အချိန်ပိုနောက်ဆုံးမိနစ်မှာ ဂျူဗင်တပ်ကို အသည်းခွဲပြီး လှောင်အိမ်ထဲက ခြင်္သေ့တစ်ကောင်းလို့ ဟစ်ကြွေးလိုက်တဲ့ ဆန်းချက်ဇ်

အီတလီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အလက်ဆစ်ဆန်းချက်ဇ်ဟာ

အချိန်ပိုနောက်ဆုံးမိနစ်မှာ ဂျူဗင်တပ်ကို အသည်းခွဲပြီး

အင်တာကို ၆ ကြိမ်မြောက်ဗိုလ်စွဲစေခဲ့ပါတယ်။

အဲဒီပွဲမှာ မက်ကင်နီဟာ ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးစသွင်းပေးနိုင်ခဲ့ပေမယ့်

ပထမပိုင်းအတွင်းမှာပဲ လော်တာရိုမာတီနက်ဇ်ရဲ့ပင်နယ်တီဂိုးနဲ့

အင်တာဟာ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း အနိုင်အရှုံးမပေါ်လို့

အချိန်ပိုမိနစ် ၃၀ ထပ်ကစားခဲ့ရပါတယ်။

အဲဒီမှာလည်း မိနစ် ၁၂၀ ရောက်တဲ့အထိ အဖြေမပေါ်ခဲ့လို့

ပင်နယ်တီအဆုံးအဖြတ်ယူဖို့တောင် ပြင်ဆင်ခဲ့တာပါ။

ဒါပေမဲ့ အချိန်ပိုဒုတိယပိုင်းရဲ့နာကျင်အချိန်ပိုဖြစ်တဲ့ ၁၂၁ မိနစ်အရောက်မှာ

ဆန်းချက်ဇ်က အင်တာဗိုလ်စွဲစေမယ့် အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။

အဲဒီအာဆင်နယ်နဲ့မန်ယူကြယ်ပွင့်ဟောင်းဟာ ဒုတိယပိုင်း ၇၅ မိနစ်ရောက်မှ

ချေပဂိုးသွင်းခဲ့တဲ့ လော်တာရိုအစား လူစားဝင်လာခဲ့တာပါ။

ဆန်းချက်ဇ်ရဲ့ဂိုးဟာ အီတလီစူပါဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်

နောက်အကျဆုံးဂိုးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

သူ့ဂိုးနဲ့ အင်တာကို ဗိုလ်စွဲစေပြီးနောက်မှာတော့

အဲဒီချီလီသားက သူ့ကိုယ်သူ လှောင်အိမ်ထဲက

ခြင်္သေ့တစ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

”ချန်ပီယံတွေဆိုတာ ဒီလိုပါပဲ။ သူတို့ပိုကစားရလေ

ပိုကောင်းတယ်လို့ သူတို့ခံစားရလေပါ။ ဘယ်သူမှ မလုပ်နိုင်တာမျိုးကို

သူတို့လုပ်နိုင်ပါတယ်။ မကစားရချိန်မှာ လှောင်အိမ်ထဲက

ခြင်္သေ့တစ်ကောင်လို ခံစားရကြောင်း ကျွန်တော်အမြဲပြောခဲ့ပါတယ်။

တစ်နေ့မှာ ကွန်တီ(လက်ရှိစပါးနည်းပြ)ရောက်လာပြီး

မင်းက ဘယ်သူနဲ့မှ မတူဘူးလို့ ပြောပါတယ်။

သူက ကျွန်တော့်ကို နောက်ဆုံး ၁၅ မိနစ်ဝင်ကစားစေပြီး

ကျွန်တော်က ပွဲအဖြေပြောင်းအောင် လုပ်ပေးနိုင်လို့ပါ။

စောစောသုံးရင်လည်း ကွဲပြားအောင်

ကျွန်တော်လုပ်ပေးနိုင်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

ဒါဟာ ခြင်္သေ့တစ်ကောင်ရဲ့ဟိန်းသံပါပဲ”လို့

ပွဲအပြီးမှာ ဆန်းချက်ဇ်က ပြောခဲ့တာပါ။

zawgyi

အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ ဂ်ဴဗင္တပ္ကို အသည္းခြဲၿပီး ေလွာင္အိမ္ထဲက ျခေသၤ့တစ္ေကာင္းလို႔ ဟစ္ေႂကြးလိုက္တဲ့ ဆန္းခ်က္ဇ္

