
ပီအက်စ်ဂျီကွင်းလယ်လူဟာရဲရားဟာ အန်ဒွန်ဘီလီပါဝင်မယ့်အပြောင်းအရွှေ့မှာ
အလဲအထပ်အနေနဲ့ စပါးကို ပြောင်းဖို့ ငြင်းဆန်လိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူဟာ ပီအက်စ်ဂျီဟာ ပျော်ရွှင်နေပြီး
အင်္ဂလန်ကိုပြန်လာရမယ်ဆို မန်ယူအတွက် ပြန်ကစားပေးတာပဲ ဖြစ်မှာပါ။
စပါးအသင်းဟာ ဒီရာသီ မြောက်လန်ဒန်မှာ နေရာမရဖြစ်နေတဲ့
အန်ဒွန်ဘီလီကို အငှားချဖို့အတွက် ပီအက်စ်ဂျီနဲ့
ဆွေးနွေးမှုတွေလုပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့မှာကစားခဲ့တဲ့ မိုကမ်ဘီနဲ့အက်ဖ်အေဖလားပွဲမှာ
အသင်းပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရတဲ့
အဲဒီပြင်သစ်ကွင်းလယ်လူဟာ ကွန်တီရဲ့နောက်ထပ် ၃ ပွဲမှာ
လူစာရင်းထဲ မပါဝင်ခဲ့တာကြောင့် ဒီလထဲမှာပဲ ထွက်ခွာတော့မယ့်ပုံရှိပါတယ်။
သူဟာ ပီအက်စ်ဂျီကို အငှားရောက်ဖို့ များနေပေမယ့် အဲဒီအပြောင်းအရွှေ့မှာ
ဟာရဲရာပါဝင်ဖို့ စပါးရဲ့ကြိုးပမ်းမှုဟာ ကျရှုံးခဲ့တယ်လို့
အင်္ဂလန်က သတင်းတစ်ခုက ဆိုပါတယ်။
စပါးဟာ မန်ယူမှာ ၅ နှစ်ကြာကစားခဲ့တဲ့ ဟာရဲရားကို ခေါ်ယူလိုနေပြီး
အဲဒီစပိန်သားဟာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာတာ ၃၁ လသာ ရှိပါသေးတယ်။
ဒါပေမဲ့ ကွန်တီနဲ့သူ့အဖွဲ့သားတွေအတွက် ကံဆိုးတာက ၃၂ နှစ်အရွယ်
အဲဒီကွင်းလယ်လူဟာ ပီအက်စ်ဂျီမှာ ပျော်ရွှင်နေပုံရပြီး
သူဟာ ဒီရာသီ ပိုချက်တီနိုလက်ထက် ၂၅ ပွဲကစားထားရတာပါ။
ဟာရဲရားဟာ မန်ယူကစားသမားဘ၀ ၁၈၉ ပွဲကစားပေးခဲ့ပြီး
ဂိုး ၂၀ သွင်းယူခဲ့ကာ အက်ဖ်အေဖလား၊ ကာရာဘောင်းနဲ့
ယူရိုပါလိဂ်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၉ ဇူလိုင်မှာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ပြီး
အဲဒီကနေ ပီအက်စ်ဂျီကို အလွတ်ထွက်ခွာခဲ့ကာ
ပြင်သစ်က သူ့ရဲ့ပထမဆုံးရာသီမှာ လီဂူးချန်ပီယံဆုရရှိခဲ့တာပါ။
ဟာရဲရားဟာ အဲဒီနှစ်မှာပဲ ချန်ပီယံလိဂ်အောင်မြင်မှုရတော့မလိုဖြစ်ခဲ့ပေမယ့်
သူ့အသင်းဟာ ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို ၁-၀ နဲ့ ကပ်ရှုံးခဲ့ပါတယ်။
zawgyi
