အင်တာနဲ့ရော စပါးနဲ့ပါ ချိတ်ဆက်နေတဲ့ လူကာကူ

ချယ်လ်ဆီးအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်လာတဲ့ တိုက်စစ်မှူး လူကာကူ ကတော့

သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ချင်နေပေမယ့်

တကယ်လို့သာ အင်တာမီလန်ဆီ ပြောင်းရွှေ့မယ့် ကိစ္စ အဆင်မပြေခဲ့ရင်

ဆရာဟောင်း ကွန်တီ ရှိရာ စပါးအသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အင်တာကနေ ပေါင်သန်း ၁၀၀ နဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူက

တူချယ်လ်ရဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောဆိုခဲ့သလို

အသင်းကနေပြန်ထွက်သွားချင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

တူချယ်လ်ကလည်း အဲဒီအပေါ်ဒေါသထွက်ခဲ့ပြီး လက်ရှိအနေအထားမှာတော့

ဗလကြီးကို လူစာရင်းကနေချန်လှပ်ထား ပါတယ်။

ဒါကြောင့် လူကာကူက အခုဆိုရင် အသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး

လီဗာပူးနဲ့ပွဲမှာဆိုရင် အသင်းလူစာရင်းကနေတောင် ချန်လှပ်ခံနေရပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ လူကာကူနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြားမှာ

အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပြီး လူကာကူဟာ အသင်းကနေ ဖြစ်နိုင်သမျှ

မြန်မြန် ထွက်ခွာဖို့ ဆုံးဖြတ်ထားကာ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဆီ

ပြန်လည် ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေသလို ဆရာဟောင်း ကွန်တီနဲ့လည်း

ဆက်သွယ်ကာ စပါးအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စီစဉ်နေကြောင်း

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Metro သတင်းဌာန အပါအဝင်

သတင်းဌာန အများစုက ဖော်ပြထားကြပါတယ်။

တစ်ဖက်မှာတော့ စပါးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်လွှတ်ရဖို့ ရှိနေတာကြောင့်

ကွန်တီရဲ့ လက်အောက်မှာ ဆိုရင် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်တဲ့

ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့

မျက်စိကျနေပြီး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်

ပေးချေကာ ခေါ်ယူနိုင်ကြောင်းလည်း စပါးအသင်းနဲ့ နီးစပ်တဲ့

Football London သတင်းဌာနက ဆိုပါတယ်။

zawgyi

အင္တာနဲ႔ေရာ စပါးနဲ႔ပါ ခ်ိတ္ဆက္ေနတဲ့ လူကာကူ

ခ်ယ္လ္ဆီးအသင္းနဲ႔ အနာဂတ္ မေရမရာ ျဖစ္လာတဲ့ တိုက္စစ္မႉး လူကာကူ ကေတာ့

သူ႔ရဲ႕ အသင္းေဟာင္း အင္တာမီလန္ဆီ ျပန္လည္ ေျပာင္းေ႐ႊ႕ခ်င္ေနေပမယ့္

တကယ္လို႔သာ အင္တာမီလန္ဆီ ေျပာင္းေ႐ႊ႕မယ့္ ကိစၥ အဆင္မေျပခဲ့ရင္

ဆရာေဟာင္း ကြန္တီ ရွိရာ စပါးအသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း

လန္ဒန္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။

အင္တာကေန ေပါင္သန္း ၁၀၀ နဲ႔ ခ်ယ္လ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ လူကာကူက

တူခ်ယ္လ္ရဲ႕ နည္းစနစ္ေတြနဲ႔ပတ္သက္ၿပီး လူသိရွင္ၾကားေျပာဆိုခဲ့သလို

အသင္းကေနျပန္ထြက္သြားခ်င္တယ္လို႔လည္း ေျပာဆိုခဲ့တာပါ။

တူခ်ယ္လ္ကလည္း အဲဒီအေပၚေဒါသထြက္ခဲ့ၿပီး လက္ရွိအေနအထားမွာေတာ့

ဗလႀကီးကို လူစာရင္းကေနခ်န္လွပ္ထား ပါတယ္။

ဒါေၾကာင့္ လူကာကူက အခုဆိုရင္ အသင္းမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရၿပီး

လီဗာပူးနဲ႔ပြဲမွာဆိုရင္ အသင္းလူစာရင္းကေနေတာင္ ခ်န္လွပ္ခံေနရၿပီျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူကာကူနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ၾကားမွာ

အက္ကြဲေၾကာင္းေတြ ျဖစ္ေပၚေနၿပီး လူကာကူဟာ အသင္းကေန ျဖစ္ႏိုင္သမွ်

ျမန္ျမန္ ထြက္ခြာဖို႔ ဆုံးျဖတ္ထားကာ သူ႔ရဲ႕ အသင္းေဟာင္း အင္တာမီလန္ဆီ

ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ လုပ္ေဆာင္ေနသလို ဆရာေဟာင္း ကြန္တီနဲ႔လည္း

ဆက္သြယ္ကာ စပါးအသင္းဆီ ေျပာင္းေ႐ႊ႕ ကစားဖို႔ စီစဥ္ေနေၾကာင္း

နာမည္ႀကီး သတင္းဌာန တစ္ခု ျဖစ္တဲ့ Metro သတင္းဌာန အပါအဝင္

သတင္းဌာန အမ်ားစုက ေဖာ္ျပထားၾကပါတယ္။

တစ္ဖက္မွာေတာ့ စပါးအသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းကို

လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္

ကြန္တီရဲ႕ လက္ေအာက္မွာ ဆိုရင္ အေကာင္းဆုံး ေျခစြမ္းေတြ ျပသႏိုင္တဲ့

ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ တိုက္စစ္မႉး လူကာကူကို ေခၚယူဖို႔

မ်က္စိက်ေနၿပီး လူကာကူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္း ဝန္းက်င္

ေပးေခ်ကာ ေခၚယူႏိုင္ေၾကာင္းလည္း စပါးအသင္းနဲ႔ နီးစပ္တဲ့

Football London သတင္းဌာနက ဆိုပါတယ္။