အင်တာကို ရှုံးလိုက်တာကြောင့် ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး နှစ်ကျပ်ကွက်မိတော့မယ့် ဘာကာ

ဘာစီလိုနာဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အချိန်မတိုင်ဘဲ ထွက်ခဲ့ရ မယ်ဆိုရင် ဘဏ္ဍာရေးအရ ဆုံးရှုံးမှုတွေ ရှိလာမှာဖြစ်ပြီး နှစ်ကျပ်ကွက်မိမယ့် အခြေအနေမျိုး ရှိနေတယ်လို့ သိရပါတယ်။

စပိန်အခြေစိုက် သတင်းစာဖြစ် တဲ့ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဒီရာသီမှာ ချန် ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိ မတက်ရောက်နိုင်ခဲ့ဘူးဆိုရင် ဝင်ငွေ ထိခိုက်နစ်နာမယ့် ပမာဏက ပေါင် ၁၈.၄ သန်းရှိတယ်လို့ သိရပါတယ်။

အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေ ဈေးကွက်မှာ ပေါင် ၁၃၂ သန်း အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီငွေပမာဏကို ကာ မိနိုင်စေဖို့အတွက် သူတို့ဟာ အနိမ့်ဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ကို တက်ရောက်ထားမှ ရမယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဆုကြေးငွေ ပေါင် ၈.၄ သန်း ရမှာဖြစ်ပြီး ကွာတားဖိုင်နယ်ဆိုရင်တော့ နောက်ထပ် ပေါင် ၉.၃ သန်း ထပ် ရပါလိမ့်မယ်။

နောက်တစ်ဆင့်ကျော်ပြီး ဆီမီးဖိုင်နယ်ဆိုရင်တော့ ပေါင် ၁၁ သန်း ထပ်ရလာမှာဖြစ်ပြီး ဗိုလ်လုပွဲအထိဆိုရင်တော့ ၁၃.၆ သန်း ထပ်ရမှာ ဖြစ်သလို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ပေါင် ၁၇.၅ သန်း ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ပွဲစဉ်မှာ အင်တာကို ရှုံး နိမ့်ခဲ့တာကြောင့် ဘာစီလိုနာဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ရေး အတွက် လက်ကျန် နှစ်ပွဲစလုံး အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

နောက်ပြီး တစ်ဖက်မှာလည်း အင်တာမီလန်ရဲ့ ခြေချော်လက်လျော်မှုကို မျှော်လင့်ရမှာ ဖြစ်ပြီး အင်တာကလည်း နှစ်ပွဲစလုံး အနိုင်ကစားသွားခဲ့ရင်တော့ ဘာစီလိုနာ ဟာ အလိုအလျောက်ကို ယူရိုပါလိဂ် ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရတော့တဲ့ အခြေအနေကို ရောက် သွားခဲ့တဲ့အတွက် နည်းပြဇာဗီးဟာ ဘာကာ ပရိသတ်တွေကို တောင်းပန် စကားဆိုခဲ့ပြီး အရာအားလုံးဟာ သူ့မှာပဲ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ချန်ပီ ယံလိဂ်ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်အသင်းတွေအတွက် ဆုကြေးကို တစ်ဆင့်ချင်းစီအလိုက် ပေးအပ်တာဖြစ်လို့ ဘာကာအနေနဲ့ အချိန်မတိုင်ခင် ပြိုင်ပွဲကထွက်ရပြီး

ယူရိုပါလိဂ်ကို ရောက်သွားခဲ့မယ်ဆိုရင်တော့ ဆုံးရှုံးမှုက ပိုမိုကြီးမားလာ မှာဖြစ်ပြီး အသင်းမှာရှိနေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကိုလည်း မလျှော့ချနိုင်တဲ့ အခြေအနေမျိုးဖြစ်လာဖို့ရှိနေတဲ့အတွက် နှစ်ကျပ်ကွက် မိတော့မယ့်ကိန်း ဆိုက်နေပြီဖြစ်ပါတယ်။

(Zawgyi)

အင္တာကို ရႈံးလိုက္တာေၾကာင့္ ဘ႑ာေရးနဲ႔ပတ္သက္ၿပီး ႏွစ္က်ပ္ကြက္မိေတာ့မယ့္ ဘာကာ

ဘာစီလိုနာဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန အခ်ိန္မတိုင္ဘဲ ထြက္ခဲ့ရ မယ္ဆိုရင္ ဘ႑ာေရးအရ ဆုံးရႈံးမႈေတြ ရွိလာမွာျဖစ္ၿပီး ႏွစ္က်ပ္ကြက္မိမယ့္ အေျခအေနမ်ိဳး ရွိေနတယ္လို႔ သိရပါတယ္။

