အဂူရိုဟာ နှလုံးခုန်ပုံမှန်မဟုတ်နေကြောင်း တွေ့ရပြီး နှလုံးစစ်ဆေးမှုအပြည့်အ၀ ခံယူကာကုသသွားရဖို့ ရှိနေ

အလာဗက်စ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရင်ဘတ်အောင့်တဲ့ ဝေဒနာ

ခံစားခဲ့ရလို့ဆေးရုံသို့ပိုဆောင်ခဲ့ရတဲ့ အဂူရိုဟာ နှလုံးခုန်ပုံမှန်မဟုတ်နေကြောင်း

တွေ့ရပြီး နှလုံးစစ်ဆေးမှုအပြည့်အ၀ ခံယူကာကုသသွားရဖို့ ရှိနေပါတယ်။

စပိန်မီဒီယာအချို့၏ဖော်ပြမှုအရ အဂူရိုအနေနဲ့ နှလုံးခုန်နှုန်းမမှန်ကန်တဲ့

အခြေအနေ ကြုံတွေ့နေရပြီး ဘောလုံးပြန်ကစားရန် မဖြစ်နိုင်သေးကြောင်း သိရပါတယ်။

Marca သတင်းစာကလည်း အဂူရိုအနေနဲ့ လက်ရှိအချိန်တွင်

ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၏ ကုသမှုနှင့်အတူ နှလုံးအခြေအနေအား

လာမည့်ရက်အနည်းငယ်အတွင်း စောင့်ကြည့်စစ်ဆေးရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အာဂျင်တီးနားသားဟာအလာဗက်စ်နဲ့စနေညက ၁-၁သရေကျတဲ့ ပွဲတွင်

တစ်ဖက်နောက်ခံလူ လာဂွါဒီယာနဲ့အပြိုင် ဘောလုံးယှဉ်လုရာတွင် ရင်ဘတ်အောင့်တဲ့

ဝေဒနာခံစားခဲ့ရတာ ဖြစ်ပါတယ်။ မိနစ်၄၀မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွင်

အဂူရိုဟာ သူ့ရဲ့လက်နဲ့ရင်ဘတ်ကိုဖိကာ ကွင်းထဲ လဲကျခဲ့ပြီး

ဘာစီလိုနာ ဆေးအဖွဲ့ကလည်း အပြေးအလွှားလာရောက် ကုသခဲ့ရပါတယ်။

အဂူရိုဟာ ယခုနွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးအသင်းမှ

ဘာစီလိုနာဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရကာ

လက်ရှိအချိန်အထိ ငါးပွဲကစား တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

အဂူရိုဟာ ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့များနေပြီး ကတ္တလန်ကလပ်ဟာ

လက်ရှိအုပ်စု Eတွင် လက်ကျန်၃ပွဲအလိုတွင် တတိယနေရာမှာ ရှိနေကာ

ဒုတိယနေရာက ဘင်ဖီကာနဲ့၁မှတ်၊ ဇယားထိပ်က ဘိုင်ယန်နဲ့၆မှတ်ပြတ်လျက် ရှိနေပါတယ်။

zawgyi

အဂူ႐ိုဟာ ႏွလုံးခုန္ပုံမွန္မဟုတ္ေနေၾကာင္း ေတြ႕ရၿပီး ႏွလုံးစစ္ေဆးမႈအျပည့္အ၀ ခံယူကာကုသသြားရဖို႔ ရွိေန

အလာဗက္စ္နဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ရင္ဘတ္ေအာင့္တဲ့ ေဝဒနာ

ခံစားခဲ့ရလို႔ေဆး႐ုံသို႔ပိုေဆာင္ခဲ့ရတဲ့ အဂူ႐ိုဟာ ႏွလုံးခုန္ပုံမွန္မဟုတ္ေနေၾကာင္း

ေတြ႕ရၿပီး ႏွလုံးစစ္ေဆးမႈအျပည့္အ၀ ခံယူကာကုသသြားရဖို႔ ရွိေနပါတယ္။

စပိန္မီဒီယာအခ်ိဳ႕၏ေဖာ္ျပမႈအရ အဂူ႐ိုအေနနဲ႔ ႏွလုံးခုန္ႏႈန္းမမွန္ကန္တဲ့

အေျခအေန ႀကဳံေတြ႕ေနရၿပီး ေဘာလုံးျပန္ကစားရန္ မျဖစ္ႏိုင္ေသးေၾကာင္း သိရပါတယ္။

Marca သတင္းစာကလည္း အဂူ႐ိုအေနနဲ႔ လက္ရွိအခ်ိန္တြင္

ေဆးဘက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ကုသမႈႏွင့္အတူ ႏွလုံးအေျခအေနအား

လာမည့္ရက္အနည္းငယ္အတြင္း ေစာင့္ၾကည့္စစ္ေဆးရမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အာဂ်င္တီးနားသားဟာအလာဗက္စ္နဲ႔စေနညက ၁-၁သေရက်တဲ့ ပြဲတြင္

တစ္ဖက္ေနာက္ခံလူ လာဂြါဒီယာနဲ႔အၿပိဳင္ ေဘာလုံးယွဥ္လုရာတြင္ ရင္ဘတ္ေအာင့္တဲ့

ေဝဒနာခံစားခဲ့ရတာ ျဖစ္ပါတယ္။ မိနစ္၄၀မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တြင္

အဂူ႐ိုဟာ သူ႔ရဲ႕လက္နဲ႔ရင္ဘတ္ကိုဖိကာ ကြင္းထဲ လဲက်ခဲ့ၿပီး

ဘာစီလိုနာ ေဆးအဖြဲ႕ကလည္း အေျပးအလႊားလာေရာက္ ကုသခဲ့ရပါတယ္။

အဂူ႐ိုဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ မန္စီးတီးအသင္းမွ

ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီး ဒဏ္ရာျပႆနာမ်ားျဖင့္ ႐ုန္းကန္ခဲ့ရကာ

လက္ရွိအခ်ိန္အထိ ငါးပြဲကစား တစ္ဂိုးသာ သြင္းယူထားႏိုင္ပါတယ္။

အဂူ႐ိုဟာ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ဖို႔မ်ားေနၿပီး ကတၱလန္ကလပ္ဟာ

လက္ရွိအုပ္စု Eတြင္ လက္က်န္၃ပြဲအလိုတြင္ တတိယေနရာမွာ ရွိေနကာ

ဒုတိယေနရာက ဘင္ဖီကာနဲ႔၁မွတ္၊ ဇယားထိပ္က ဘိုင္ယန္နဲ႔၆မွတ္ျပတ္လ်က္ ရွိေနပါတယ္။