အင်တာနဲ့ပွဲမှာ ဗလာဟိုဗစ်ရဲ့ဒိုင်ဗင်ထိုးချက် ယခုနှစ်ရဲ့အဆိုးရွားဆုံးအဖြစ်တောင် စာရင်းဝင်သွား

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ယမန်နေ့ညက

အင်တာမီလန်ကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ၂၀၂၂ အတွင်း
အဆိုးရွားဆုံးဒိုင်ဗင်ထိုးချက် ပြသသွားခဲ့ပြီး ပရိသတ်တွေကလည်း
သိပ်ကိုရှက်စရာကောင်းတဲ့အပြုအမူအဖြစ် ဝေဖန်ပြစ်တင်နေကြပါတယ်။
အင်တာဟာ ၂၀၁၂ နောက်ပိုင်း ဂျူဗင်တပ်စ်ကို တူရင်မှာ
ပထမဆုံးနိုင်ပွဲအဖြစ် ဝ-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ

ပူးတွဲရပ်တည်နေတဲ့ အေစီမီလန်၊ နာပိုလီတို့နဲ့ ၃ မှတ်အကွာ ရောက်လာပါတယ်။
ဇန်နဝါရီလက ဖီအိုရင်တီးနားကနေ ပေါင် ၆၆သန်းနဲ့
ရောက်လာပြီးနောက် ဂျူဗင်တပ်စ်အတွက် ၁၁ပွဲမှာ ၅ဂိုး
သွင်းယူထားတဲ့ ဆားဘီးယားလက်ရွေးစင် ဗလာဟိုဗစ်ဟာ
ဒီပွဲမှာ အိမ်ရှင်အသင်းတိုက်စစ်ကို ဦးဆောင်လာခဲ့ပေမယ့်

နာမည်ကောင်းနဲ့ ပရိသတ်တွေရဲ့ရင်ထဲ မရောက်ဘဲ
ရှက်စရာကောင်းတဲ့ဖြစ်ရပ်နဲ့သာ ပရိသတ်တွေအမှတ်ရခဲ့ကြပါတယ်။
အင်တာမီလန်နောက်ခံလူ ဒီအမ်ဘရိုစီနီက ဗလာဟိုဗစ်ရဲ့မျက်နှာကို
သူ့လက်နဲ့ မတော်တဆထိမိခဲ့ပြီး ကစားသမားဖြစ်သူက
အဲဒီဖြစ်ရပ်အတွက် ခြေဟန်လက်ဟန်နဲ့ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဗလာဟိုဗစ်က ခဏတော့ ဘာမှမဖြစ်ဘဲ အဲဒီနောက်မှာမှ
မျက်နှာကို လက်နဲ့အုပ်ကာ မြက်ခင်းပေါ် ပစ်လှဲချလိုက်ပါတယ်။
တကယ့်ကိုရှက်စရာကောင်းတဲ့အပြုအမူဖြစ်ပြီး
VAR ရှိနေတာတောင်မှ ဗလာဟိုဗစ်က ဒီအမ်ဘရိုစီနီ
ထုတ်ပယ်ခံရစေဖို့ အော်စကာမင်းသား အရှုံးပေးရလောက်အောင်

ဟန်ဆောင်အမူပိုပြခဲ့တာဖြစ်ပါတယ်။
”သိပ်ကိုရှက်ဖို့ကောင်းတာပဲ”
”သူ အဆင်ပြေပါစေဖို့ ဆုတောင်းပေးနေပါတယ်”
”ဒီဖြစ်ရပ်ကို ကြည့်ပြီး အရယ်တောင် မရပ်တော့ဘူး”လို့
ပရိသတ်တွေက အသီးသီးဝေဖန်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ဗလာဟိုဗစ်တစ်ယောက်တည်း အော်စကာမင်းသား
ဖြစ်ခဲ့တာမဟုတ်ဘဲ အသင်းဖော်နောက်ခံလူ ဒီလစ်ဂျ်ကလည်း
Fallon d’Floor (Ballon d’Or ဆုနဲ့အပြိုင်) ဆုအတွက်
ဗလာဟိုဗစ်ရဲ့အဓိကပြိုင်ဘက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
ပင်နယ်တီဧရိယာအတွင်း အင်တာနောက်ခံလူ ဒါမီယန်ရဲ့လက်က

ဒီလစ်ဂျ်ရဲ့မျက်နှာကို ထိတယ်ဆိုရုံလေး ထိသွားတာကို
အဆိုပါနယ်သာလန်လက်ရွေးစင်က သူ့ကို ဝီလ်စမစ်က
အားရပါးရ ပါးတက်ရိုက်သွားတဲ့ပုံစံမျိုး မြက်ခင်းပေါ်လှဲချကာ ဟန်ဆောင်ခဲ့ပါတယ်။

