အခွင့်အရေးဖန်တီးမှုအပိုင်းအသာမရခဲ့ပေမဲ့ အခွင့်အရေးအသုံးချနိုင်မှုအားကောင်းတဲ့ ယူနိုက်တက် ၃ မှတ်ရအောင်ရုန်းကန်နိုင်ခဲ့

ယူနိုက်တက်နည်းပြ တန်ဟတ်ကတော့ ဒီပွဲမှာ အင်္ဂလန်ကစားသမား

နှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောကို ဗဟိုခံစစ်မှာတွဲသုံးခဲ့သလို

၂ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို ကစားသမား ၃ ယောက်

အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ သရဲနီတွေဟာ လိဒ်ယူနိုက်တက်နဲ့

ပရီးမီးယားလိဂ်နောက်ဆုံး ၈ကြိမ်တွေ့ဆုံမှုမှာ ၅ပွဲနိုင်၊ ၃ပွဲ သရေနဲ့

ရှုံးပွဲမရှိခဲ့ပါဘူး။ နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ ယူနိုက်တက်

အသာရထားသလို ဒီပွဲမှာ လိဒ်ယူနိုက်တက်က နည်းပြ မိုက်ကယ်

ဆကူဘာလာနဲ့ ကိုင်တွယ်မှုနဲ့ရင်ဆိုင်ရတာဖြစ်လို့ အားနည်းချက်တွေနဲ့

စတင်ခဲ့ရတာပါ။ ပထမပိုင်းမှာတော့ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု

အသားစီးရတာကလွဲလို့ ကျန်အပိုင်းတွေမှာတော့ ကွာဟချက်

သိပ်မရှိခဲ့ပါဘူး။ နှစ်သင်းစလုံးဟာ ပထမပိုင်းမှာ ဂိုးပေါက်တည့်

ကန်ချက် ၂ကြိမ်စီနဲ့ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ အိမ်ရှင်တွေရဲ့

ဒုတိယပိုင်းကစားဟန်က ယူနိုက်တက်ကို ပိုပြီးဖိအားပေးနိုင်ခဲ့တာဖြစ်တယ်။

ပွဲချိန် မိနစ် ၆၀ ဝန်းကျင်မှာတော့ တန်ဟတ်ဟာ မာလာစီယာနဲ့

ဆန်ချိုနေရာမှာ မာတီနက်ဇ်နဲ့ ဂါနာချိုကို ထည့်သွင်းပြီး အပြောင်းအလဲ

ပြုလုပ်ခဲ့ပါတယ်။ မိနစ် ၈၀ မှာတော့ ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက်

အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၈၅ မိနစ်မှာ လူစားဝင်လာတဲ့ ဂါနာချိုက

သရဲနီတွေအတွက် ဒုတိယဂိုးသွင်းပေးခဲ့သလို ၂ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဖြစ်တယ်။

တန်ဟတ်ရဲ့အသင်းဟာ အခွင့်အရေးဖန်တီးမှုအပိုင်းမှာ အသာစီးမရခဲ့ပေမဲ့

ပြိုင်ဘက်ကိုအစွမ်းကိုထိန်းကစားခဲ့ပြီး အဖိုးတန် ၃မှတ်ရယူနိုင်ခဲ့တာပါ။

zawgyi

အခြင့္အေရးဖန္တီးမႈအပိုင္းအသာမရခဲ့ေပမဲ့ အခြင့္အေရးအသုံးခ်ႏိုင္မႈအားေကာင္းတဲ့ ယူႏိုက္တက္ ၃ မွတ္ရေအာင္႐ုန္းကန္ႏိုင္ခဲ့

ယူႏိုက္တက္နည္းျပ တန္ဟတ္ကေတာ့ ဒီပြဲမွာ အဂၤလန္ကစားသမား

ႏွစ္ေယာက္ျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာကို ဗဟိုခံစစ္မွာတြဲသုံးခဲ့သလို

၂ဂိုးစီသေရက်ခဲ့တဲ့ ပြဲစဥ္က လူစာရင္းကို ကစားသမား ၃ ေယာက္

အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။ သရဲနီေတြဟာ လိဒ္ယူႏိုက္တက္နဲ႔

ပရီးမီးယားလိဂ္ေနာက္ဆုံး ၈ႀကိမ္ေတြ႕ဆုံမႈမွာ ၅ပြဲႏိုင္၊ ၃ပြဲ သေရနဲ႔

ရႈံးပြဲမရွိခဲ့ပါဘူး။ ေနာက္ပိုင္းထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ ယူႏိုက္တက္

အသာရထားသလို ဒီပြဲမွာ လိဒ္ယူႏိုက္တက္က နည္းျပ မိုက္ကယ္

ဆကူဘာလာနဲ႔ ကိုင္တြယ္မႈနဲ႔ရင္ဆိုင္ရတာျဖစ္လို႔ အားနည္းခ်က္ေတြနဲ႔

စတင္ခဲ့ရတာပါ။ ပထမပိုင္းမွာေတာ့ ယူႏိုက္တက္က ေဘာလုံးပိုင္ဆိုင္မႈ

အသားစီးရတာကလြဲလို႔ က်န္အပိုင္းေတြမွာေတာ့ ကြာဟခ်က္

သိပ္မရွိခဲ့ပါဘူး။ ႏွစ္သင္းစလုံးဟာ ပထမပိုင္းမွာ ဂိုးေပါက္တည့္

ကန္ခ်က္ ၂ႀကိမ္စီနဲ႔ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။ အိမ္ရွင္ေတြရဲ႕

ဒုတိယပိုင္းကစားဟန္က ယူႏိုက္တက္ကို ပိုၿပီးဖိအားေပးႏိုင္ခဲ့တာျဖစ္တယ္။

ပြဲခ်ိန္ မိနစ္ ၆၀ ဝန္းက်င္မွာေတာ့ တန္ဟတ္ဟာ မာလာစီယာနဲ႔

ဆန္ခ်ိဳေနရာမွာ မာတီနက္ဇ္နဲ႔ ဂါနာခ်ိဳကို ထည့္သြင္းၿပီး အေျပာင္းအလဲ

ျပဳလုပ္ခဲ့ပါတယ္။ မိနစ္ ၈၀ မွာေတာ့ ရက္ရွ္ဖို႔ဒ္က ယူႏိုက္တက္အတြက္

အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ၈၅ မိနစ္မွာ လူစားဝင္လာတဲ့ ဂါနာခ်ိဳက

သရဲနီေတြအတြက္ ဒုတိယဂိုးသြင္းေပးခဲ့သလို ၂ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တာျဖစ္တယ္။

တန္ဟတ္ရဲ႕အသင္းဟာ အခြင့္အေရးဖန္တီးမႈအပိုင္းမွာ အသာစီးမရခဲ့ေပမဲ့

ၿပိဳင္ဘက္ကိုအစြမ္းကိုထိန္းကစားခဲ့ၿပီး အဖိုးတန္ ၃မွတ္ရယူႏိုင္ခဲ့တာပါ။