အခွင့်ထူးခံ စာချုပ်နောက်ကွယ်မှာ ဆုကြေးမျိုးစုံနဲ့ ကြိုးခုန်လို့ရတော့မယ့် အမ်ဘာပီ

ပြီးခဲ့တဲ့ မေလတုန်းက ပီအက်ဂျီအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးခဲ့တဲ့ တုက်စစ်မှူး အမ်ဘာပီဟာ လာမယ့် ၃ နှစ်အတွင်းမှာ လုပ်ခလစာစုစုပေါင်း ပေါင် ၅၄၇ သန်းလောက်အထိ ရနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲလ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ခဲ့တာမျိုး ရှိပေမယ့် နောက်ဆုံးမှာတော့

မိုနာကို တိုက်စစ်မှူးဟောင်းဟာ ပဲရစ်ကလပ်နဲ့ပဲ အသက်ဆက်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီနဲ့အတူ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုရင် အကျိုးခံစားခွင့် အချက်အလက်တွေ အမြောက်အမြား ပါဝင်တယ်လို့ သိရပြီး စွမ်းဆောင်ရည်အလိုက်ဆုကြေးခံ စားခွင့်ရှိတဲ့

ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံး သမားဆုတွေ ရရှိတာမျိုးကလွဲလို့ ကျန်တဲ့ အခွင့်အရေးအားလုံးမှာ ဆုကြေး ခံစားခွင့်တွေ ရှိနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲကို ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုကိုလည်း ရဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေလို့ ရာသီသိမ်းတာနဲ့အမျှ

အမ်ဘာပီရဲ့ ဆု ကြေးခံစားခွင့်တွေက ပိုပိုပြီး မြင့်မားလာဖို့ပဲ ရှိနေပါတယ်။

Daily Mail သတင်း စာရဲ့ ဖော်ပြချက်အရ အမ်ဘာပီဟာ စာချုပ်လက်မှတ်ထိုးကြေးအတွက် ပေါင် ၁၅၆ သန်း ရရှိခဲ့ပြီး အသင်းကနေ လုံး၀ မထွက်ခွာဘဲ သုံးရာသီဆက်တိုက် ကစားမယ်ဆိုရင် တစ်ရာသီပြီးဆုံးတိုင်းမှာ သစ္စာစောင့်သိကြေးအဖြစ် ပေါင် ၆၁ သန်း ရရှိမယ်လို့ သိရပါတယ်။

နောက်ပြီး သူ့ရဲ့ သစ္စာစောင့်သိကြေးဟာ တစ်ရာသီပြီးဆုံးတာနဲ့အမျှ တိုးမြှင့်ပေးချေသွားဖို့လည်း ရှိနေတယ်လို့ သိရ ပါတယ်။

အဲဒီလို အခွင့်ထူးခံစာချုပ်တစ်ရပ်ကို ပီအက်စ်ဂျီဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်ရဲ့ ဒုတိယမြောက်သက်တမ်း စတင်ထမ်းဆောင်ပြီး အချိန်သိပ်မကွာတဲ့ ကာလလေးမှာပဲ သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီသတင်းဟာ သမ္မတရဲ့ ရာထူးအပ်နှင်းပွဲ အခမ်းအနား သတင်းကို တောင် ဖုံးအုပ်တော့မယ့်အထိကို ခရီးရောက်ခဲ့တာပါ။

(Zawgyi)

(114) အခြင့္ထူးခံ စာခ်ဳပ္ေနာက္ကြယ္မွာ ဆုေၾကးမ်ိဳးစုံနဲ႔ ႀကိဳးခုန္လို႔ရေတာ့မယ့္ အမ္ဘာပီ

ၿပီးခဲ့တဲ့ ေမလတုန္းက ပီအက္ဂ်ီအသင္းနဲ႔အတူ စာခ်ဳပ္သက္တမ္း တိုးခဲ့တဲ့ တုက္စစ္မႉး အမ္ဘာပီဟာ လာမယ့္ ၃ ႏွစ္အတြင္းမွာ လုပ္ခလစာစုစုေပါင္း

