
ကမ္ဘာ့ဖလားမတိုင်ခင်အတွင်း အင်တာနက်ကဖောက်ထွက်လာတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဓာတ်ပုံနောက်ကွယ်ကလျှို့ဝှက်ချက်ကို ပရိသတ်တွေဖော်ထုတ်ခဲ့ကြပါတယ်။





သူတို့နှစ်ယောက်ကြားမှာအပြန်အလှန်လေးစားမှုရှိကြပေမဲ့ ကွင်းထဲနဲ့ ဆုပေးပွဲအခမ်းအနားမဟုတ်ရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုကို အတူတွဲမတွေ့ဖြစ်ပါဘူး။





ဒါပေမဲ့ နှစ်ယောက်စလုံးဟာ ဖက်ရှင်ကုမ္ပဏီကြီး Louis Vuitton နဲ့ပူးပေါင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ်တူညီတဲ့ပုံရိပ်တွေကိုမျှဝေခဲ့ကြပါတယ်။ ဂန္တဝင်နှစ်ယောက်ဟာ Louis Vuitton
လက်ဆွဲအိတ်ပေါ်မှာ စစ်တုရင်ကစားနေတာကိုတွေ့ခဲ့ရပြီး နှစ်ယောက်စလုံးက ဒီပုံရိပ်ရဲ့ခေါင်းစဉ်ကို “အောင်ပွဲဆိုတာစိတ်ရဲ့ အခြေအနေပါ။ @louisvuitton အတွက် @annieleibovitz
ကနေ ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဟာ ရှည်လျားတဲ့ အစဉ်အလာတစ်ခုပါ” လို့ပေးခဲ့ပါတယ်။ အကောင့်နှစ်ခုစလုံးမှာ ဒီပုံရိပ်ကို like ပေးတဲ့ ပရိသတ် ၂၄ သန်း ရှိခဲ့ပါတယ်။ “LV” လက်ဆွဲအိတ်ဟာ





ရုရှားကမ္ဘာ့ဖလားရဲ့ အစိတ်အပိုင်းဖြစ်ခဲ့သလို အဖွင့်ပွဲစဉ်နဲ့ ဖိုင်နယ်အတွက်ဆုဖလား ပေးအပ်တဲ့နေရာတွေမှာ ဒီအမှတ်တံဆိပ်ကိုတွေ့ခဲ့ရတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့အတွက် ဒီကမ္ဘာ့ဖလားရဖို့က
နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ လူတိုင်းကတော့ ဒီပုံရိပ်ဟာ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့ ထိပ်တိုက်တွေ့ဆုံမှုဆီကို ဦးတည်နေတယ်လို့ ယုံကြည်နေကြပါတယ်။





ကမ္ဘာ့ဖလားကိုင်ဆောင်ထားတဲ့ လက်ဆွဲအိတ်ပေါ်မှာ စစ်တုရင်ကစားတာဟာ ထာဝရအကောင်းဆုံးအဖြစ် သူတို့ရဲ့နေရာကို ခိုင်မြဲစေမယ့်တိုက်ပွဲကို ကိုယ်စားပြုထားတာဖြစ်တယ်။ ရော်နယ်ဒိုဟာ
ပီးယာ့စ်မော်ဂန်နဲ့ TalkTV အင်တာဗျူးမှာ မက်ဆီနဲ့ပတ်သတ်လို့ အပြုသဘောဆောင်တဲ့အရာတွေမရှိဘူးလို့ပြောဆိုထားပါတယ်။





(Zawgyi)
အင်တာနက်ကဖောက်ထွက်လာတဲ့ မက်ဆီနဲ့ ရော်နယ်ဒို ဓာတ်ပုံနောက်ကွယ်ကလျှို့ဝှက်ချက်ကို ပရိသတ်တွေ ထုတ်ဖော်



















