အင်္ဂလန်ကလွဲလို့ ကမ္ဘာကြီးရဲ့ဘယ်နေရာကိုသွားသွားရတယ်ဆိုတဲ့ ဒီမာရီယာရဲ့ဇနီး ကာဒိုဆို

အာဂျင်တီးနား တောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာနဲ့ ဇနီးသည်ဖြစ်သူ ဂျော်ဂျီလီနာ ကာဒိုဆိုတို့ဟာ မန်ချက်စတာမှာရှိစဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရပုံတွေအတွက် ပြောဆိုထားဖူးတဲ့အကြောင်းကို ဒီသီတင်းပတ်မှာတော့ SPORTbible သတင်းဝက်ဘ်ဆိုက်က ပြန်လည် ဖော်ပြခဲ့ပါတယ်။

ဒီမာရီယာဟာ ရီးရဲလ်ကနေပြီး မန်ယူကို ၂၀၁၄ ခုနှစ်မှာ ဗြိတိန်ကစားသမား စံချိန်တင် အဝယ်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၅ နှစ်ချုပ်ဆိုခဲ့ပြီး စီရော်နယ်ဒို၊ ဂျော့ဘက်စ်၊ အဲရစ်ကန်တိုနာနဲ့ ဒေးဗစ်ဘက်ဟမ်းတို့ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၇ ဂျာစီကို ဒီမာရီယာ ဝတ်ဆင်ခွင့်ရခဲ့တယ်။

အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲမှာ အကောင်ဆုံး ကစားသမားဆုကိုရခဲ့တဲ့အပြင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားနဲ့အတူ ထိပ်တန်း ခြေစွမ်းပြခဲ့တာကြောင့် သရဲနီတွေဟာ အဲဒီအချိန်တုန်းက ဒီမာရီယာအပေါ် မျှော်လင့်ချက်ကြီးမားခဲ့တယ်။ ဒါပေမဲ့ ဒီမာရီယာဟာ မန်ယူနဲ့ အလုပ်မဖြစ်ခဲ့သူပါ။

နည်းပြဗန်ဟားလ်လက်ထက် ၁၁ လကြာ ကစားပြီးတဲ့နောက် ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ သွားခဲ့ရသူဖြစ်ပါတယ်။ ဟုတ်ပြီ။ ဒါဆိုရင် ဘာများ မှားလို့လဲ။ ဒီမာရီယာက အခုလို ပြောပါတယ်။ ‘’ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ အစပိုင်းတော့ ကျွန်တော်တို့ နည်းနည်းပါးပါးပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပိုပြီး ရှုပ်ထွေးလာတယ်။

အင်္ဂလန်မှာ ကျင်လည်ရတဲ့ဘဝက နည်းနည်း ခက်ခဲခဲ့ ပါတယ်။ တောင်အမေရိကသားတစ်ယောက်အတွက် မလွယ်ကူပါဘူး။ တချို့ လူတွေ အရမ်းကောင်းကြပါတယ်။ ဒါပေမဲ့ တချို့သောသူတွေကတော့ ပေါင်းဖို့ သင်းဖို့ခက်လိုက်တာ။ နည်းပြနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ပီအက်စ်ဂျီကို ပြောင်းတာပဲ အကောင်းဆုံးဖြေရှင်းနည်း ဖြစ် လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ’’ လို့ ဒီမာရီယာက

၂၀၁၅ ခုနှစ်မှာ ပြောဆိုခဲ့တာကို SPORTbible က ပြန်လည် ဖော်ပြခဲ့ပါတယ်။ ဒီမာရီယာရဲ့ ဇနီး သည်ဖြစ်သူ ကာဒိုဆိုကလည်း ‘’တစ်နေ့တော့ ဒီမာရီယာက ကျွန်မကို လာ ပြောတယ်။ မန်ယူရဲ့ ကမ်းလှမ်းမှုကို ကြည့်ပါဦးတဲ့။ ကျွန်မ မသွားချင်ခဲ့ပါဘူး။ ရှင့်ဘာသာရှင် တစ်ယောက်တည်းသွားလို့ ပြောလိုက်တယ်။ အတူတူသွား ကြရအောင်တဲ့ သူကလေ။