Zawgyi

အင္တာနဲ႔ပြဲမွာ ဗလာဟိုဗစ္ရဲ႕ဒိုင္ဗင္ထုိးခ်က္ ယခုႏွစ္ရဲ႕အဆိုးရြားဆုံးအျဖစ္ေတာင္ စာရင္း၀င္သြား
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဗလာဟိုဗစ္ဟာ ယမန္ေန႔ညက
အင္တာမီလန္ကို ၀-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပဲြမွာ ၂၀၂၂ အတြင္း
အဆုိးရြားဆုံးဒိုင္ဗင္ထုိးခ်က္ ျပသသြားခဲ့ၿပီး ပရိသတ္ေတြကလည္း

သိပ္ကိုရွက္စရာေကာင္းတဲ့အျပဳအမူအျဖစ္ ေ၀ဖန္ျပစ္တင္ေနၾကပါတယ္။
အင္တာဟာ ၂၀၁၂ ေနာက္ပိုင္း ဂ်ဴဗင္တပ္စ္ကို တူရင္မွာ
ပထမဆံုးႏိုင္ပြဲအျဖစ္ ၀-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ
ပူးတြဲရပ္တည္ေနတဲ့ ေအစီမီလန္၊ နာပိုလီတုိ႔နဲ႔ ၃ မွတ္အကြာ ေရာက္လာပါတယ္။
ဇန္န၀ါရီလက ဖီအိုရင္တီးနားကေန ေပါင္ ၆၆သန္းနဲ႔

ေရာက္လာၿပီးေနာက္ ဂ်ဴဗင္တပ္စ္အတြက္ ၁၁ပြဲမွာ ၅ဂိုး
သြင္းယူထားတဲ့ ဆားဘီးယားလက္ေရြးစင္ ဗလာဟိုဗစ္ဟာ
ဒီပြဲမွာ အိမ္ရွင္အသင္းတုိက္စစ္ကို ဦးေဆာင္လာခဲ့ေပမယ့္
နာမည္ေကာင္းနဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲ မေရာက္ဘဲ
ရွက္စရာေကာင္းတဲ့ျဖစ္ရပ္နဲ႔သာ ပရိသတ္ေတြအမွတ္ရခဲ့ၾကပါတယ္။

အင္တာမီလန္ေနာက္ခံလူ ဒီအမ္ဘရိုစီနီက ဗလာဟိုဗစ္ရဲ႕မ်က္ႏွာကို
သူ႕လက္နဲ႔ မေတာ္တဆထိမိခဲ့ၿပီး ကစားသမားျဖစ္သူက
အဲဒီျဖစ္ရပ္အတြက္ ေျခဟန္လက္ဟန္နဲ႔ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။
ဗလာဟိုဗစ္က ခဏေတာ့ ဘာမွမျဖစ္ဘဲ အဲဒီေနာက္မွာမွ
မ်က္ႏွာကို လက္နဲ႔အုပ္ကာ ျမက္ခင္းေပၚ ပစ္လွဲခ်လုိက္ပါတယ္။

တကယ့္ကိုရွက္စရာေကာင္းတဲ့အျပဳအမူျဖစ္ၿပီး
VAR ရွိေနတာေတာင္မွ ဗလာဟိုဗစ္က ဒီအမ္ဘရိုစီနီ
ထုတ္ပယ္ခံရေစဖို႔ ေအာ္စကာမင္းသား အရံႈးေပးရေလာက္ေအာင္
ဟန္ေဆာင္အမူပိုျပခဲ့တာျဖစ္ပါတယ္။
”သိပ္ကိုရွက္ဖုိ႔ေကာင္းတာပဲ”

”သူ အဆင္ေျပပါေစဖို႔ ဆုေတာင္းေပးေနပါတယ္”
”ဒီျဖစ္ရပ္ကို ၾကည့္ၿပီး အရယ္ေတာင္ မရပ္ေတာ့ဘူး”လို႔
ပရိသတ္ေတြက အသီးသီးေ၀ဖန္ခဲ့ၾကပါတယ္။
အဲဒီပြဲမွာ ဗလာဟုိဗစ္တစ္ေယာက္တည္း ေအာ္စကာမင္းသား
ျဖစ္ခဲ့တာမဟုတ္ဘဲ အသင္းေဖာ္ေနာက္ခံလူ ဒီလစ္ဂ်္ကလည္း

Fallon d’Floor (Ballon d’Or ဆုနဲ႔အၿပိဳင္) ဆုအတြက္
ဗလာဟိုဗစ္ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္။
ပင္နယ္တီဧရိယာအတြင္း အင္တာေနာက္ခံလူ ဒါမီယန္ရဲ႕လက္က
ဒီလစ္ဂ်္ရဲ႕မ်က္ႏွာကို ထိတယ္ဆုိရုံေလး ထိသြားတာကုိ
အဆုိပါနယ္သာလန္လက္ေရြးစင္က သူ႕ကို ၀ီလ္စမစ္က

အားရပါးရ ပါးတက္ရိုက္သြားတဲ့ပုံစံမ်ိဳး ျမက္ခင္းေပၚလွဲခ်ကာ ဟန္ေဆာင္ခဲ့ပါတယ္။