ေပါင္ ၅၄၇ သန္းေလာက္အထိ ရႏိုင္တယ္လို႔ သတင္းထြက္လာပါတယ္။

ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ရီးရဲလ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ခဲ့တာမ်ိဳး ရွိေပမယ့္ ေနာက္ဆုံးမွာေတာ့

မိုနာကို တိုက္စစ္ မႉးေဟာင္းဟာ ပဲရစ္ကလပ္နဲ႔ပဲ အသက္ဆက္ခဲ့ၿပီး လက္ရွိမွာေတာ့ ကမာၻ႔ လုပ္ခလစာ အျမင့္မားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

ပီအက္စ္ ဂ်ီနဲ႔အတူ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရဆိုရင္ အက်ိဳးခံစားခြင့္ အခ်က္အလက္ေတြ အေျမာက္အျမား ပါဝင္တယ္လို႔ သိရၿပီး စြမ္းေဆာင္ရည္အလိုက္ဆုေၾကးခံ စားခြင့္ရွိတဲ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈနဲ႔ တစ္ႏွစ္တာအေကာင္းဆုံး ေဘာလုံး သမားဆုေတြ ရရွိတာမ်ိဳးက လြဲလို႔ က်န္တဲ့ အခြင့္အေရးအားလုံးမွာ ဆုေၾကး ခံစားခြင့္ေတြ ရွိေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ ျပင္သစ္လီဂူး-၁ ၿပိဳင္ပြဲကို ထိပ္ဆုံးက ဦးေဆာင္ေနတဲ့အသင္းျဖစ္ၿပီး ခ်န္ပီယံဆုကိုလည္း ရဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနလို႔ ရာသီသိမ္းတာနဲ႔အမွ် အမ္ဘာပီရဲ႕ ဆု ေၾကးခံစားခြင့္ေတြက ပိုပိုၿပီး ျမင့္မားလာဖို႔ပဲ ရွိေနပါတယ္။

Daily Mail သတင္း စာရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာပီဟာ စာခ်ဳပ္လက္မွတ္ထိုးေၾကးအတြက္ ေပါင္ ၁၅၆ သန္း ရရွိခဲ့ၿပီး အသင္းကေန လုံး၀ မထြက္ခြာဘဲ သုံးရာသီဆက္တိုက္ ကစားမယ္ဆိုရင္ တစ္ရာသီၿပီးဆုံးတိုင္းမွာ သစၥာေစာင့္သိေၾကးအျဖစ္ ေပါင္ ၆၁ သန္း ရရွိမယ္လို႔ သိရပါတယ္။

ေနာက္ၿပီး သူ႔ရဲ႕ သစၥာေစာင့္သိေၾကးဟာ တစ္ရာသီၿပီးဆုံးတာနဲ႔အမွ် တိုးျမႇင့္ေပးေခ်သြားဖို႔လည္း ရွိေနတယ္လို႔ သိရ ပါတယ္။

အဲဒီလို အခြင့္ထူးခံစာခ်ဳပ္တစ္ရပ္ကို ပီအက္စ္ဂ်ီဟာ ျပင္သစ္သမၼတ အီမန္န်ဴရယ္ မာခ႐ြန္ရဲ႕ ဒုတိယေျမာက္သက္တမ္း စတင္ထမ္းေဆာင္ၿပီး အခ်ိန္သိပ္မကြာတဲ့ ကာလေလးမွာပဲ သက္တမ္းတိုးျမႇင့္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီသတင္းဟာ သမၼတရဲ႕ ရာထူးအပ္ႏွင္းပြဲ အခမ္းအနား သတင္းကို ေတာင္ ဖုံးအုပ္ေတာ့မယ့္အထိကို ခရီးေရာက္ခဲ့တာပါ။