
ကိုလုံးအသင်းနည်းပြ စတီဗင်ဘမ်ဂတ်ဟာ ကိုဗစ်-၁၉ ဖြစ်နေလို့ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က
သူ့အသင်းရဲ့ပွဲစဉ်မှာ ကွင်းဘေးကနေ ကြီးကြပ်ခွင့်မရခဲ့ပေမယ့်
အဲဒီပွဲကို အိမ်မှာ မိသားစုဝင်တွေနဲ့အတူ ကြည့်ရင်း ကွင်းဘေးမှာ နည်းပြအဖြစ်
ကြီးကြပ်နေတဲ့ပုံစံမျိုး တစ်ပွဲလုံး အော်ဟစ်ညွှန်ကြားခဲ့ပါတယ်။
အသက် ၅၀ အရွယ်ရှိ ဘမ်ဂတ်ဟာ ကိုဗစ်ဖြစ်နေလို့ ဖရိုင်းဘတ်ကို ၁-၀ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲကို တိုက်ရိုက်ပွဲကြီးကြပ်ခွင့်မရခဲ့ဘဲ အိမ်ကနေသာ
ကြည့်ရှုအားပေးခဲ့ရပါတယ်။
အဲဒီမှာ သူ့ရဲ့သမီးဖြစ်သူက TikTok မှာ ဘမ်ဂတ်ရဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့
ကိုလုံးအသင်းပွဲစဉ်ကို ကြည့်ရှုအားပေးနေတဲ့အကြောင်း
ဗီဒီယို တင်လိုက်ပြီး နောက်ဆုံး သူ့အိမ်မှာ မွေးထားတဲ့ ခွေးကြီးကတောင်
သူ့သခင်ကို စိတ်လျှော့ဖို့ လိုက်ထိန်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။
ဘမ်ဂတ်ဟာ ကိုလုံးအသင်းရဲ့ပွဲစဉ်ကို တီဗွီကနေ တောက်လျှောက်ကြည့်ရှုအားပေးခဲ့ပြီး
တစ်ခါတလေ ကိုယ်က အိမ်ကနေ ကြည့်နေတာကို မေ့သွားကာ အရင်လိုကွင်းဘေးကနေ
ကြီးကြပ်နေတယ်အမှတ်နဲ့ အော်ဟစ်ညွန်ကြားခဲ့သလို တစ်မိနစ်ကြာမြင့်တဲ့ အဲဒီဗီဒီယိုဖိုင်ထဲမှာ
ဘမ်ဂတ်က ဆိုဖာခုံလေးနား ငုတ်တုပ်ထိုင်လိုက်၊ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့
ကွင်းဘေးစည်းမှာ ရှိနေတဲ့ပုံစံမျိုး လုပ်ဆောင်ခဲ့တာပါ။
အဲဒီမှာ တီဗွီရှေ့ စိတ်မချနိုင်ပုံစံနဲ့ မတ်တပ်ရပ်ပြီး အသင်းသားတွေ မကြားနိုင်မှန်း သိပေမယ့်
အော်ကြီးဟစ်ကျယ်နဲ့ ညွန်ကြားခဲ့တဲ့ ဘမ်ဂတ်ကို အချစ်တော်ခွေးကြီးက
ပခုံးပေါ် သူ့လက်နှစ်ဘက် တင်ကာ အေးဆေးထိုင်ပြီး စိတ်အေးအေးထားဖို့ နှစ်သိမ့်ခဲ့ပါတယ်။
နောက်ထပ်ထူးခြားတာက ဘမ်ဂတ်ဟာ အိမ်မှာ ရှိနေတာမှန်ပေမယ့် ကိုလုံးအသင်းရဲ့ပွဲစဉ်ကို
ကွင်းဘေးမှာ ကြီးကြပ်တဲ့ပုံစံအတိုင်း တစ်ထေရာတည်း ဝတ်ဆင်ခဲ့တာဖြစ်ပြီး
ဦးထုပ်ပါဆောင်းထားခဲ့တာပါ။
အဲဒီဗီဒီယိုဖိုင်ကို အင်္ဂလန်တိုက်စစ်မှူးဟောင်းလည်းဖြစ်၊
Match of the Day presenter လည်းဖြစ်တဲ့ လိုင်နီကာက ပြန်လည်မျှဝေခဲ့ပြီး
ခွေးကြီးက စတုတ္ထဒိုင်လူကြီးလိုပဲ နည်းပြကို စိတ်လျှော့ဖို့
လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘမ်ဂတ်အတွက်တော့ ကျေနပ်စရာရလဒ်ဖြစ်ခဲ့ပြီး
ကိုလုံးအသင်းက တိုက်စစ်မှူး မိုဒက်စ်တီရဲ့ သွင်းဂိုးကြောင့် ဖရိုင်းဘတ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက တန်းမဆင်းရရေး Play-offs ကစားခဲ့ရတဲ့ ကိုလုံးဟာ ဒီရာသီမှာတော့
ခြေစွမ်းပြနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေလို့
ရာသီအကုန်မှာ ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှင်သန်နေပါတယ်။
zawgyi
