အခြေအနေတွေ ပိုဆိုးသွားပေမယ့်လည်း ဆိုးလ်ရှားဟာ အသင်းကနေ ထုတ်ပယ်ခံရမှာ မဟုတ်

ရလဒ်တွေဆိုးနေပေမယ့် မန်ယူမှာ ဆက်ရှိနေဦးမယ့် ဆိုးလ်ရှားပြီးခဲ့တဲ့စနေညက

ကင်းပါဝါမှာ လက်စတာကို ၄-၂ ဂိုးနဲ့အရေးနိမ့်ခဲ့လို့ မန်ယူရဲ့အခြေအနေဟာ

ပိုဆိုးသွားပေမယ့်လည်း နည်းပြဆိုးလ်ရှားဟာ အသင်းကနေ ထုတ်ပယ်ခံရမှာ

မဟုတ်တဲ့အကြောင်း ခိုင်မာတဲ့အားကစားသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့

The Athletic က ဖော်ပြလိုက်ပါတယ်။

အဲဒီပရီးမီးယားလိဂ် ၁၃ ထပ်ကွမ်းချန်ပီယံဟာ ပြီးခဲ့တဲ့နွေရာသီ

အပြောင်းအရွှေ့မှာ ကြီးကြီးမားမားသုံးစွဲမှုလုပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ

နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပါတယ်။ဒီလိုရလဒ်တွေဆိုးနေပေမယ့်

အသင်းဘုတ်အဖွဲ့အဆင့်မှာ ထောက်ခံသူတွေအများကြီးရှိနေကြလို့

ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရဦးမှာ မဟုတ်ဘူးလို့ The Athletic က

နားလည်ထားပါတယ်။ပြီးခဲ့တဲ့စနေညအရှုံးကြောင့် မန်ယူဟာ အဆင့် ၅ နေရာ

ရောက်သွားပြီး ထိပ်ဆုံး ၄ သင်းနဲ့တစ်မှတ်ကွာသွားကာ ချန်ပီယံလိဂ်

အုပ်စုမှာလည်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပါတယ်။

မန်ယူဟာ လာမယ့်အမှတ်ပေး ၉ ပွဲမှာ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး၊ စပါး၊

အာဆင်နယ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရဦးမှာမို့ ပွဲကျပ်ကာလတစ်ခုကို

ဖြတ်သန်းရဦးမှာပါ။ဆိုးလ်ရှားဟာ ၂၀၁၈ ဒီဇင်ဘာမှာ ယာယီနည်းအဖြစ်

ခန့်အပ်ခံခဲ့ရပြီး အဲဒီနောက် အမြဲတမ်းနည်းပြဖြစ်လာခဲ့ကာ

ပြီးခဲ့တဲ့ဇူလိုင်တုန်းကလည်း ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

စာချုပ်သစ်မှာ နောက်ထပ်တစ်နှစ်ထပ်တိုးနိုင်တဲ့အချက်ပါရှိပြီး

အနည်းဆုံးတော့ သူဟာ မန်ယူမှာ ၂၀၂၄ အထိ ဆက်ရှိနေဦးမှာပါ။

လက်စတာနဲ့ပွဲအပြီးမှာလည်း ၄၈ နှစ်အရွယ် ဆိုးလ်ရှားက သူ့အနေနဲ့

ဒီရှုံးပွဲအတွက် ဆင်ခြေပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဆန်ချို၊ စီရော်နယ်ဒိုနဲ့

ဗာရာနီတို့အတွက် စုစုပေါင်းပေါင်သန်း ၁၃၀ ဝန်းကျင်သုံးစွဲခဲ့တာပါ။

zawgyi

အေျခအေနေတြ ပိုဆိုးသြားေပမယ့္လည္း ဆိုးလ္ရွားဟာ အသင္းကေန ထုတ္ပယ္ခံရမွာ မဟုတ္

ရလဒ္ေတြဆိုးေနေပမယ့္ မန္ယူမွာ ဆက္ရွိေနဦးမယ့္ ဆိုးလ္ရွားၿပီးခဲ့တဲ့စေနညက

ကင္းပါဝါမွာ လက္စတာကို ၄-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့လို႔ မန္ယူရဲ႕အေျခအေနဟာ

