အခွန်ရှောင်ခဲ့လို့ ထောင်ထဲမှာတစ်နှစ်ကျော်လောက် အောင်းရတော့မယ့် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဂျွန်ကာရူး

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းဂျွန်ကာရူးဟာ နော်ဝေနိုင်ငံ၊ အော်စလိုတရားရုံးမှာ သူ့ရဲ့ဝင်ငွေနဲ့ပတ်သတ်လို့ ထိန်ချန်ထွက်ဆိုခဲ့တာကြောင့် အခွန်တိမ်းရှောင်မှုနဲ့ ထောင်ဒဏ် ၁၄လ

ချမှတ်ခံလိုက်ရပါတယ်။ ဒါ့အပြင်ဇာတိမြေဖြစ်တဲ့ နော်ဝေမှာ ဝင်ငွေ ပေါင် ၄၅၆၂၆၄ အထိကို အခွန်တိမ်းရှောင်ခဲ့တဲ့ ဂျွန်ကာရူးကို ပေါင် ၄၅၃၅၃ အထိ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

တကယ်လို့ ဂျွန်ကာရူးဘက်က ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့ကြောင်းတွေ့ရှိခဲ့ရင်တော့ ပြစ်ဒဏ်ကိုနှစ်ဆတိုးသတ်မှတ်ဖို့ရှိနေတာဖြစ်တယ်။ ဂျွန်ကာရူးကိုယ်တိုင်က ယခင်စွဲချက်နဲ့ပတ်သတ်လို့

ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် တရားခံရှေ့နေက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ဖြောင့်ချက်ပေးထားတာဖြစ်တယ်။ နော်ဝေသတင်းစာ e24 နဲ့တွေ့ဆုံမှုမှာတော့

အသက် ၄၁နှစ် အရွယ်ရှေ့နေအန်ဒါဆန်က “အရေအတွက်တွေအားလုံးကို ယုံကြည်လို့ရတဲ့အခြေအနေအထိ ဂျွန်ကာရူးကပြသလိုက်တာပါ။ တရားရုံးဘက်ကတော့ သူဟာပေါ့ဆလွန်းခဲ့တယ်လို့

ယူဆခဲ့ပေမဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ကောက်ချက်ချထားပါတယ်။ ရုံးချိန်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ဘက်က ဒါကိုတောင်းဆိုခဲ့ပြီး ဂျွန်ကာရူးကလည်းသူပြုပြင်သွားမယ်လို့ရှင်းလင်းခဲ့ပြီးသားပါ”

လို့ဆိုထားပါတယ်။ ဂျွန်ကာရူးကတော့ သူ့အနေနဲ့ သူငယ်ချင်းလိုခင်ရတဲ့အေးဂျင့် ပါဖလော့ဒ် ရဲ့ညံ့ဖျင်းတဲ့အကြံတွေကို လက်ခံခဲ့မိတယ်လို့ရင်ဖွင့်လိုက်ပါတယ်။ ဗီလာ၊ စတုတ်စီးတီးနဲ့ ဝက်စ်ဟမ်းမှာ

ပွဲပေါင်း ၄၉၂ပွဲ ကစားခဲ့ပြီး ၁၇၃ဂိုးအထိသွင်းယူခဲ့တဲ့ ဂျွန်ကာရူးက “ကျွန်တော် သူ့ကိုမျက်စိမှိတ်ပြီးယုံခဲ့ပါတယ်။ သူပြောတာတွေကိုအမှန်ပဲလို့ယုံခဲ့တယ်။ သူက ကျွန်တော့်ကိုရုပ်သေးရုပ်လို

ထိန်းချုပ်ထားခဲ့တယ်။ ပြောသမျှလိုက်လုပ်ခဲ့ပြီး ကျွန်တော့်ဘက်ကပေါ့ဆခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

(Zawgyi)

အခြန္ေရွာင္ခဲ့လို႔ ေထာင္ထဲမွာတစ္ႏွစ္ေက်ာ္ေလာက္ ေအာင္းရေတာ့မယ့္ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ဂြၽန္ကာ႐ူး

ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္းဂြၽန္ကာ႐ူးဟာ ေနာ္ေဝႏိုင္ငံ၊ ေအာ္စလိုတရား႐ုံးမွာ သူ႔ရဲ႕ဝင္ေငြနဲ႔ပတ္သတ္လို႔ထိန္ခ်န္ထြက္ဆိုခဲ့တာေၾကာင့္ အခြန္တိမ္းေရွာင္မႈနဲ႔

