက္ျဖစ္ပါတယ္။
သူက killer pass ေတြဖန္တီးေပးႏိုင္တယ္၊ အရာအားလုံးအတြက္လွည့္ပတ္ေနတယ္၊





အရာအားလုံးကိုခ်ိဳးဖ်က္တယ္၊ အရာတိုင္းကိုထိေတြ႕တယ္၊ သူက ထိပ္တန္းလူတစ္ေယာက္ပဲ။
ကြၽန္ေတာ့္အတြက္ေတာ့ သူက အဂၤလန္ရဲ႕တစ္ဦးတည္းေသာ ကမာၻ႔အဆင့္ကစားသမားပါ” လို႔





ေဆာင္းနက္စ္က ခ်ီးက်ဴးခဲ့ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ ေဆာင္းနက္စ္ရဲ႕
အျမင္ကဆိုး႐ြားလြန္းလွၿပီး လက္ရွိမွာထူးထူးျခားျခားေတြလုပ္ျပေနတဲ့
ရက္ရွ္ဖို႔ဒ္နဲ႔ပက္သတ္လို႔ေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။ “ငါကေတာ့ ရက္ရွ္ဖို႔ဒ္ကို





ေက်းဇူးတင္ေနတုန္းပါ။ တကယ္လို႔ ရက္ရွ္ဖို႔ဒ္သာ ျပင္သစ္နဲ႔ပြဲမွာ နံပါတ္ ၉ ေနရာ
ကစားရင္ငါတို႔ကမာၻ႔ခ်န္ပီယံျဖစ္မွာပါ” လို႔ ပရိသတ္တစ္ေယာက္က တုံ႔ျပန္ခဲ့သလို





ဒုတိယတစ္ေယာက္က “စည္းလုံးျခင္းကိုမုန္းတီးတယ္။ ဒါေပမဲ့ ရက္ရွ္ဖို႔ဒ္က
သူတို႔နဲ႔စကားေျပာဆိုမွာေသခ်ာေပါက္ပါပဲ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
ေနာက္ဆုံးတစ္ေယာက္ကေတာ့ “ရက္ရွ္ဖို႔ဒ္နဲ႔ ဆာကာတို႔ကိုေတာ့စကားစျမည္ေျပာရပါမယ္” လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။