ပိုက်ဆံတွေက အများကြီးရမှာကွ။ စပိန်က ကမ်းလှမ်းတာထက် အများကြီး ပိုတယ်တဲ့။ ဒါကြောင့် ကျွန်မတို့ ပြောင်းလာခဲ့တာပါ။ ကျွန်မတို့ဟာ အဂူရိုရဲ့ မိန်းမဖြစ်တဲ့ ဂျီဂျီယန်နာ မာရာဒိုနာ (ဒီယေဂိုမာရာဒိုနာ၏ သမီး)နဲ့ မိတ်ဆွေတွေပါ။ မန်ချက်စတာကို အပန်းဖြေအားလပ်ရက်အဖြစ် တစ်နှစ်သွားနေခဲ့တာပါ။

တကယ့်ကို တုန်လှုပ်စရာပါပဲ။ အိမ်ပြန်လာပြီးတဲ့နောက် ကျွန်မ သူ့ကို ပြောလိုက်တယ်။ ရှင် အသင်းပြောင်းချင်ရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲဖြစ်ဖြစ် သေချာလုပ်ပါ။ ဒါပေမဲ့ အင်္ဂလန်တော့ မပါစေနဲ့လို့ ပြောလိုက်တယ်’’ လို့ ပြောဆိုခဲ့တဲ့အကြောင်းကို SPORTbible က ပြန် လည်ဖွင့်ချခဲ့ပါတယ်။

(zawgyi)

အာဂ်င္တီးနား ေတာင္ပံကစားသမား အိန္ဂ်ယ္ဒီမာရီယာနဲ႔ ဇနီးသည္ျဖစ္သူ ေဂ်ာ္ဂ်ီလီနာ ကာဒိုဆိုတို႔ဟာ မန္ခ်က္စတာမွာရွိစဥ္တုန္းက ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြနဲ႔ ႐ုန္းကန္ခဲ့ရပုံေတြအတြက္ ေျပာဆိုထားဖူးတဲ့အေၾကာင္းကို ဒီသီတင္းပတ္မွာေတာ့ SPORTbible သတင္းဝက္ဘ္ဆိုက္က ျပန္လည္ ေဖာ္ျပခဲ့ပါတယ္။

ဒီမာရီယာဟာ ရီးရဲလ္ကေနၿပီး မန္ယူကို ၂၀၁၄ ခုႏွစ္မွာ ၿဗိတိန္ကစားသမား စံခ်ိန္တင္ အဝယ္ေဈး ေပါင္ ၅၉ ဒသမ ၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္နဲ႔ စာခ်ဳပ္သက္တမ္း ၅ ႏွစ္ခ်ဳပ္ဆိုခဲ့ၿပီး စီေရာ္နယ္ဒို၊ ေဂ်ာ့ဘက္စ္၊ အဲရစ္ကန္တိုနာနဲ႔ ေဒးဗစ္ဘက္ဟမ္းတို႔ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ဒီမာရီယာ ဝတ္ဆင္ခြင့္ရခဲ့တယ္။

အက္သလက္တီကိုနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလားဗိုလ္လုပြဲမွာ အေကာင္ဆုံး ကစားသမားဆုကိုရခဲ့တဲ့အျပင္ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အာဂ်င္တီးနားနဲ႔အတူ ထိပ္တန္း ေျခစြမ္းျပခဲ့တာေၾကာင့္ သရဲနီေတြဟာ အဲဒီအခ်ိန္တုန္းက ဒီမာရီယာအေပၚ ေမွ်ာ္လင့္ခ်က္ႀကီးမားခဲ့တယ္။ ဒါေပမဲ့ ဒီမာရီယာဟာ မန္ယူနဲ႔ အလုပ္မျဖစ္ခဲ့သူပါ။