စပိန္အေျခစိုက္ သတင္းစာျဖစ္ တဲ့ Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ ဒီရာသီမွာ ခ်န္ ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္အထိ မတက္ေရာက္ႏိုင္ခဲ့ဘူးဆိုရင္ ဝင္ေငြ ထိခိုက္နစ္နာမယ့္ ပမာဏက ေပါင္ ၁၈.၄ သန္းရွိတယ္လို႔ သိရပါတယ္။

အသင္းကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ ေႏြ ေဈးကြက္မွာ ေပါင္ ၁၃၂ သန္း အသုံးျပဳခဲ့တာျဖစ္ၿပီး အဲဒီေငြပမာဏကို ကာ မိႏိုင္ေစဖို႔အတြက္ သူတို႔ဟာ အနိမ့္ဆုံး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ ကို တက္ေရာက္ထားမွ ရမယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ ဆုေၾကးေငြ ေပါင္ ၈.၄ သန္း ရမွာျဖစ္ၿပီး ကြာတားဖိုင္နယ္ဆိုရင္ေတာ့ ေနာက္ထပ္ ေပါင္ ၉.၃ သန္း ထပ္ ရပါလိမ့္မယ္။ ေနာက္တစ္ဆင့္ေက်ာ္ၿပီး ဆီမီးဖိုင္နယ္ဆိုရင္ေတာ့ ေပါင္ ၁၁ သန္း ထပ္ရလာမွာျဖစ္ၿပီး ဗိုလ္လုပြဲအထိဆိုရင္ေတာ့ ၁၃.၆ သန္း ထပ္ရမွာ ျဖစ္သလို ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေပါင္ ၁၇.၅ သန္း ရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ ဗုဒၶဟူးညက ကစားခဲ့တဲ့ပြဲစဥ္မွာ အင္တာကို ရႈံး နိမ့္ခဲ့တာေၾကာင့္ ဘာစီလိုနာဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ေရး အတြက္ လက္က်န္ ႏွစ္ပြဲစလုံး အႏိုင္ကစားရေတာ့မွာ ျဖစ္ပါတယ္။

ေနာက္ၿပီး တစ္ဖက္မွာလည္း အင္တာမီလန္ရဲ႕ ေျခေခ်ာ္လက္ေလ်ာ္မႈကို ေမွ်ာ္လင့္ရမွာ ျဖစ္ၿပီး အင္တာကလည္း ႏွစ္ပြဲစလုံး အႏိုင္ကစားသြားခဲ့ရင္ေတာ့ ဘာစီလိုနာ ဟာ အလိုအေလ်ာက္ကို ယူ႐ိုပါလိဂ္ ဆင္းကစားရေတာ့မွာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ မရေတာ့တဲ့ အေျခအေနကို ေရာက္ သြားခဲ့တဲ့အတြက္ နည္းျပဇာဗီးဟာ ဘာကာ ပရိသတ္ေတြကို ေတာင္းပန္ စကားဆိုခဲ့ၿပီး အရာအားလုံးဟာ သူ႔မွာပဲ တာဝန္ရွိတယ္လို႔ ဆိုပါတယ္။

ခ်န္ပီ ယံလိဂ္ၿပိဳင္ပြဲဟာ ၿပိဳင္ပြဲဝင္အသင္းေတြအတြက္ ဆုေၾကးကို တစ္ဆင့္ခ်င္းစီ အလိုက္ ေပးအပ္တာျဖစ္လို႔ ဘာကာအေနနဲ႔ အခ်ိန္မတိုင္ခင္ ၿပိဳင္ပြဲကထြက္ရ ၿပီး ယူ႐ိုပါလိဂ္ကို ေရာက္သြားခဲ့မယ္ဆိုရင္ေတာ့ ဆုံးရႈံးမႈက ပိုမိုႀကီးမားလာ မွာျဖစ္ၿပီး အသင္းမွာရွိေနတဲ့ ေႂကြးၿမီဝန္ထုပ္ဝန္ပိုးကိုလည္း မေလွ်ာ့ခ်ႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္လာဖို႔ရွိေနတဲ့အတြက္ ႏွစ္က်ပ္ကြက္ မိေတာ့မယ့္ကိန္း ဆိုက္ေနၿပီျဖစ္ပါတယ္။