အင်တာဗျူးမှာ စမတ်အကျဆုံးလို့ချီးကျူးနေချိန် ဂျော်ဂျင်ဟိုအသင်းပြောင်းသွားတာကိုသိပြီး ကူကူရယ်လာ ထိတ်လန့်ခဲ့

အီတလီကြယ်ပွင့်ဂျော်ဂျင်ဟို အာဆင်နယ်ပြောင်းသွားခဲ့တာက လူတိုင်းကို

အံ့အားသင့်စေခဲ့သလို deadline day မှာ အင်တာဗျူးလုပ်နေခဲ့တဲ့

အသင်းဖော်ကူကူရယ်လာအတွက်လည်း တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ချဲလ်ဆီးကွင်းလယ်လူကို ပေါင် ၁၂ သန်းနဲ့ခေါ်ယူပြီး

၁၈ လ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ ကူကူရယ်လာကတော့

အသင်းဖော်ရဲ့အပြောင်းအရွှေ့သတင်းတွေကို တနင်္လာနေ့မှာ

ဖတ်ခဲ့ရပေမဲ့ deadline day အင်တာဗျူးလုပ်နေချိန်အတွင်းမှာ

အီတလီသားက နောက်ထပ်လန်ဒန်ကလပ်အသင်းဆီကို

အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။ ကင်မရာရှေ့မှာတော့

ချဲလ်ဆီးအသင်းမှာ ဘယ်သူစမတ်အကျဆုံးကစားနိုင်သလဲလို့

မေးမြန်းနေခဲ့ပြီး ကူကူရယ်လာက “အသင်းလူစာရင်းမှာ

စမတ်အကျဆုံးကစားသမားက ဂျော်ဂျင်ဟိုပါ၊ ရာနှုန်းပြည့်

သေချာပါတယ်” လို့အမြန်ဆုံးအဖြေပေးခဲ့ပါတယ်။

အင်တာဗျူးလုပ်သူက ဂျော်ဂျင်ဟို အာဆင်နယ်ရောက်သွားပြီလို့

ပြောဖို့အတွက် အချိန်မမီခဲ့ပါဘူး။ နောက်တော့ အာဆင်နယ်ဂျာစီ

ဝတ်ထားတဲ့ ဂျော်ဂျင်ဟိုရဲ့အင်စတာဂရမ်ပုံရိပ်ကိုမြင်ခဲ့တဲ့နောက်

ကူကူရယ်လာက “မနေ့ကတော့ ဖတ်လိုက်ရတယ်၊

တကယ်ကိုမသိခဲ့ဘူး” လို့ တုန်လှုပ်ခြောက်ခြားတဲ့အမူအယာနဲ့

တုံ့ပြန်ခဲ့ပြီးမှ သူ့ရဲ့ရှေ့ပိုင်းကအဖြေအတွက် ပြန်ပြီးရယ်မောနေခဲ့ပါတယ်။

တကယ်တော့ လူတိုင်းဟာ အီတလီသားရဲ့အပြောင်းအရွှေ့ကို

ဖြစ်နိုင်ခြေစာရင်းသွင်းထားပေမဲ့ အေးဂျင့်ဖြစ်တဲ့

ဂျိုအာချင်ဆန်းတို့စ်နဲ့အတူ အာဆင်နယ်ဂျာစီဝတ်ထားတဲ့

ဂျော်ဂျင်ဟိုရဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပြီးမှသာ ယုံကြည်ခဲ့ကြတာဖြစ်တယ်။

zawgyi

အင္တာဗ်ဴးမွာ စမတ္အက်ဆုံးလို႔ခ်ီးက်ဴးေနခ်ိန္ ေဂ်ာ္ဂ်င္ဟိုအသင္းေျပာင္းသြားတာကိုသိၿပီး ကူကူရယ္လာ ထိတ္လန႔္ခဲ့

အီတလီၾကယ္ပြင့္ေဂ်ာ္ဂ်င္ဟို အာဆင္နယ္ေျပာင္းသြားခဲ့တာက လူတိုင္းကို

အံ့အားသင့္ေစခဲ့သလို deadline day မွာ အင္တာဗ်ဴးလုပ္ေနခဲ့တဲ့

အသင္းေဖာ္ကူကူရယ္လာအတြက္လည္း တုန္လႈပ္စရာျဖစ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ခ်ဲလ္ဆီးကြင္းလယ္လူကို ေပါင္ ၁၂ သန္းနဲ႔ေခၚယူၿပီး

၁၈ လ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။ ကူကူရယ္လာကေတာ့

အသင္းေဖာ္ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြကို တနလၤာေန႔မွာ

ဖတ္ခဲ့ရေပမဲ့ deadline day အင္တာဗ်ဴးလုပ္ေနခ်ိန္အတြင္းမွာ

အီတလီသားက ေနာက္ထပ္လန္ဒန္ကလပ္အသင္းဆီကို

အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ ကင္မရာေရွ႕မွာေတာ့

ခ်ဲလ္ဆီးအသင္းမွာ ဘယ္သူစမတ္အက်ဆုံးကစားႏိုင္သလဲလို႔

ေမးျမန္းေနခဲ့ၿပီး ကူကူရယ္လာက “အသင္းလူစာရင္းမွာ

စမတ္အက်ဆုံးကစားသမားက ေဂ်ာ္ဂ်င္ဟိုပါ၊ ရာႏႈန္းျပည့္

ေသခ်ာပါတယ္” လို႔အျမန္ဆုံးအေျဖေပးခဲ့ပါတယ္။

အင္တာဗ်ဴးလုပ္သူက ေဂ်ာ္ဂ်င္ဟို အာဆင္နယ္ေရာက္သြားၿပီလို႔

ေျပာဖို႔အတြက္ အခ်ိန္မမီခဲ့ပါဘူး။ ေနာက္ေတာ့ အာဆင္နယ္ဂ်ာစီ

ဝတ္ထားတဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕အင္စတာဂရမ္ပုံရိပ္ကိုျမင္ခဲ့တဲ့ေနာက္

ကူကူရယ္လာက “မေန႔ကေတာ့ ဖတ္လိုက္ရတယ္၊

တကယ္ကိုမသိခဲ့ဘူး” လို႔ တုန္လႈပ္ေျခာက္ျခားတဲ့အမူအယာနဲ႔

တုံ႔ျပန္ခဲ့ၿပီးမွ သူ႔ရဲ႕ေရွ႕ပိုင္းကအေျဖအတြက္ ျပန္ၿပီးရယ္ေမာေနခဲ့ပါတယ္။

တကယ္ေတာ့ လူတိုင္းဟာ အီတလီသားရဲ႕အေျပာင္းအေ႐ႊ႕ကို

ျဖစ္ႏိုင္ေျခစာရင္းသြင္းထားေပမဲ့ ေအးဂ်င့္ျဖစ္တဲ့

ဂ်ိဳအာခ်င္ဆန္းတို႔စ္နဲ႔အတူ အာဆင္နယ္ဂ်ာစီဝတ္ထားတဲ့

ေဂ်ာ္ဂ်င္ဟိုရဲ႕ပုံရိပ္ေတြထြက္ေပၚလာခဲ့ၿပီးမွသာ ယုံၾကည္ခဲ့ၾကတာျဖစ္တယ္။