အခ်စ္ေတာ္ေခြးႀကီးကေတာင္ ျပန္ထိန္းခဲ့ရတဲ့ ကိုလုံးအသင္းနည္းျပရဲ႕ စိတ္အားတက္ႂကြမႈ
ကိုလုံးအသင္းနည္းျပ စတီဗင္ဘမ္ဂတ္ဟာ ကိုဗစ္-၁၉ ျဖစ္ေနလို႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္က
သူ႔အသင္းရဲ႕ပြဲစဥ္မွာ ကြင္းေဘးကေန ႀကီးၾကပ္ခြင့္မရခဲ့ေပမယ့္
အဲဒီပြဲကို အိမ္မွာ မိသားစုဝင္ေတြနဲ႔အတူ ၾကည့္ရင္း ကြင္းေဘးမွာ နည္းျပအျဖစ္
ႀကီးၾကပ္ေနတဲ့ပုံစံမ်ိဳး တစ္ပြဲလုံး ေအာ္ဟစ္ၫႊန္ၾကားခဲ့ပါတယ္။
အသက္ ၅၀ အ႐ြယ္ရွိ ဘမ္ဂတ္ဟာ ကိုဗစ္ျဖစ္ေနလို႔ ဖ႐ိုင္းဘတ္ကို ၁-၀ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲကို တိုက္႐ိုက္ပြဲႀကီးၾကပ္ခြင့္မရခဲ့ဘဲ အိမ္ကေနသာ
ၾကည့္ရႈအားေပးခဲ့ရပါတယ္။
အဲဒီမွာ သူ႔ရဲ႕သမီးျဖစ္သူက TikTok မွာ ဘမ္ဂတ္ရဲ႕ စိတ္အားထက္သန္မႈအျပည့္နဲ႔
ကိုလုံးအသင္းပြဲစဥ္ကို ၾကည့္ရႈအားေပးေနတဲ့အေၾကာင္း
ဗီဒီယို တင္လိုက္ၿပီး ေနာက္ဆုံး သူ႔အိမ္မွာ ေမြးထားတဲ့ ေခြးႀကီးကေတာင္
သူ႔သခင္ကို စိတ္ေလွ်ာ့ဖို႔ လိုက္ထိန္းခဲ့ရတဲ့အထိျဖစ္ခဲ့ပါတယ္။
ဘမ္ဂတ္ဟာ ကိုလုံးအသင္းရဲ႕ပြဲစဥ္ကို တီဗြီကေန ေတာက္ေလွ်ာက္ၾကည့္ရႈအားေပးခဲ့ၿပီး
တစ္ခါတေလ ကိုယ္က အိမ္ကေန ၾကည့္ေနတာကို ေမ့သြားကာ အရင္လိုကြင္းေဘးကေန
ႀကီးၾကပ္ေနတယ္အမွတ္နဲ႔ ေအာ္ဟစ္ၫြန္ၾကားခဲ့သလို တစ္မိနစ္ၾကာျမင့္တဲ့ အဲဒီဗီဒီယိုဖိုင္ထဲမွာ
ဘမ္ဂတ္က ဆိုဖာခုံေလးနား ငုတ္တုပ္ထိုင္လိုက္၊ ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္နဲ႔
ကြင္းေဘးစည္းမွာ ရွိေနတဲ့ပုံစံမ်ိဳး လုပ္ေဆာင္ခဲ့တာပါ။
အဲဒီမွာ တီဗြီေရွ႕ စိတ္မခ်ႏိုင္ပုံစံနဲ႔ မတ္တပ္ရပ္ၿပီး အသင္းသားေတြ မၾကားႏိုင္မွန္း သိေပမယ့္
ေအာ္ႀကီးဟစ္က်ယ္နဲ႔ ၫြန္ၾကားခဲ့တဲ့ ဘမ္ဂတ္ကို အခ်စ္ေတာ္ေခြးႀကီးက
ပခုံးေပၚ သူ႔လက္ႏွစ္ဘက္ တင္ကာ ေအးေဆးထိုင္ၿပီး စိတ္ေအးေအးထားဖို႔ ႏွစ္သိမ့္ခဲ့ပါတယ္။
ေနာက္ထပ္ထူးျခားတာက ဘမ္ဂတ္ဟာ အိမ္မွာ ရွိေနတာမွန္ေပမယ့္ ကိုလုံးအသင္းရဲ႕ပြဲစဥ္ကို
ကြင္းေဘးမွာ ႀကီးၾကပ္တဲ့ပုံစံအတိုင္း တစ္ေထရာတည္း ဝတ္ဆင္ခဲ့တာျဖစ္ၿပီး
ဦးထုပ္ပါေဆာင္းထားခဲ့တာပါ။
အဲဒီဗီဒီယိုဖိုင္ကို အဂၤလန္တိုက္စစ္မႉးေဟာင္းလည္းျဖစ္၊
Match of the Day presenter လည္းျဖစ္တဲ့ လိုင္နီကာက ျပန္လည္မွ်ေဝခဲ့ၿပီး
ေခြးႀကီးက စတုတၳဒိုင္လူႀကီးလိုပဲ နည္းျပကို စိတ္ေလွ်ာ့ဖို႔
လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဘမ္ဂတ္အတြက္ေတာ့ ေက်နပ္စရာရလဒ္ျဖစ္ခဲ့ၿပီး
ကိုလုံးအသင္းက တိုက္စစ္မႉး မိုဒက္စ္တီရဲ႕ သြင္းဂိုးေၾကာင့္ ဖ႐ိုင္းဘတ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက တန္းမဆင္းရေရး Play-offs ကစားခဲ့ရတဲ့ ကိုလုံးဟာ ဒီရာသီမွာေတာ့
ေျခစြမ္းျပေနၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနလို႔
ရာသီအကုန္မွာ ဥေရာပဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ ရွင္သန္ေနပါတယ္။