ေထာင္ဒဏ္ ၁၄လ ခ်မွတ္ခံလိုက္ရပါတယ္။ ဒါ့အျပင္ဇာတိေျမျဖစ္တဲ့ ေနာ္ေဝမွာ ဝင္ေငြ ေပါင္ ၄၅၆၂၆၄ အထိကိုအခြန္တိမ္းေရွာင္ခဲ့တဲ့ ဂြၽန္ကာ႐ူးကို ေပါင္ ၄၅၃၅၃ အထိ

ဒဏ္ေငြခ်မွတ္ခဲ့ပါတယ္။ တကယ္လို႔ ဂြၽန္ကာ႐ူးဘက္က ရည္႐ြယ္ခ်က္ရွိရွိက်ဴးလြန္ခဲ့ေၾကာင္းေတြ႕ရွိခဲ့ရင္ေတာ့ ျပစ္ဒဏ္ကိုႏွစ္ဆတိုးသတ္မွတ္ဖို႔ရွိေနတာျဖစ္တယ္။

ဂြၽန္ကာ႐ူးကိုယ္တိုင္က ယခင္စြဲခ်က္နဲ႔ပတ္သတ္လို႔က်ဴးလြန္ခဲ့ေၾကာင္းဝန္ခံခဲ့ၿပီးတဲ့ေနာက္ တရားခံေရွ႕ေနကရည္႐ြယ္ခ်က္ရွိရွိက်ဴးလြန္ခဲ့တာမဟုတ္ဘူးလို႔ေျဖာင့္ခ်က္ေပးထားတာျဖစ္တယ္။

ေနာ္ေဝသတင္းစာ e24 နဲ႔ေတြ႕ဆုံမႈမွာေတာ့ အသက္ ၄၁ႏွစ္ အ႐ြယ္ေရွ႕ေနအန္ဒါဆန္က “အေရအတြက္ေတြအားလုံးကို ယုံၾကည္လို႔ရတဲ့အေျခအေနအထိ ဂြၽန္ကာ႐ူးကျပသလိုက္တာပါ။

တရား႐ုံးဘက္ကေတာ့ သူဟာေပါ့ဆလြန္းခဲ့တယ္လို႔ယူဆခဲ့ေပမဲ့ ရည္႐ြယ္ခ်က္မရွိဘူးလို႔ေကာက္ခ်က္ခ်ထားပါတယ္။ ႐ုံးခ်ိန္းတစ္ေလွ်ာက္လုံးမွာ ကြၽန္ေတာ္တို႔ဘက္က

ဒါကိုေတာင္းဆိုခဲ့ၿပီး ဂြၽန္ကာ႐ူးကလည္းသူျပဳျပင္သြားမယ္လို႔ရွင္းလင္းခဲ့ၿပီးသားပါ” လို႔ဆိုထားပါတယ္။ ဂြၽန္ကာ႐ူးကေတာ့ သူ႔အေနနဲ႔ သူငယ္ခ်င္းလိုခင္ရတဲ့ေအးဂ်င့္ ပါဖေလာ့ဒ္

ရဲ႕ညံ့ဖ်င္းတဲ့အႀကံေတြကိုလက္ခံခဲ့မိတယ္လို႔ရင္ဖြင့္လိုက္ပါတယ္။ ဗီလာ၊ စတုတ္စီးတီးနဲ႔ ဝက္စ္ဟမ္းမွာ ပြဲေပါင္း ၄၉၂ပြဲ ကစားခဲ့ၿပီး ၁၇၃ဂိုးအထိသြင္းယူခဲ့တဲ့ ဂြၽန္ကာ႐ူးက “ကြၽန္ေတာ္

သူ႔ကိုမ်က္စိမွိတ္ၿပီးယုံခဲ့ပါတယ္။ သူေျပာတာေတြကိုအမွန္ပဲလို႔ယုံခဲ့တယ္။ သူက ကြၽန္ေတာ့္ကို႐ုပ္ေသး႐ုပ္လို ထိန္းခ်ဳပ္ထားခဲ့တယ္။

ေျပာသမွ်လိုက္လုပ္ခဲ့ၿပီး ကြၽန္ေတာ့္ဘက္ကေပါ့ဆခဲ့ပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။