အီတလီစူပါဖလားဗိုလ္လုပြဲစဥ္မွာ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ

အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ ဂ်ဴဗင္တပ္ကို အသည္းခြဲၿပီး

အင္တာကို ၆ ႀကိမ္ေျမာက္ဗိုလ္စြဲေစခဲ့ပါတယ္။

အဲဒီပြဲမွာ မက္ကင္နီဟာ ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးစသြင္းေပးႏိုင္ခဲ့ေပမယ့္

ပထမပိုင္းအတြင္းမွာပဲ ေလာ္တာ႐ိုမာတီနက္ဇ္ရဲ႕ပင္နယ္တီဂိုးနဲ႔

အင္တာဟာ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။

သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း အႏိုင္အရႈံးမေပၚလို႔

အခ်ိန္ပိုမိနစ္ ၃၀ ထပ္ကစားခဲ့ရပါတယ္။

အဲဒီမွာလည္း မိနစ္ ၁၂၀ ေရာက္တဲ့အထိ အေျဖမေပၚခဲ့လို႔

ပင္နယ္တီအဆုံးအျဖတ္ယူဖို႔ေတာင္ ျပင္ဆင္ခဲ့တာပါ။

ဒါေပမဲ့ အခ်ိန္ပိုဒုတိယပိုင္းရဲ႕နာက်င္အခ်ိန္ပိုျဖစ္တဲ့ ၁၂၁ မိနစ္အေရာက္မွာ

ဆန္းခ်က္ဇ္က အင္တာဗိုလ္စြဲေစမယ့္ အႏိုင္ဂိုးသြင္းသြားခဲ့ပါတယ္။

အဲဒီအာဆင္နယ္နဲ႔မန္ယူၾကယ္ပြင့္ေဟာင္းဟာ ဒုတိယပိုင္း ၇၅ မိနစ္ေရာက္မွ

ေခ်ပဂိုးသြင္းခဲ့တဲ့ ေလာ္တာ႐ိုအစား လူစားဝင္လာခဲ့တာပါ။

ဆန္းခ်က္ဇ္ရဲ႕ဂိုးဟာ အီတလီစူပါဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္

ေနာက္အက်ဆုံးဂိုးအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

သူ႔ဂိုးနဲ႔ အင္တာကို ဗိုလ္စြဲေစၿပီးေနာက္မွာေတာ့

အဲဒီခ်ီလီသားက သူ႔ကိုယ္သူ ေလွာင္အိမ္ထဲက

ျခေသၤ့တစ္ေကာင္နဲ႔ ခိုင္းႏႈိင္းခဲ့ပါတယ္။

”ခ်န္ပီယံေတြဆိုတာ ဒီလိုပါပဲ။ သူတို႔ပိုကစားရေလ

ပိုေကာင္းတယ္လို႔ သူတို႔ခံစားရေလပါ။ ဘယ္သူမွ မလုပ္ႏိုင္တာမ်ိဳးကို

သူတို႔လုပ္ႏိုင္ပါတယ္။ မကစားရခ်ိန္မွာ ေလွာင္အိမ္ထဲက

ျခေသၤ့တစ္ေကာင္လို ခံစားရေၾကာင္း ကြၽန္ေတာ္အၿမဲေျပာခဲ့ပါတယ္။

တစ္ေန႔မွာ ကြန္တီ(လက္ရွိစပါးနည္းျပ)ေရာက္လာၿပီး

မင္းက ဘယ္သူနဲ႔မွ မတူဘူးလို႔ ေျပာပါတယ္။

သူက ကြၽန္ေတာ့္ကို ေနာက္ဆုံး ၁၅ မိနစ္ဝင္ကစားေစၿပီး

ကြၽန္ေတာ္က ပြဲအေျဖေျပာင္းေအာင္ လုပ္ေပးႏိုင္လို႔ပါ။

ေစာေစာသုံးရင္လည္း ကြဲျပားေအာင္

ကြၽန္ေတာ္လုပ္ေပးႏိုင္တယ္လို႔ ျပန္ေျပာခဲ့ပါတယ္။

ဒါဟာ ျခေသၤ့တစ္ေကာင္ရဲ႕ဟိန္းသံပါပဲ”လို႔

ပြဲအၿပီးမွာ ဆန္းခ်က္ဇ္က ေျပာခဲ့တာပါ။