အဂၤလန္ကိုျပန္လာရမယ္ဆို မန္ယူအတြက္ပဲ ျပန္ကစားေပးခ်င္တဲ့ ဟာရဲရား
ပီအက္စ္ဂ်ီကြင္းလယ္လူဟာရဲရားဟာ အန္ဒြန္ဘီလီပါဝင္မယ့္အေျပာင္းအေ႐ႊ႕မွာ
အလဲအထပ္အေနနဲ႔ စပါးကို ေျပာင္းဖို႔ ျငင္းဆန္လိုက္ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ပီအက္စ္ဂ်ီဟာ ေပ်ာ္႐ႊင္ေနၿပီး
အဂၤလန္ကိုျပန္လာရမယ္ဆို မန္ယူအတြက္ ျပန္ကစားေပးတာပဲ ျဖစ္မွာပါ။
စပါးအသင္းဟာ ဒီရာသီ ေျမာက္လန္ဒန္မွာ ေနရာမရျဖစ္ေနတဲ့
အန္ဒြန္ဘီလီကို အငွားခ်ဖို႔အတြက္ ပီအက္စ္ဂ်ီနဲ႔
ေဆြးေႏြးမႈေတြလုပ္ေနတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီ ၉ ရက္ေန႔မွာကစားခဲ့တဲ့ မိုကမ္ဘီနဲ႔အက္ဖ္ေအဖလားပြဲမွာ
အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရတဲ့
အဲဒီျပင္သစ္ကြင္းလယ္လူဟာ ကြန္တီရဲ႕ေနာက္ထပ္ ၃ ပြဲမွာ
လူစာရင္းထဲ မပါဝင္ခဲ့တာေၾကာင့္ ဒီလထဲမွာပဲ ထြက္ခြာေတာ့မယ့္ပုံရွိပါတယ္။
သူဟာ ပီအက္စ္ဂ်ီကို အငွားေရာက္ဖို႔ မ်ားေနေပမယ့္ အဲဒီအေျပာင္းအေ႐ႊ႕မွာ
ဟာရဲရာပါဝင္ဖို႔ စပါးရဲ႕ႀကိဳးပမ္းမႈဟာ က်ရႈံးခဲ့တယ္လို႔
အဂၤလန္က သတင္းတစ္ခုက ဆိုပါတယ္။
စပါးဟာ မန္ယူမွာ ၅ ႏွစ္ၾကာကစားခဲ့တဲ့ ဟာရဲရားကို ေခၚယူလိုေနၿပီး
အဲဒီစပိန္သားဟာ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာတာ ၃၁ လသာ ရွိပါေသးတယ္။
ဒါေပမဲ့ ကြန္တီနဲ႔သူ႔အဖြဲ႕သားေတြအတြက္ ကံဆိုးတာက ၃၂ ႏွစ္အ႐ြယ္
အဲဒီကြင္းလယ္လူဟာ ပီအက္စ္ဂ်ီမွာ ေပ်ာ္႐ႊင္ေနပုံရၿပီး
သူဟာ ဒီရာသီ ပိုခ်က္တီႏိုလက္ထက္ ၂၅ ပြဲကစားထားရတာပါ။
ဟာရဲရားဟာ မန္ယူကစားသမားဘ၀ ၁၈၉ ပြဲကစားေပးခဲ့ၿပီး
ဂိုး ၂၀ သြင္းယူခဲ့ကာ အက္ဖ္ေအဖလား၊ ကာရာေဘာင္းနဲ႔
ယူ႐ိုပါလိဂ္ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။
သူဟာ ၂၀၁၉ ဇူလိုင္မွာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ၿပီး
အဲဒီကေန ပီအက္စ္ဂ်ီကို အလြတ္ထြက္ခြာခဲ့ကာ
ျပင္သစ္က သူ႔ရဲ႕ပထမဆုံးရာသီမွာ လီဂူးခ်န္ပီယံဆုရရွိခဲ့တာပါ။
ဟာရဲရားဟာ အဲဒီႏွစ္မွာပဲ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရေတာ့မလိုျဖစ္ခဲ့ေပမယ့္
သူ႔အသင္းဟာ ဗိုလ္လုပြဲမွာ ဘိုင္ယန္ကို ၁-၀ နဲ႔ ကပ္ရႈံးခဲ့ပါတယ္။