အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်ဖို့ တော်တော်လေး နီးစပ်နေတဲ့ မက်ဆီ

အာဂျင်တီးနားကြယ်ပွင့် မက်ဆီဟာ ရာသီကုန်မှာ ဥရောပဘောလုံးကိုစွန့်ခွာပြီး အမေရိကကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်ကြောင်း The Times သတင်းစာကဖော်ပြလိုက်ပါတယ်။

အင်္ဂလန်နာမည်ကျော် ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်

မက်ဆီကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အင်တာမိုင်ယာမီအသင်း အနေနဲ့ မက်ဆီကို မေဂျာလိဂ်သမိုင်းကြောင်းတစ်လျှောက် အမြင့်ဆုံးလစာငွေတစ်ရပ်နဲ့ ခေါ်ယူသွားရဖို့ရှိနေတာပါ။

မေဂျာလိဂ်ကလပ်ဟာ မက်ဆီအပြင် သူ့ရဲ့ဘာစီလိုနာ ကစားဖော်ဟောင်းတွေဖြစ်တဲ့ ဖာဘရီဂက်စ်နဲ့ ဆွာရက်ဇ်တို့ကိုပါခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ The Times ကဖော်ပြလိုက်ပါတယ်။

အင်တာမိုင်ယာမီအသင်းတွဲဖက်ပိုင်ရှင် ဂျော့မက်စ်ဟာ ထာဝရအကောင်းဆုံးကစားသမားထဲကတစ်ဦးကိုခေါ်ယူမယ့်ကိစ္စအတွက်လျှို့ဝှက်ထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း Sport Central နဲ့တွေ့ဆုံမှုမှာ

ဂျော့မက်စ်က “ကျွန်တော်တို့ဖန်တီးနေတဲ့ ပရောဂျက်တင်မကပါဘူး၊ ဒေးဗစ်ဘက်ဟမ်းနဲ့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို မိုင်ယာမီဆီခေါ်ယူဖို့ဆန္ဒရှိကြပါတယ်။ ကျွန်တော်တို့ဟာ

အမေရိကန်ဘောလုံးလောကအတွက်ရည်ညွှန်းလိုပေမဲ့ ကမ္ဘာ့အကောင်းဆုံးအကြောင်းပြောတဲ့အခါမှာတော့ လီယိုဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်ဆိုတာသိသာထင်ရှားပါတယ်။ သူ့ဘက်က

အင်တာမိုင်ယာမီအသင်းဂျာစီကိုဝတ်ဆင်ကစားဖို့အတွက် အခြေအနေတွေပြည့်မီလိမ့်မယ်လိူ့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဘက်က ဒါကိုလိုလားသလို အခြေအနေပေးမယ်လို့ထင်ပါတယ်။

အာမခံချက်နဲ့ သဘောတူညီချက်တော့မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ကအရမ်းကိုအကောင်းမြင်တတ်သူပါ။ အနာဂါတ်မှာ လီယိုမက်ဆီက ကျွန်တော်တို့ပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမယ်လို့မျှော်လင့်ပါတယ်” လို့

ဖွင့်ဟထားတာဖြစ်တယ်။

(Zawgyi)

အင္တာမိုင္ယာမီအသင္းနဲ႔ စာခ်ဳပ္ဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနတဲ့ မက္ဆီ

အာဂ်င္တီးနားၾကယ္ပြင့္ မက္ဆီဟာ ရာသီကုန္မွာဥေရာပေဘာလုံးကိုစြန႔္ခြာၿပီး အေမရိကကိုေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီျဖစ္ေၾကာင္း The Times သတင္းစာကေဖာ္ျပလိုက္ပါတယ္။

အဂၤလန္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း ေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းဟာ လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ မက္ဆီကိုေခၚယူႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။

အင္တာမိုင္ယာမီအသင္းအေနနဲ႔ မက္ဆီကို ေမဂ်ာလိဂ္သမိုင္းေၾကာင္းတစ္ေလွ်ာက္အျမင့္ဆုံးလစာေငြတစ္ရပ္နဲ႔ေခၚယူသြားရဖို႔ရွိေနတာပါ။ ေမဂ်ာလိဂ္ကလပ္ဟာ မက္ဆီအျပင္

သူ႔ရဲ႕ဘာစီလိုနာကစားေဖာ္ေဟာင္းေတြျဖစ္တဲ့ ဖာဘရီဂက္စ္နဲ႔ ဆြာရက္ဇ္တို႔ကိုပါေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ The Times ကေဖာ္ျပလိုက္ပါတယ္။

အင္တာမိုင္ယာမီအသင္းတြဲဖက္ပိုင္ရွင္ ေဂ်ာ့မက္စ္ဟာ ထာဝရအေကာင္းဆုံးကစားသမားထဲကတစ္ဦးကိုေခၚယူမယ့္ကိစၥအတြက္လွ်ိဳ႕ဝွက္ထားျခင္းမရွိပါဘူး။ ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္း Sport Central နဲ႔ေတြ႕ဆုံမႈမွာ

ေဂ်ာ့မက္စ္က “ကြၽန္ေတာ္တို႔ဖန္တီးေနတဲ့ ပေရာဂ်က္တင္မကပါဘူး၊ ေဒးဗစ္ဘက္ဟမ္းနဲ႔ ကြၽန္ေတာ္က ကမာၻ႔အေကာင္းဆုံးကစားသမားေတြကို မိုင္ယာမီဆီေခၚယူဖို႔ဆႏၵရွိၾကပါတယ္။

ကြၽန္ေတာ္တို႔ဟာ အေမရိကန္ေဘာလုံးေလာကအတြက္ရည္ၫႊန္းလိုေပမဲ့ ကမာၻ႔အေကာင္းဆုံးအေၾကာင္းေျပာတဲ့အခါမွာေတာ့ လီယိုဟာ ကမာၻ႔အေကာင္းဆုံးျဖစ္တယ္ဆိုတာသိသာထင္ရွားပါတယ္။

သူ႔ဘက္က အင္တာမိုင္ယာမီအသင္းဂ်ာစီကိုဝတ္ဆင္ကစားဖို႔အတြက္ အေျခအေနေတြျပည့္မီလိမ့္မယ္လိူ႔ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ဘက္က ဒါကိုလိုလားသလို အေျခအေနေပးမယ္လို႔ထင္ပါတယ္။

အာမခံခ်က္နဲ႔ သေဘာတူညီခ်က္ေတာ့မရွိေသးဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ကအရမ္းကိုအေကာင္းျမင္တတ္သူပါ။ အနာဂါတ္မွာ လီယိုမက္ဆီက ကြၽန္ေတာ္တို႔ပေရာဂ်က္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္လာမယ္လို႔ေမွ်ာ္လင့္ပါတယ္” လို႔

ဖြင့္ဟထားတာျဖစ္တယ္။