
မန်ချက်စတာယူနိုက်တက်အသင်း လူငယ်တိုက်စစ်ကစားသမားအီလန်ဂါဟာ
ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒီရာသီ အသင်းအတွက်
ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး သူက နည်းပြရန်နစ်ခ်ကို
ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ အီလန်ဂါဟာ
ဗီလာ(၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက်
ဒီရာသီပရီးမီးယားလိဂ် ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့သလို
အခု ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း ရန်နစ်ခ်က သူ့ကို ပွဲထွက်ကစားသမားအဖြစ်
ဆက်လက်အသုံးပြုခဲ့ပြီး (၅၅)မိနစ်မှာ အသင်းအတွက်အဖွင့်ဂိုးကို
လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်လူဖရက်ဒ်ပေးလိုက်တဲ့ ဘောလုံးကို အီလန်ဂါက
ပါးပါးနပ်နပ်နဲ့ တစ်ချက် Flick လုပ်ပြီးတော့ ခေါင်းတိုက်သွင်းယူခဲ့တာပါ။
အီလန်ဂါဟာ နည်းပြဟောင်းဆိုးလ်ရှားလက်ထက်
၂၀၂၀-၂၁ ရာသီပိတ်ပွဲဖြစ်တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက်
ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းယူခဲ့သလို
အခု ဘရန့်ဖို့ဒ်နဲ့ပွဲမှာတော့ ယူနိုက်တက်ကစားသမားဘဝ
ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီး BT အားကစားရုပ်သံလိုင်းနဲ့အင်တာဗျူးမှာ အီလန်ဂါက
“ပထမဆုံး ဘောလုံးထိချက်က ကောင်းသွားတာပါ။
ဂိုးသမားပြေးထွက်လာတာကို မြင်လိုက်တာကြောင့်
ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ကျွန်တော်ကတော့ အလုပ်ကို အခုထက်ပိုကြိုးစားသွားမှာဖြစ်ပြီး
ဂိုးတွေလည်း အခုထက်ပိုသွင်းချင်ပါတယ်။
ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့ နည်းပြကြီးရန်နစ်ခ်ကိုလည်း
အရမ်းကျေးဇူးတင်မိပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
အခြင့္အေရးေပးခဲ့တဲ့ နည္းျပႀကီးရန္နစ္ခ္ကို ေက်းဇူးတင္ေနတဲ့ အီလန္ဂါ
မန္ခ်က္စတာယူႏိုက္တက္အသင္း လူငယ္တိုက္စစ္ကစားသမားအီလန္ဂါဟာ
ဘရန႔္ဖို႔ဒ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီရာသီ အသင္းအတြက္
ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ၿပီး သူက နည္းျပရန္နစ္ခ္ကို
ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။
အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အီလန္ဂါဟာ
ဗီလာ(၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အတြက္
ဒီရာသီပရီးမီးယားလိဂ္ ပထမဆုံးအႀကိမ္ပြဲထြက္ကစားခြင့္ရခဲ့သလို
အခု ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာလည္း ရန္နစ္ခ္က သူ႔ကို ပြဲထြက္ကစားသမားအျဖစ္
ဆက္လက္အသုံးျပဳခဲ့ၿပီး (၅၅)မိနစ္မွာ အသင္းအတြက္အဖြင့္ဂိုးကို
လွလွပပသြင္းယူခဲ့တာျဖစ္ပါတယ္။
ကြင္းလယ္လူဖရက္ဒ္ေပးလိုက္တဲ့ ေဘာလုံးကို အီလန္ဂါက
ပါးပါးနပ္နပ္နဲ႔ တစ္ခ်က္ Flick လုပ္ၿပီးေတာ့ ေခါင္းတိုက္သြင္းယူခဲ့တာပါ။
အီလန္ဂါဟာ နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္
၂၀၂၀-၂၁ ရာသီပိတ္ပြဲျဖစ္တဲ့ ဝုလ္ဗ္နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္
ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ကစားခြင့္ရခဲ့ၿပီး ဂိုးသြင္းယူခဲ့သလို
အခု ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာေတာ့ ယူႏိုက္တက္ကစားသမားဘဝ
ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ပြဲအၿပီး BT အားကစား႐ုပ္သံလိုင္းနဲ႔အင္တာဗ်ဴးမွာ အီလန္ဂါက
“ပထမဆုံး ေဘာလုံးထိခ်က္က ေကာင္းသြားတာပါ။
ဂိုးသမားေျပးထြက္လာတာကို ျမင္လိုက္တာေၾကာင့္
ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။
ကြၽန္ေတာ္ကေတာ့ အလုပ္ကို အခုထက္ပိုႀကိဳးစားသြားမွာျဖစ္ၿပီး
ဂိုးေတြလည္း အခုထက္ပိုသြင္းခ်င္ပါတယ္။
ကြၽန္ေတာ့္ကို အခြင့္အေရးေပးခဲ့တဲ့ နည္းျပႀကီးရန္နစ္ခ္ကိုလည္း
အရမ္းေက်းဇူးတင္မိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။