အချိန်တိုင်းနီးပါး မက်ဆီ လှောင်ပြောင်ခံခဲ့ရတာ ဘယ်လောက်များရင်နာဖို့ ကောင်းလိုက်သလဲ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ယမန်နေ့ညက

ဘော်ဒိုးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘောလုံးထိလိုက်တိုင်း
ကိုယ့်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်း ခံခဲ့ရသလို
ပွဲမတိုင်ခင် လူစာရင်းကြေညာလို့ သူ့နာမည်
ထွက်ပေါ်လာတဲ့အချိန်မှာလည်း ပရိသတ်တွေ
ဆိုးဆိုးရွားရွား လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။


မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ
ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့
ရောက်လာခဲ့ပေမယ့် အသင်းသစ်မှာ

အထိုင်ကျဖို့ ရုန်းကန်နေရပြီး အသင်းကလည်း
ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို ၃-၁ ဂိုးနဲ့
အရေးနိမ့်ကာ ၁၆သင်းအဆင့်ကနေ
စောစောစီးစီးထွက်ခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းပရိသတ်တွေဟာ ချန်ပီယံလိဂ်ကနေ

ထွက်ခဲ့ရပြီးနောက် အသင်းသားအများစုအပေါ်
ဒေါသထွက်နေပြီး အထူးသဖြင့် မက်ဆီနဲ့နေမာတို့ကို
ပေါက်ကွဲနေတာကြောင့် ဘော်ဒိုးနဲ့ပွဲမှာ
သူတို့နှစ်ယောက်ကို အဓိကအားဖြင့် လှောင်ပြောင်ခဲ့ကြပါတယ်။


ရီးရဲလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုး
သွင်းယူခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက
တိုက်စစ်မှူး ၃ဦးအနက် ပီအက်စ်ဂျီပရိသတ်တွေ
မလှောင်ဘဲ အားပေးတဲ့တစ်ဦးတည်းသော

ကစားသမားဖြစ်ခဲ့ပါတယ်။
ကွင်းလယ်လူ ဝစ်ချ်နယ်ဒမ်းကလည်း ရီးရဲလ်နဲ့ပွဲမှာ
ပါဝင်ခွင့်မရခဲ့ပေမယ့် ဘော်ဒိုးနဲ့ပွဲမှာ
ဘောလုံးထိလိုက်တိုင်း ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်း ခံခဲ့ရပါတယ်။
”အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။

ဒီလိုနည်းလမ်းမျိုးနဲ့ မက်ဆီကို
ဘယ်လောက်များ မလေးမစား
လုပ်ရက်ရတာလဲလို့ဗျာ”
”ခင်ဗျားတို့ရဲ့ကလပ်က
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး

ကစားသမားကို ဘယ်လိုသုံးရမလဲဆိုတာ
မသိဘဲ ဒီလိုလှောင်ပြောင်နေတာ
မလွန်လွန်းဘူးလား”
”ချစ်ရတဲ့ ပီအက်စ်ဂျီပရိသတ်တွေရေ…
မက်ဆီရဲ့ ဘယ်ခြေက

ခင်ဗျားတို့အသင်းရဲ့ တည်ရှိမှုထက်
ပိုကြီးကျယ်ပါတယ်”
”အသင်းကနေ ထွက်သွားလိုက်စမ်းပါမက်ဆီရေ…
သူတု့ိက ခင်ဗျားနဲ့ မထိုက်တန်ပါဘူး”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။