
ဗြိတိန်အစိုးရဲ့ပိတ်ပင်မှုတွေကို ခံထားရတဲ့ လန်ဒန်ကလပ်ချဲလ်ဆီးအတွက်ကတော့
ဇာတ်နာပြီးရင်း ဇတ်နာသလို ဖြစ်ပါတယ်။
အခုလည်း အင်္ဂလန်က The Sun သတင်းစာရဲ့ဖော်ပြချက်အရ
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှုးလူကာကူအတွက်
အင်တာမီလန်ကို အကြွေးပေါင် ၇၁ သန်းပေးဖို့ ကျန်သေးတယ်လို့ သိရပါတယ်။
အဲဒီဘယ်လ်ဂျီယံသားဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့
စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်ရောက်လာခဲ့တာပါ။
ဒါပေမဲ့ ဒီရာသီချဲလ်ဆီးတိုက်စစ်မှာ တူချယ်ရဲ့နည်းဗျူဟာနဲ့ အံ့မဝင်ဘဲ ရုန်းကန်နေရပါတယ်။
လူကာကူဟာ ပြောင်းရွှေ့ကြေးပေါင် ၉၅ သန်းနဲ့ ချဲလ်ဆီးကို ရောက်လာခဲ့တာဖြစ်ပြီး
အသင်းဘက်က ၁၂ လကျော်အတွင်း အရစ်ကျနဲ့ပေးဖို့ စီစဉ်ထားတာပါ။
စာချုပ်ပါအချက်အလက်အသေးစိတ်ကို ပြောဖို့ ချဲလ်ဆီးဘက်က ငြင်းဆန်ထားပေမယ့်
အင်တာကတော့ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့များပြားလှတဲ့ ကြွေးမြီတွေကို ရှင်းဖို့အတွက်
စာရွက်စာတမ်းတွေကို လူသိရှင်ကြား ချပြခဲ့ရပါတယ်။
အဲဒီစာရွက်စာတမ်းတွေအရ အင်တာဟာ လူကာကူအတွက်
ပြောင်းရွှေ့ကြေးကို ဒီနှစ်နှောင်းပိုင်းကာလအထိ အပြည့်အဝရဦးမှာ မဟုတ်သေးပါဘူး။
ချဲလ်ဆီးဟာ လူကာကူရဲ့ပြောင်းရွှေ့ကြေးအတွက် အင်တာကို
ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ၅ ရစ်ခွဲပြီး ပေးရမှာပါ။
အခုချိန်ထိတော့ အဲဒီစီးရီးအေချန်ပီယံအသင်းဟာ ပေါင် ၁၈.၄ သန်းသာရသေးပြီး
လာမယ့်နှစ်တိုင်အောင် ပေါင် ၇၁ သန်းနီးပါးရဖို့ ကျန်ပါသေးတယ်။
လက်ရှိမှာတော့ အသင်းပိုင်ရှင်မိုဗစ်ချ်ကို ပိတ်ပင်မှုနောက်ဆက်တွဲအဖြစ်
အသင်းရဲ့ဘဏ်အကောင့်တွေ ထိန်းချုပ်ကန့်သတ်ခံထားရတာပါ။
zawgyi
အင္တာကို ေပါင္ ၇၁ သန္းအေႂကြးေပးဖို႔ရွိေသးတဲ့ ခ်ဲလ္ဆီး
ၿဗိတိန္အစိုးရဲ႕ပိတ္ပင္မႈေတြကို ခံထားရတဲ့ လန္ဒန္ကလပ္ခ်ဲလ္ဆီးအတြက္ကေတာ့
ဇာတ္နာၿပီးရင္း ဇတ္နာသလို ျဖစ္ပါတယ္။
အခုလည္း အဂၤလန္က The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ
ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူခဲ့တဲ့ တိုက္စစ္မႈးလူကာကူအတြက္
အင္တာမီလန္ကို အေႂကြးေပါင္ ၇၁ သန္းေပးဖို႔ က်န္ေသးတယ္လို႔ သိရပါတယ္။
အဲဒီဘယ္လ္ဂ်ီယံသားဟာ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔
စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္ေရာက္လာခဲ့တာပါ။
ဒါေပမဲ့ ဒီရာသီခ်ဲလ္ဆီးတိုက္စစ္မွာ တူခ်ယ္ရဲ႕နည္းဗ်ဴဟာနဲ႔ အံ့မဝင္ဘဲ ႐ုန္းကန္ေနရပါတယ္။
လူကာကူဟာ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၉၅ သန္းနဲ႔ ခ်ဲလ္ဆီးကို ေရာက္လာခဲ့တာျဖစ္ၿပီး
အသင္းဘက္က ၁၂ လေက်ာ္အတြင္း အရစ္က်နဲ႔ေပးဖို႔ စီစဥ္ထားတာပါ။
စာခ်ဳပ္ပါအခ်က္အလက္အေသးစိတ္ကို ေျပာဖို႔ ခ်ဲလ္ဆီးဘက္က ျငင္းဆန္ထားေပမယ့္
အင္တာကေတာ့ ၿပီးခဲ့တဲ့ႏွစ္က သူတို႔ရဲ႕မ်ားျပားလွတဲ့ ေႂကြးၿမီေတြကို ရွင္းဖို႔အတြက္
စာ႐ြက္စာတမ္းေတြကို လူသိရွင္ၾကား ခ်ျပခဲ့ရပါတယ္။
အဲဒီစာ႐ြက္စာတမ္းေတြအရ အင္တာဟာ လူကာကူအတြက္
ေျပာင္းေ႐ႊ႕ေၾကးကို ဒီႏွစ္ေႏွာင္းပိုင္းကာလအထိ အျပည့္အဝရဦးမွာ မဟုတ္ေသးပါဘူး။
ခ်ဲလ္ဆီးဟာ လူကာကူရဲ႕ေျပာင္းေ႐ႊ႕ေၾကးအတြက္ အင္တာကို
ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ၅ ရစ္ခြဲၿပီး ေပးရမွာပါ။
အခုခ်ိန္ထိေတာ့ အဲဒီစီးရီးေအခ်န္ပီယံအသင္းဟာ ေပါင္ ၁၈.၄ သန္းသာရေသးၿပီး
လာမယ့္ႏွစ္တိုင္ေအာင္ ေပါင္ ၇၁ သန္းနီးပါးရဖို႔ က်န္ပါေသးတယ္။
လက္ရွိမွာေတာ့ အသင္းပိုင္ရွင္မိုဗစ္ခ်္ကို ပိတ္ပင္မႈေနာက္ဆက္တြဲအျဖစ္
အသင္းရဲ႕ဘဏ္အေကာင့္ေတြ ထိန္းခ်ဳပ္ကန႔္သတ္ခံထားရတာပါ။