နည္းျပဗန္ဟားလ္လက္ထက္ ၁၁ လၾကာ ကစားၿပီးတဲ့ေနာက္ ဒီမာရီယာဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ သြားခဲ့ရသူျဖစ္ပါတယ္။ ဟုတ္ၿပီ။ ဒါဆိုရင္ ဘာမ်ား မွားလို႔လဲ။ ဒီမာရီယာက အခုလို ေျပာပါတယ္။ ‘’႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္တို႔ မေပ်ာ္ခဲ့ပါဘူး။ အစပိုင္းေတာ့ ကြၽန္ေတာ္တို႔ နည္းနည္းပါးပါးပါ။

ဒါေပမဲ့ ေနာက္ပိုင္းမွာ ပိုၿပီး ရႈပ္ေထြးလာတယ္။ အဂၤလန္မွာ က်င္လည္ရတဲ့ဘဝက နည္းနည္း ခက္ခဲခဲ့ ပါတယ္။ ေတာင္အေမရိကသားတစ္ေယာက္အတြက္ မလြယ္ကူပါဘူး။ တခ်ိဳ႕ လူေတြ အရမ္းေကာင္းၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ေသာသူေတြကေတာ့ ေပါင္းဖို႔ သင္းဖို႔ခက္လိုက္တာ။ နည္းျပနဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳး မရွိခဲ့ပါဘူး။

ဒါေၾကာင့္ ပီအက္စ္ဂ်ီကို ေျပာင္းတာပဲ အေကာင္းဆုံးေျဖရွင္းနည္း ျဖစ္ လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့တာပါ’’ လို႔ ဒီမာရီယာက ၂၀၁၅ ခုႏွစ္မွာ ေျပာဆိုခဲ့တာကို SPORTbible က ျပန္လည္ ေဖာ္ျပခဲ့ပါတယ္။ ဒီမာရီယာရဲ႕ ဇနီး သည္ျဖစ္သူ ကာဒိုဆိုကလည္း ‘’တစ္ေန႔ေတာ့ ဒီမာရီယာက ကြၽန္မကို လာ ေျပာတယ္။

မန္ယူရဲ႕ ကမ္းလွမ္းမႈကို ၾကည့္ပါဦးတဲ့။ ကြၽန္မ မသြားခ်င္ခဲ့ပါဘူး။ ရွင့္ဘာသာရွင္ တစ္ေယာက္တည္းသြားလို႔ ေျပာလိုက္တယ္။ အတူတူသြား ၾကရေအာင္တဲ့ သူကေလ။ ပိုက္ဆံေတြက အမ်ားႀကီးရမွာကြ။ စပိန္က ကမ္းလွမ္းတာထက္ အမ်ားႀကီး ပိုတယ္တဲ့။ ဒါေၾကာင့္ ကြၽန္မတို႔ ေျပာင္းလာခဲ့တာပါ။

ကြၽန္မတို႔ဟာ အဂူ႐ိုရဲ႕ မိန္းမျဖစ္တဲ့ ဂ်ီဂ်ီယန္နာ မာရာဒိုနာ (ဒီေယဂိုမာရာဒိုနာ၏ သမီး)နဲ႔ မိတ္ေဆြေတြပါ။ မန္ခ်က္စတာကို အပန္းေျဖအားလပ္ရက္အျဖစ္ တစ္ႏွစ္သြားေနခဲ့တာပါ။ တကယ့္ကို တုန္လႈပ္စရာပါပဲ။ အိမ္ျပန္လာၿပီးတဲ့ေနာက္ ကြၽန္မ သူ႔ကို ေျပာလိုက္တယ္။ ရွင္ အသင္းေျပာင္းခ်င္ရင္ ကမာၻႀကီးရဲ႕ ဘယ္ေနရာပဲျဖစ္ျဖစ္ ေသခ်ာလုပ္ပါ။ ဒါေပမဲ့ အဂၤလန္ေတာ့ မပါေစနဲ႔လို႔ ေျပာလိုက္တယ္’’ လို႔ ေျပာဆိုခဲ့တဲ့အေၾကာင္းကို SPORTbible က ျပန္ လည္ဖြင့္ခ်ခဲ့ပါတယ္။