အခွင့်အရေးရတုန်းလေး ရော်နယ်ဒိုကို ခေါ်ဖို့အတွက် ဘက်ဟမ်း ကြိုးစားပြီ

မန်ယူနဲ့ အနာဂတ် မသေချာတော့တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို အမေရိကန် မေဂျာကလပ်ဆီ ခေါ်ယူဖို့အတွက် ဒေးဗစ်ဘက်ဟမ်းက ကြိုးစားနေပြီဖြစ်တယ်လို့ Daily Mail သတင်းစာက

ရေးသားဖော်ပြလိုက်ပါတယ်။ မန်ယူကစားသမားဟောင်း ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာ မီအသင်းဟာ လက်ရှိမှာ စီရော်နယ်ဒို ကိုယ်စားပြုခွင့်ရသူတွေနဲ့ စကားပြောဆို

ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ပေါ်ထွက်လာခဲ့တဲ့ အငြင်းပွားစရာ အင်တာဗျူးနဲ့ ပေါ်တူဂီသားရဲ့ ပြောစကားတွေကြောင့် မန်ယူအသင်း

တာဝန်ရှိသူတွေအကုန်လုံး စိတ်ဆင်း ရဲနေကြတာဖြစ်ပြီး ဒီကစားသမားကို ကစားခွင့် မပေးတော့ဖို့အတွက် နည်းပြ တန်ဟတ်ကလည်း တောင်းဆိုထားတာမျိုးရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ် မရေရာ မသေချာဖြစ်နေတဲ့ ရော် နယ်ဒိုကို ဘက်ဟမ်းက အမိဖမ်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုရဲ့ ပြောရေးဆိုခွင့်ရ

ကိုယ်စားလှယ်တွေဟာ ဘက်ဟမ်းနဲ့ စကား ပြောဆိုမှုတွေ ပြုလုပ်နေပြီး ရော်နယ်ဒိုဘက်ကလည်း မေဂျာလိဂ်ကလပ်ကို ပြောင်းလာဖို့အတွက် စိတ်ဝင်တစား တုံ့ပြန်တာမျိုးတွေ ရှိလာပြီလို့

The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အင်တာမိုင်ယာမီရဲ့ အဓိက ဦးစားပေးပစ်မှတ်က မက်ဆီဖြစ်နေပြီး မက်ဆီရော စီရော်နယ်ဒိုကိုပါ အပိုင်သိမ်းဖို့ အလားအလာမျိုး

ရှိနေတယ်လို့လည်း သိရပါတယ်။ စီရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အထဲမှာ အင်တာမိုင်ယာမီအသင်းတစ်သင်း တည်း ရှိနေတာတော့ မဟုတ်ပါဘူး။ တခြား မေဂျာလိဂ်

ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ LA ဂလက်ဆီနဲ့ လော့စ်အိန်ဂျလိစ် အက်ဖ်စီ အသင်းတို့ကလည်း စိတ်ဝင်စားမှု ပြနေကြပါတယ်။ ရီးရဲလ်တိုက်စစ်မှူးဟောင်းသာ မန်ယူကနေ

ထွက်ပေါက်ရှာမယ်ဆိုရင်တော့ အင်တာမိုင်ယာမီဟာ ရော်နယ်ဒိုကို လက် ကမ်းကြိုဆိုမယ့် ပထမဦးဆုံး အသင်းဖြစ်လာမှာ သေချာနေပြီဖြစ်ပါတယ်။

(Zawgyi)

အခြင့္အေရးရတုန္းေလး ေရာ္နယ္ဒိုကို ေခၚဖို႔အတြက္ ဘက္ဟမ္း ႀကိဳးစားၿပီ

မန္ယူနဲ႔ အနာဂတ္ မေသခ်ာေတာ့တဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို အေမရိကန္ ေမဂ်ာကလပ္ဆီ ေခၚယူဖို႔အတြက္ ေဒးဗစ္ဘက္ဟမ္းက ႀကိဳးစား ေနၿပီျဖစ္တယ္လို႔ Daily Mail သတင္းစာက

ေရးသားေဖာ္ျပလိုက္ပါတယ္။ မန္ယူကစားသမားေဟာင္း ဘက္ဟမ္း ပူးတြဲပိုင္ဆိုင္ထားတဲ့ အင္တာမိုင္ယာ မီအသင္းဟာ လက္ရွိမွာ စီေရာ္နယ္ဒို ကိုယ္စားျပဳခြင့္ရသူေတြနဲ႔ စကားေျပာဆို

ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္း အတြင္းမွာ ေပၚထြက္လာခဲ့တဲ့ အျငင္းပြားစရာ အင္တာဗ်ဴးနဲ႔ ေပၚတူဂီသားရဲ႕ ေျပာစကားေတြေၾကာင့္

မန္ယူအသင္း တာဝန္ရွိသူေတြအကုန္လုံး စိတ္ဆင္း ရဲေနၾကတာျဖစ္ၿပီး ဒီကစားသမားကို ကစားခြင့္ မေပးေတာ့ဖို႔အတြက္ နည္းျပ တန္ဟတ္ကလည္း ေတာင္းဆိုထားတာမ်ိဳးရွိေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္မွာ အနာဂတ္ မေရရာ မေသခ်ာျဖစ္ေနတဲ့ ေရာ္ နယ္ဒိုကို ဘက္ဟမ္းက အမိဖမ္းဖို႔ ႀကိဳးစားလာတာ ျဖစ္ပါတယ္။ လက္ရွိမွာ စီေရာ္နယ္ဒိုရဲ႕ ေျပာေရးဆိုခြင့္ရ

ကိုယ္စားလွယ္ေတြဟာ ဘက္ဟမ္းနဲ႔ စကား ေျပာဆိုမႈေတြ ျပဳလုပ္ေနၿပီး ေရာ္နယ္ဒိုဘက္ကလည္း ေမဂ်ာလိဂ္ကလပ္ကို ေျပာင္းလာဖို႔အတြက္ စိတ္ဝင္တစား တုံ႔ျပန္တာမ်ိဳးေတြ ရွိလာၿပီလို႔ The Sun

သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ အင္တာမိုင္ယာမီရဲ႕ အဓိက ဦးစားေပး ပစ္မွတ္က မက္ဆီျဖစ္ေနၿပီး မက္ဆီေရာ စီေရာ္နယ္ဒိုကိုပါ အပိုင္ သိမ္းဖို႔ အလားအလာမ်ိဳး ရွိေနတယ္လို႔လည္း သိရပါတယ္။

စီေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အထဲမွာ အင္တာမိုင္ယာမီအသင္းတစ္သင္း တည္း ရွိေနတာေတာ့ မဟုတ္ပါဘူး။ တျခား ေမဂ်ာလိဂ္ ထိပ္သီးကလပ္ေတြ ျဖစ္ၾကတဲ့ LA ဂလက္ဆီနဲ႔

ေလာ့စ္အိန္ဂ်လိစ္ အက္ဖ္စီ အသင္းတို႔ကလည္း စိတ္ဝင္စားမႈ ျပေနၾကပါတယ္။ ရီးရဲလ္တိုက္စစ္မႉးေဟာင္းသာ မန္ယူကေန ထြက္ေပါက္ရွာမယ္ဆိုရင္ေတာ့ အင္တာမိုင္ယာမီဟာ

ေရာ္နယ္ဒိုကို လက္ ကမ္းႀကိဳဆိုမယ့္ ပထမဦးဆုံး အသင္းျဖစ္လာမွာ ေသခ်ာေနၿပီျဖစ္ပါတယ္။