အင်တာတိုက်စစ်မှူး မာတီနက်ဇ်အတွက် ယူရိုသန်း ၇၀ သုံးစွဲရမယ့်အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီအတွင်း

အင်တာတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့
သူ့ရဲ့အေးဂျင့်ဖြစ်သူထံ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့်
ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ မဖြစ်မနေပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ နွေရာသီမှာ အဓိကပစ်မှတ်အဖြစ်
အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်ကို ခေါ်ယူဖို့

ကြိုးစားနေပေမယ့် အက်သလက်တီကိုနဲ့ အဓိကအားပြိုင်နေရပါတယ်။
ပြီးတော့ အာဆင်နယ်ဟာ ဇန်နဝါရီလက အူဘာမီယန်းကို
ဘာစီလိုနာအသင်းထံ ထွက်ခွာခွင့်ပေးလိုက်ပြီးနောက် အသင်းမှာ
တိုက်စစ်မှူးဆိုလို့ လာကာဇက်နဲ့ အန်ကီတီးယားတို့ပဲကျန်တော့ပြီး
သူတို့နှစ်ယောက်စလုံးက ယခုရာသီအကုန်မှာ စာချုပ်သက်တမ်း

ကုန်ဆုံးတော့မှာဖြစ်သလို ယခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုရေး
ဆွေးနွေးမှုတွေလည်း အဆင်မပြေသေးပါဘူး။
အာဆင်နယ်ဟာ အသက် ၂၄ နှစ်အရွယ်ရှိ မာတီနက်ဇ်ကို
ခေါ်ယူဖို့ ယခင်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး
မာတီနက်ဇ်ဟာ ယခုရာသီမှာ အသင်းအတွက်

၃၉ပွဲကစား ၁၆ဂိုး သွင်းယူပေးထားပါတယ်။
အီတလီသတင်းဌာန Calciomercato ရဲ့ဖော်ပြချက်အရ
အာဆင်နယ်ဟာ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက်
ကစားသမားရဲ့အေးဂျင့်ဖြစ်သူထံ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့်
အနည်းဆုံး ယူရိုသန်း ၇၀ သုံးစွဲရလိမ့်မယ်လို့ သိရပါတယ်။

မာတီနက်ဇ်ဟာ အင်တာနဲ့ ၂၀၂၆ အထိ
စာချုပ် ချုပ်ဆိုထားပေမယ့် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးနဲ့သာ
ကမ်းလှမ်းလာရင် အင်တာဘက်က လက်သင့်ခံဖွယ်ရှိနေပြီး
ဒါကလည်း အင်တာအနေနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး
ဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေလို့ဖြစ်ပါတယ်။

အင်တာက မာတီနက်ဇ်ရဲ့နေရာမှာ အကောင်းဆုံးအစားထိုးမှုအဖြစ်
ဒီဘားလားကို သတ်မှတ်ထားပြီး ဒီဘားလားအနေနဲ့
ဂျူဗင်တပ်စ်ဟာ ၇နှစ်ကြာကစားလာပေမယ့် ၂၀၂၂ နွေရာသီမှာ
အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။

Zawgyi

အင္တာတုိက္စစ္မွဴး မာတီနက္ဇ္အတြက္ ယူရိုသန္း ၇၀ သုံးစဲြရမယ့္အာဆင္နယ္
အာဆင္နယ္အသင္းဟာ လာမယ့္ေႏြရာသီအတြင္း
အင္တာတုိက္စစ္မွဴး ေလာ္တာရိုမာတီနက္ဇ္ကို ေခၚယူႏိုင္ဖို႔

သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူထံ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္
ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၇၀ မျဖစ္မေနေပးေခ်ရမွာျဖစ္ေၾကာင္း သိရပါတယ္။
အာဆင္နယ္ဟာ ေႏြရာသီမွာ အဓိကပစ္မွတ္အျဖစ္
အာဂ်င္တီးနားလက္ေရြးစင္ မာတီနက္ဇ္ကို ေခၚယူဖုိ႔
ႀကိဳးစားေနေပမယ့္ အက္သလက္တီကိုနဲ႔ အဓိကအားၿပိဳင္ေနရပါတယ္။

ၿပီးေတာ့ အာဆင္နယ္ဟာ ဇန္န၀ါရီလက အူဘာမီယန္းကို
ဘာစီလုိနာအသင္းထံ ထြက္ခြာခြင့္ေပးလုိက္ၿပီးေနာက္ အသင္းမွာ
တုိက္စစ္မွဴးဆုိလုိ႔ လာကာဇက္နဲ႔ အန္ကီတီးယားတုိ႔ပဲက်န္ေတာ့ၿပီး
သူတုိ႔ႏွစ္ေယာက္စလုံးက ယခုရာသီအကုန္မွာ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးေတာ့မွာျဖစ္သလုိ ယခုအခ်ိန္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရး

ေဆြးေႏြးမႈေတြလည္း အဆင္မေျပေသးပါဘူး။
အာဆင္နယ္ဟာ အသက္ ၂၄ ႏွစ္အရြယ္ရွိ မာတီနက္ဇ္ကို
ေခၚယူဖုိ႔ ယခင္ကတည္းက စိတ္၀င္စားခဲ့တာျဖစ္ၿပီး
မာတီနက္ဇ္ဟာ ယခုရာသီမွာ အသင္းအတြက္
၃၉ပြဲကစား ၁၆ဂိုး သြင္းယူေပးထားပါတယ္။

အီတလီသတင္းဌာန Calciomercato ရဲ႕ေဖာ္ျပခ်က္အရ
အာဆင္နယ္ဟာ မာတီနက္ဇ္ကို ေခၚယူႏိုင္ေရးအတြက္
ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူထံ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္
အနည္းဆုံး ယူရိုသန္း ၇၀ သုံးစြဲရလိမ့္မယ္လုိ႔ သိရပါတယ္။
မာတီနက္ဇ္ဟာ အင္တာနဲ႔ ၂၀၂၆ အထိ

စာခ်ဳပ္ ခ်ဳပ္ဆိုထားေပမယ့္ သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔သာ
ကမ္းလွမ္းလာရင္ အင္တာဘက္က လက္သင့္ခံဖြယ္ရွိေနၿပီး
ဒါကလည္း အင္တာအေနနဲ႔ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး
ဒီဘားလားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလုိေနလုိ႔ျဖစ္ပါတယ္။
အင္တာက မာတီနက္ဇ္ရဲ႕ေနရာမွာ အေကာင္းဆုံးအစားထုိးမႈအျဖစ္

ဒီဘားလားကို သတ္မွတ္ထားၿပီး ဒီဘားလားအေနနဲ႔
ဂ်ဴဗင္တပ္စ္ဟာ ၇ႏွစ္ၾကာကစားလာေပမယ့္ ၂၀၂၂ ေႏြရာသီမွာ
အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မွာျဖစ္ပါတယ္။