အင်စတာဂရမ်စာမျက်နှာမှာ နောက်လိုက်စံချိန်တင်ပြီး ဆိုရှယ်မီဒီယာမှာခြွင်းခြက်မရှိအအောင်မြင်ဆုံးလူသားဖြစ်လာတဲ့ ရော်နယ်ဒို

ဘောလုံးလောကမှာ GOAT တစ်ယောက်အဖြစ်ရပ်တည်နေပြီး စံချိန်မှတ်တမ်းကောင်းတွေကို ချိုးဖျက်ခဲ့တဲ့ ရေယ်နယ်ဒိုဟာ ဆိုရှယ်မီဒီယာဘက်မှာလည်း

အအောင်မြင်ဆုံးလူသားဖြစ်လာခဲ့ပါတယ်။ ဘောလုံးလောကရဲ့ အိုင်ကွန်တစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုဟာ အင်စတာဂရမ်စာမျက်နှာမှာ နောက်လိုက် သန်း ၅၀၀ ပြည့်တဲ့

ပထမဆုံးလူသားအဖြစ်စံချိန်တင်နိုင်ခဲ့တာဖြစ်တယ်။ ပီးယာ့စ်မော်ဂန်နဲ့ ပေါက်ကွဲအားပြင်းတဲ့ အင်တာဗျူးအစီအစဉ်ထွက်ပေါ်လာခဲ့ပြီးနောက် ပေါ်တူဂီကြယ်ပွင့်ရဲ့ အင်စတာဂရမ်စာမျက်နှာက

အမြင့်ဆုံးစံချိန်ဆီကို ခုန်ပျံတက်သွားခဲ့တာဖြစ်တယ်။ ဒါ့အပြင် မက်ဆီနဲ့အတူတွေ့ရခဲတဲ့ Louis Vuitton အမှတ်တံဆိပ်ပုံရိပ် ထွက်ပေါ်လာခဲ့တာကလည်း သူနဲ့ပတ်သတ်လို့လူစိတ်ဝင်စားမှု

ပိုမိုမြင့်တက်ခဲ့ရတာဖြစ်တယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်(လူ ၁၆ဦးလျှင် တစ်ဦးခန့်) ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ နောက်လိုက်တွေဖြစ်ခဲ့ကြပြီး ဒါဟာလူသားတစ်ယောက်အတွက်

မယုံကြည်နိုင်လောက်စရာပမာဏဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့နောက်မှာတော့ ဘောလုံးကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ မက်ဆီက နောက်လိုက် ၃၇၆ သန်း နဲ့ဒုတိယနေရာမှာရပ်တည်နေပြီး

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ကိုင်လီဂျန်နာက နောက်လိုက် ၃၇၂သန်း နဲ့တတိယနေရာမှာရပ်တည်နေတာဖြစ်တယ်။ ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးက ရော်နယ်ဒိုအတွက်

အရုပ်ဆိုးပြီးလူမုန်းများသွားခဲ့ပေမဲ့ ဆိုရှယ်မီဒီယာဘက်မှာတော့ ပေါ်တူဂီတိုက်စစ်မှူးရဲ့နောက်လိုက်တွေက အဆမတန်မြင့်တက်သွားခဲ့ပြီး သူ့ရဲ့ခြေလှမ်းတိုင်းကို အားလုံးက

အသေအချာစောင့်ကြည့်နေတာထင်ရှားလွန်းပါတယ်။

(Zawgyi)

အင္စတာဂရမ္စာမ်က္ႏွာမွာ ေနာက္လိုက္စံခ်ိန္တင္ၿပီး ဆိုရွယ္မီဒီယာမွာႁခြင္းျခက္မရွိအေအာင္ျမင္ဆုံးလူသားျဖစ္လာတဲ့ ေရာ္နယ္ဒို

ေဘာလုံးေလာကမွာ GOAT တစ္ေယာက္အျဖစ္ရပ္တည္ေနၿပီး စံခ်ိန္မွတ္တမ္းေကာင္းေတြကိုခ်ိဳးဖ်က္ခဲ့တဲ့ ေရယ္နယ္ဒိုဟာ ဆိုရွယ္မီဒီယာဘက္မွာလည္း အေအာင္ျမင္ဆုံးလူသားျဖစ္လာခဲ့ပါတယ္။

ေဘာလုံးေလာကရဲ႕ အိုင္ကြန္တစ္ေယာက္ျဖစ္တဲ့ ေရာ္နယ္ဒိုဟာ အင္စတာဂရမ္စာမ်က္ႏွာမွာ ေနာက္လိုက္ သန္း ၅၀၀ ျပည့္တဲ့ ပထမဆုံးလူသားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္တယ္။

ပီးယာ့စ္ေမာ္ဂန္နဲ႔ ေပါက္ကြဲအားျပင္းတဲ့ အင္တာဗ်ဴးအစီအစဥ္ထြက္ေပၚလာခဲ့ၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အင္စတာဂရမ္စာမ်က္ႏွာက အျမင့္ဆုံးစံခ်ိန္ဆီကို ခုန္ပ်ံတက္သြားခဲ့တာျဖစ္တယ္။

ဒါ့အျပင္ မက္ဆီနဲ႔အတူေတြ႕ရခဲတဲ့ Louis Vuitton အမွတ္တံဆိပ္ပုံရိပ္ထြက္ေပၚလာခဲ့တာကလည္း သူနဲ႔ပတ္သတ္လို႔လူစိတ္ဝင္စားမႈပိုမိုျမင့္တက္ခဲ့ရတာျဖစ္တယ္။ ကမာၻ႔လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းေက်ာ္

(လူ ၁၆ဦးလွ်င္ တစ္ဦးခန႔္) ဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ေနာက္လိုက္ေတြျဖစ္ခဲ့ၾကၿပီး ဒါဟာလူသားတစ္ေယာက္အတြက္မယုံၾကည္ႏိုင္ေလာက္စရာပမာဏျဖစ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ေနာက္မွာေတာ့

ေဘာလုံးၾကယ္ပြင့္တစ္ေယာက္ျဖစ္တဲ့ မက္ဆီက ေနာက္လိုက္ ၃၇၆ သန္း နဲ႔ဒုတိယေနရာမွာရပ္တည္ေနၿပီး အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ ကိုင္လီဂ်န္နာက ေနာက္လိုက္ ၃၇၂သန္း နဲ႔

တတိယေနရာမွာရပ္တည္ေနတာျဖစ္တယ္။ ပီးယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးက ေရာ္နယ္ဒိုအတြက္အ႐ုပ္ဆိုးၿပီးလူမုန္းမ်ားသြားခဲ့ေပမဲ့ ဆိုရွယ္မီဒီယာဘက္မွာေတာ့ ေပၚတူဂီတိုက္စစ္မႉးရဲ႕ေနာက္လိုက္ေတြက

အဆမတန္ျမင့္တက္သြားခဲ့ၿပီး သူ႔ရဲ႕ေျခလွမ္းတိုင္းကို အားလုံးက အေသအခ်ာေစာင့္ၾကည့္ေနတာထင္ရွားလြန္းပါတယ္။