အချိန်ပိုကစားခွင့်ရစေခဲ့တဲ့ ရိုဒရီဂိုရဲ့သွင်းဂိုးအတွက် မိုဒရစ်ရဲ့ပေးပို့မှုကို ဖာဒီနန် လေးနက်စွာချီးကျူး

BT Sport ရဲ့ ဘောလုံးရေးရာသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က ချဲလ်ဆီးကို
ကျော်ဖြတ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့
ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်ကို အထူးချီးကျူးသွားပါတယ်။
မိုဒရစ်ဟာ ချဲလ်ဆီးကို ဝ-၃ ဂိုးနဲ့ အရေးနိမ့်နေချိန်
ရီးရဲလ်အသင်း ပြန်လာနိုင်မှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး

ရီးရဲလ်လည်း ဘန်ဇီးမားရဲ့အချိန်ပိုသွင်းဂိုးကြောင့်
ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
ခရိုအေးရှားလက်ရွေးစင် မိုဒရစ်ဟာ ချဲလ်ဆီးခံစစ်ကို
ကျော်ဖြတ်ကာ ခြေခုံနဲ့ Twist ထည့်ကာ
ရိုဒရီဂိုဆီ ကွက်တိခင်ပေးလိုက်တာဖြစ်ပြီး

ဘရာဇီးသား ရိုဒရီဂိုကလည်း အမှားအယွင်းမရှိ
မြေမကျပိတ်သွင်းနိုင်ခဲ့လို့ ရီးရဲလ်လည်း ချေပဂိုးရခဲ့တာပါ။
နှစ်ကျော့ပေါင်း ၄-၄ ဂိုးဖြစ်သွားလို့ အချိန်ပိုဆက်ကစားရာမှာတော့
ရီးရဲလ်အတွက် ဘန်ဇီးမားက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
”ကျွန်တော် ဒီနေ့ ဆွံ့အမိသွားတာက မိုဒရစ်ရဲ့ပေးပို့မှုကြောင့်ပါ။

သူ့ရဲ့ပေးပို့မှုကတော့ လွန်လွန်းပါတယ်ဗျာ။
ဒါကြောင့်လည်း ကျွန်တော် သူ့နာမည်ကို
အမှားမှားအယွင်းယွင်းဖြစ်တဲ့အထိ အော်ဟစ်ခဲ့တာပါ”လို့ ဖာဒီနန်က ေြာပါတယ်။
အပြောင်းအရွှေ့ဂုရုကြီး ရိုမာနိုကလည်း
”မိုဒရစ်ရဲ့ဖန်တီးမှုကို ပြတိုက်မှာ ရန်ပုံငွေအဖြစ် ပြသသင့်ပါတယ်။

သူ့ရဲ့ဖန်တီးမှုက ဘောလုံးအားကစားမဟုတ်ပါဘူး။ အနုပညာဖန်တီးမှုပါ”လို့ ရေးသားပါတယ်။

Zawgyi

အခ်ိန္ပိုကစားခြင့္ရေစခဲ့တဲ့ ရိုဒရီဂိုရဲ႕သြင္းဂိုးအတြက္ မိုဒရစ္ရဲ႕ေပးပုိ႔မႈကို ဖာဒီနန္ ေလးနက္စြာခ်ီးက်ဴး

BT Sport ရဲ႕ ေဘာလုံးေရးရာသုံးသပ္သူအျဖစ္ ေဆာင္ရြက္ခဲ့တဲ့
ယူႏုိက္တက္ဂႏၳ၀င္ေနာက္ခံလူ ရီယိုဖာဒီနန္က ခ်ဲလ္ဆီးကို
ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့
ရီးရဲလ္ကြင္းလယ္လူ မုိဒရစ္ကို အထူးခ်ီးက်ဴးသြားပါတယ္။
မုိဒရစ္ဟာ ခ်ဲလ္ဆီးကို ၀-၃ ဂိုးနဲ႔ အေရးနိမ့္ေနခ်ိန္

ရီးရဲလ္အသင္း ျပန္လာႏိုင္မႈမွာ အဓိကေနရာကေန ပါ၀င္ခဲ့ၿပီး
ရီးရဲလ္လည္း ဘန္ဇီးမားရဲ႕အခ်ိန္ပိုသြင္းဂိုးေၾကာင့္
ဆီမီးဖိုင္နယ္ တက္ေရာက္သြားပါတယ္။
ခရိုေအးရွားလက္ေရြးစင္ မုိဒရစ္ဟာ ခ်ဲလ္ဆီးခံစစ္ကို
ေက်ာ္ျဖတ္ကာ ေျခခုံနဲ႔ Twist ထည့္ကာ

ရိုဒရီဂိုဆီ ကြက္တိခင္ေပးလုိက္တာျဖစ္ၿပီး
ဘရာဇီးသား ရိုဒရီဂိုကလည္း အမွားအယြင္းမရွိ
ေျမမက်ပိတ္သြင္းႏိုင္ခဲ့လို႔ ရီးရဲလ္လည္း ေခ်ပဂိုးရခဲ့တာပါ။
ႏွစ္ေက်ာ့ေပါင္း ၄-၄ ဂိုးျဖစ္သြားလုိ႔ အခ်ိန္ပိုဆက္ကစားရာမွာေတာ့
ရီးရဲလ္အတြက္ ဘန္ဇီးမားက အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

”ကၽြန္ေတာ္ ဒီေန႔ ဆြံ႕အမိသြားတာက မုိဒရစ္ရဲ႕ေပးပို႔မႈေၾကာင့္ပါ။
သူ႕ရဲ႕ေပးပို႔မႈကေတာ့ လြန္လြန္းပါတယ္ဗ်ာ။
ဒါေၾကာင့္လည္း ကၽြန္ေတာ္ သူ႕နာမည္ကို
အမွားမွားအယြင္းယြင္းျဖစ္တဲ့အထိ ေအာ္ဟစ္ခဲ့တာပါ”လို႔ ဖာဒီနန္က ေျာပါတယ္။
အေျပာင္းအေရႊ႕ဂုရုႀကီး ရိုမာႏိုကလည္း

”မိုဒရစ္ရဲ႕ဖန္တီးမႈကို ျပတိုက္မွာ ရန္ပုံေငြအျဖစ္ ျပသသင့္ပါတယ္။
သူ႕ရဲ႕ဖန္တီးမႈက ေဘာလုံးအားကစားမဟုတ္ပါဘူး။ အႏုပညာဖန္တီးမႈပါ”လုိ႔ ေရးသားပါတယ္။