ပိုဆိုးသြားေပမယ့္လည္း နည္းျပဆိုးလ္ရွားဟာ အသင္းကေန ထုတ္ပယ္ခံရမွာ

မဟုတ္တဲ့အေၾကာင္း ခိုင္မာတဲ့အားကစားသတင္းရင္းျမစ္တစ္ခုျဖစ္တဲ့

The Athletic က ေဖာ္ျပလိုက္ပါတယ္။

အဲဒီပရီးမီးယားလိဂ္ ၁၃ ထပ္ကြမ္းခ်န္ပီယံဟာ ၿပီးခဲ့တဲ့ေႏြရာသီ

အေျပာင္းအေ႐ႊ႕မွာ ႀကီးႀကီးမားမားသုံးစြဲမႈလုပ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ

ေနာက္ဆုံး ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။ဒီလိုရလဒ္ေတြဆိုးေနေပမယ့္

အသင္းဘုတ္အဖြဲ႕အဆင့္မွာ ေထာက္ခံသူေတြအမ်ားႀကီးရွိေနၾကလို႔

ဆိုးလ္ရွားဟာ ထုတ္ပယ္ခံရဦးမွာ မဟုတ္ဘူးလို႔ The Athletic က

နားလည္ထားပါတယ္။ၿပီးခဲ့တဲ့စေနညအရႈံးေၾကာင့္ မန္ယူဟာ အဆင့္ ၅ ေနရာ

ေရာက္သြားၿပီး ထိပ္ဆုံး ၄ သင္းနဲ႔တစ္မွတ္ကြာသြားကာ ခ်န္ပီယံလိဂ္

အုပ္စုမွာလည္း တစ္ပြဲႏိုင္၊ တစ္ပြဲရႈံးထားပါတယ္။

မန္ယူဟာ လာမယ့္အမွတ္ေပး ၉ ပြဲမွာ လီဗာပူး၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ စပါး၊

အာဆင္နယ္တို႔နဲ႔ ဆက္တိုက္ရင္ဆိုင္ရဦးမွာမို႔ ပြဲက်ပ္ကာလတစ္ခုကို

ျဖတ္သန္းရဦးမွာပါ။ဆိုးလ္ရွားဟာ ၂၀၁၈ ဒီဇင္ဘာမွာ ယာယီနည္းအျဖစ္

ခန႔္အပ္ခံခဲ့ရၿပီး အဲဒီေနာက္ အၿမဲတမ္းနည္းျပျဖစ္လာခဲ့ကာ

ၿပီးခဲ့တဲ့ဇူလိုင္တုန္းကလည္း ၃ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

စာခ်ဳပ္သစ္မွာ ေနာက္ထပ္တစ္ႏွစ္ထပ္တိုးႏိုင္တဲ့အခ်က္ပါရွိၿပီး

အနည္းဆုံးေတာ့ သူဟာ မန္ယူမွာ ၂၀၂၄ အထိ ဆက္ရွိေနဦးမွာပါ။

လက္စတာနဲ႔ပြဲအၿပီးမွာလည္း ၄၈ ႏွစ္အ႐ြယ္ ဆိုးလ္ရွားက သူ႔အေနနဲ႔

ဒီရႈံးပြဲအတြက္ ဆင္ေျခေပးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဆန္ခ်ိဳ၊ စီေရာ္နယ္ဒိုနဲ႔

ဗာရာနီတို႔အတြက္ စုစုေပါင္းေပါင္သန္း ၁၃၀ ဝန္းက်င္သုံးစြဲခဲ့တာပါ။