အင်စတာဂရမ်ပို့စ်ကြောင့် ပြန်လည်ဖြေရှင်းနေရတဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က

လူမှုမီဒီယာပို့စ်တစ်ခုမှာ အသင်းခေါင်းဆောင်
မက်ဂွိုင်းယားကို ထိုးနှက်တယ်ဆိုတဲ့
သတင်းတွေနဲ့ပတ်သက်လို့ ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီမှာ စိတ်ပျက်စရာ
ရလဒ်တွေနဲ့ရင်ဆိုင်နေရသလို အသင်းအတွင်း

စည်းလုံးမှု ပြိုကွဲနေတယ်လို့ သတင်းတွေ
ထွက်ပေါ်နေပြီး သောကြာနေ့မှာ
ဖာနန်ဒက်စ်က နောက်ခံလူတွေဖြစ်တဲ့
ဗာရန်းနဲ့ ဘိုင်လီတို့ကြား သူရှိနေတဲ့ဓာတ်ပုံကို
အင်စတာဂရမ်မှာ တင်ကာ

”ဒီနှစ်ယောက်ကြားမှာဆို သိပ်ကို
စိတ်ချလုံခြုံသလို ခံစားရတယ်”
ဆိုတဲ့ စာသားနဲ့ ပူးတွဲတင်ခဲ့ပါတယ်။

အဲဒီပို့စ်အောက်မှာ ပရိသတ်တွေက
ဖာနန်ဒက်စ်က သူ့ရဲ့ဦးစားပေးခံစစ်အတွဲအဖြစ်
ဗာရန်းနဲ့ ဘိုင်လီတို့ကို သတ်မှတ်ထားတာဖြစ်ပြီး
မက်ဂွိုင်းယားကို တိုက်ခိုက်လိုက်တာ
ဖြစ်တယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

မက်ဂွိုင်းယားရော သူပါ ဂိုးတွေ
သွင်းယူနိုင်ခဲ့တဲ့ လိဒ်စ် ၂-၄ ယူနိုက်တက်ပွဲအပြီး
ုပြုလုပ်တဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က
”အရိုးသားဆုံးပြောရရင် လူတွေက
ယူနိုက်တက်နဲ့ပတ်သက်လို့ အားလုံးကို

မေးခွန်းထုတ်နေကြပါတယ်။
အပတ်တိုင်းလိုလို အသင်းနဲ့ပတ်သက်လို့
တစ်ခုခုကို အကြောင်းပြပြီး ပုံပြင်တွေလည်း ဖန်တီးတတ်ကြတယ်။
ကျွန်တော်တင်လိုက်တဲ့ပို့စ်မှာ သူတို့နှစ်ယောက်ကြား
ကျွန်တော် လုံခြုံတယ်ဆိုတဲ့ စာသားက ကျွန်တော့်ရဲ့

ကိုယ်ရံတော်တွေဆိုပြီး အဲဒီလိုအဓိပ္ပာယ်နဲ့ပါ။
အဲဒီမှာ လူတွေက မင်းက မက်ဂွိုင်းယားကို
တစ်ခုခု ပြောချင်တာလားဆိုပြီး ဖြစ်သွားပါလေရော။

အဲဒီဓာတ်ပုံထဲမှာ မပါတာ မက်ဂွိုင်းယား
တစ်ယောက်တည်းမဟုတ်ပါဘူး။
လင်ဒီလော့ဖ်လည်း မပါဘူး။
ဖီးလ်ဂျုံးစ်လည်း မပါဘူး။ ဒါကို
လူတွေက အထွန့်တက်ချင်ကြတယ်။

ပြောရရင် လူတွေက ကျွန်တော်တို့နဲ့
ပတ်သက်လို့ ပြဿနာတွေ ဖန်တီးချင်ကြပါတယ်။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့အားလုံး
အတူတကွဲ စုစည်းနေဖို့ဖြစ်ပြီး
ကွင်းထဲမှာ ကိုယ့်အလုပ်ကို

အကောင်းဆုံးလုပ်ဆောင်ဖို့ပါပဲ”လို့ ပြောပါတယ်။