အချောင်ရတဲ့ဂိုးကို မလိုချင်တဲ့  ကွာရာဘတ်နည်းပြ

ကွာရာဘတ်တိုက်စစ်မှူး အီဘရာဟီမာ ဝါဂျီဟာ

အံ့အားသင့်ဖွယ် လက်ထိသွင်းဂိုးကို သွင်းယူခဲ့ပြီး

ဒိုင်လူကြီးက ဂိုးအဖြစ်ခွင့်ပြုခဲ့ပေမယ့် ကွာရာဘတ်နည်းပြက

ဂိုးအဖြစ် ခွင့်မပြုပေးဖို့ ပြောခဲ့တာကြောင့် ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။

ဝါဂျီဟာ မာဆေးလ် ဂိုးသမား မန်ဒန်ဒါကို အလဲထိုးနိုင်ဖို့အတွက်

၎င်းရဲ့ လက်ကို အသုံးပြုပြီး ၃၄ မိနစ်မှာ ဘတ်စ်ကက်ဘောကစားသလို

ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မယုံနိုင်စရာကောင်းလောက်အောင်ပဲ

ယူရိုပါကွန်းဖရင့်လိဂ် play-off ပွဲစဉ်မှာ အစပိုင်းတုန်းက

အဲဒီသွင်းဂိုးကို ဂိုးအဖြစ် ခွင့်ပြုပေးခြင်းခံခဲ့ရတာဖြစ်ပြီး

ဒိုင်လူကြီးဟာ လက်ထိဘောကို မမြင်တွေ့ခဲ့တာနဲ့

ဗိုလ်လုပွဲမှာသာ VAR ရှိတာတို့ကြောင့် ဖြစ်ပါတယ်။

ကွာရာဘတ်နည်းပြ ဂါဘန် ဂါဘာနော့ဗ်က ဝါဂျီနဲ့ စကားပြောဆိုခဲ့ပြီး

၎င်းရဲ့ တိုက်စစ်မှူး လိမ်လည်သွင်းယူခဲ့တဲ့ဂိုးဟာ

အားကစားသမားမပီသတာကြောင့် ဂိုးကို လက်မခံဖို့အတွက် ဖျောင်းဖျခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ ဝါဂျီလည်း ၎င်းရဲ့ မလျော်မကန်တဲ့

အပြုအမူကို ဒိုင်လူကြီးဆီမှာ သွားရောက် ဝန်ခံပြောဆိုခဲ့ပုံပေါ်ခဲ့ပါတယ်။

zawgyi

အေခ်ာင္ရတဲ့ဂိုးကို မလိုခ်င္တဲ့  ကြာရာဘတ္နည္းျပ

ကြာရာဘတ္တိုက္စစ္မႉး အီဘရာဟီမာ ဝါဂ်ီဟာ

အံ့အားသင့္ဖြယ္ လက္ထိသြင္းဂိုးကို သြင္းယူခဲ့ၿပီး

ဒိုင္လူႀကီးက ဂိုးအျဖစ္ခြင့္ျပဳခဲ့ေပမယ့္ ကြာရာဘတ္နည္းျပက

ဂိုးအျဖစ္ ခြင့္မျပဳေပးဖို႔ ေျပာခဲ့တာေၾကာင့္ ပယ္ဖ်က္ျခင္းခံခဲ့ရပါတယ္။

ဝါဂ်ီဟာ မာေဆးလ္ ဂိုးသမား မန္ဒန္ဒါကို အလဲထိုးႏိုင္ဖို႔အတြက္

၎ရဲ႕ လက္ကို အသုံးျပဳၿပီး ၃၄ မိနစ္မွာ ဘတ္စ္ကက္ေဘာကစားသလို

ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ

ယူ႐ိုပါကြန္းဖရင့္လိဂ္ play-off ပြဲစဥ္မွာ အစပိုင္းတုန္းက

အဲဒီသြင္းဂိုးကို ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္းခံခဲ့ရတာျဖစ္ၿပီး

ဒိုင္လူႀကီးဟာ လက္ထိေဘာကို မျမင္ေတြ႕ခဲ့တာနဲ႔

ဗိုလ္လုပြဲမွာသာ VAR ရွိတာတို႔ေၾကာင့္ ျဖစ္ပါတယ္။

ကြာရာဘတ္နည္းျပ ဂါဘန္ ဂါဘာေနာ့ဗ္က ဝါဂ်ီနဲ႔ စကားေျပာဆိုခဲ့ၿပီး

၎ရဲ႕ တိုက္စစ္မႉး လိမ္လည္သြင္းယူခဲ့တဲ့ဂိုးဟာ

အားကစားသမားမပီသတာေၾကာင့္ ဂိုးကို လက္မခံဖို႔အတြက္ ေဖ်ာင္းဖ်ခဲ့ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ဝါဂ်ီလည္း ၎ရဲ႕ မေလ်ာ္မကန္တဲ့

အျပဳအမူကို ဒိုင္လူႀကီးဆီမွာ သြားေရာက္ ဝန္ခံေျပာဆိုခဲ့ပုံေပၚခဲ့ပါတယ္။