အဂူရိုမင်းကသောက်ရူးပဲ…ကြောင်သူတော်ပုံစံနဲ့လာငိုပြနေတာလားလို့ ကာနယ်လို တုံ့ပြန်လိုက်

မက္ကဆီကိုအလံနဲ့အဝတ်လဲခန်းကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ခဲ့တဲ့ မက်ဆီကို ကာကွယ်ပေးခဲ့တဲ့ အဂူရိုကို ကာနယ်လိုအယ်လ်ဗာရက်ဇ်က တုံ့ပြန်လိုက်ပါပြီ။

မန်စီးတီးတိုက်စစ်မှူးဟောင်းက မက္ကဆီကိုလက်ဝှေ့ကျော်ကို အဝတ်လဲခန်းအကြောင်းနားမလည်သူလို့ဝေဖန်ခဲ့တာဖြစ်ပြီး ကာနယ်လိုကတော့ သူ့ကိုကြောင်သူတော်လို့တင်စားပြီး တုံ့ပြန်လိုက်တာဖြစ်တယ်။

မက်ဆီနဲ့ပတ်သတ်လို့ ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ အဂူရိုနဲ့ ဖာဘရီဂက်စ်တို့က ကာကွယ်ပေးလိုက်ချိန်မှာတော့ ကာနယ်လိုကပိုပြီးပေါက်ကွဲထွက်ခဲ့တာဖြစ်တယ်။ “မင်းလည်းအတူတူပဲ အရူး။

မင်းငါ့နာမည်ခေါ်ပြီး ငိုနေတယ်။ ကြောင်သူတော်အကွက်တော့မလုပ်ပါနဲ့ သောက်ရူးရယ်” လို့ ကာနယ်လိုက တုံ့ပြန်ခဲ့တာဖြစ်တယ်။ ကာနယ်လိုဟာ သူ့ကိုဝေဖန်ခဲ့တဲ့အဂူရိုကိုပြန်ဆော်ခဲ့ပြီဖြစ်သလို

ဖာဘရီဂက်စ်ကိုလည် းထပ်ဆော်ဦးမလားတော့မသိပါဘူး။ စပိန်ကွင်းလယ်လူဟောင်းက “သူကတော့ အဝတ်လဲခန်းအကြောင်းဘာမှနားမလည်ပါဘူး။ ပွဲပြီးရင် အဝတ်လဲခန်းထဲမှာဘာတွေလုပ်တတ်သလဲ၊

ဘာတွေဖြစ်တတ်တယ်ဆိုတာနားမလည်ပါဘူး။ ပြီးတော့ သူက မက်ဆီအကြောင်းကိုလည်းမသိပါဘူး” လို့ ပြောဆိုထားတာဖြစ်တယ်။ ကာနယ်လိုကတော့ ဒါဟာမတော်တဆဖြစ်ရပ်မဟုတ်ဘူးလို့ခံယူထားပြီး

အကောင့်တုတစ်ခုကနေ စပိန်ဘာသာစကားနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုထားတာတွေ့ရပါတယ်။

(Zawgyi)

အဂူ႐ိုမင္းကေသာက္႐ူးပဲ…ေၾကာင္သူေတာ္ပုံစံနဲ႔လာငိုျပေနတာလားလို႔ ကာနယ္လို တုံ႔ျပန္လိုက္

မကၠဆီကိုအလံနဲ႔အဝတ္လဲခန္းၾကမ္းျပင္ကိုသန႔္ရွင္းေရးလုပ္ခဲ့တဲ့ မက္ဆီကို ကာကြယ္ေပးခဲ့တဲ့ အဂူ႐ိုကို ကာနယ္လိုအယ္လ္ဗာရက္ဇ္က တုံ႔ျပန္လိုက္ပါၿပီ။ မန္စီးတီးတိုက္စစ္မႉးေဟာင္းက

မကၠဆီကိုလက္ေဝွ႔ေက်ာ္ကို အဝတ္လဲခန္းအေၾကာင္းနားမလည္သူလို႔ေဝဖန္ခဲ့တာျဖစ္ၿပီး ကာနယ္လိုကေတာ့ သူ႔ကိုေၾကာင္သူေတာ္လို႔တင္စားၿပီး တုံ႔ျပန္လိုက္တာျဖစ္တယ္။

မက္ဆီနဲ႔ပတ္သတ္လို႔ ဘာစီလိုနာအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ အဂူ႐ိုနဲ႔ ဖာဘရီဂက္စ္တို႔က ကာကြယ္ေပးလိုက္ခ်ိန္မွာေတာ့ ကာနယ္လိုကပိုၿပီးေပါက္ကြဲထြက္ခဲ့တာျဖစ္တယ္။ “မင္းလည္းအတူတူပဲ အ႐ူး။

မင္းငါ့နာမည္ေခၚၿပီး ငိုေနတယ္။ ေၾကာင္သူေတာ္အကြက္ေတာ့မလုပ္ပါနဲ႔ ေသာက္႐ူးရယ္” လို႔ ကာနယ္လိုက တုံ႔ျပန္ခဲ့တာျဖစ္တယ္။ ကာနယ္လိုဟာ သူ႔ကိုေဝဖန္ခဲ့တဲ့အဂူ႐ိုကိုျပန္ေဆာ္ခဲ့ၿပီျဖစ္သလို

ဖာဘရီဂက္စ္ကိုလည္ းထပ္ေဆာ္ဦးမလားေတာ့မသိပါဘူး။ စပိန္ကြင္းလယ္လူေဟာင္းက “သူကေတာ့ အဝတ္လဲခန္းအေၾကာင္းဘာမွနားမလည္ပါဘူး။ ပြဲၿပီးရင္ အဝတ္လဲခန္းထဲမွာဘာေတြလုပ္တတ္သလဲ၊

ဘာေတြျဖစ္တတ္တယ္ဆိုတာနားမလည္ပါဘူး။ ၿပီးေတာ့ သူက မက္ဆီအေၾကာင္းကိုလည္းမသိပါဘူး” လို႔ ေျပာဆိုထားတာျဖစ္တယ္။ ကာနယ္လိုကေတာ့ ဒါဟာမေတာ္တဆျဖစ္ရပ္မဟုတ္ဘူးလို႔ခံယူထားၿပီး

အေကာင့္တုတစ္ခုကေန စပိန္ဘာသာစကားနဲ႔ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆိုထားတာေတြ႕ရပါတယ္။