အခုမှ တကယ့် လုပ်ငန်းကြီး စလုပ်တော့မှာဆိုတဲ့ ဆောက်ဂိတ်

အိမ်နီးချင်းပြိုင်ဘက် ဝေးလ်ကို အနိုင်ရပြီးတဲ့နောက် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တာကြောင့် အခုမှ တကယ့် လုငန်းကြီးတွေ

စပြီး လုပ်ရတော့မယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောဆိုလိုက် ပါတယ်။ အင်္ဂလန်ဟာ အင်္ဂါညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝေးလ်အသင်းနဲ့ ၁၀၄ ကြိမ်မြောက် တွေ့ဆုံခဲ့တာဖြစ်ပြီး ၃-၀ ဂိုးနဲ့

အနိုင်ရခဲ့ပြီးတဲ့နောက် အုပ်စု (B) ရဲ့ ထိပ်ဆုံးနေရာကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို မျိုး အုပ်စု ထိပ်ဆုံးနေရာ ရခဲ့တဲ့အတွက် အင်္ဂလန်လာ အုပ်စု (A) က ဒုတိယ အသင်းဖြစ်တဲ့

ဆီနီဂေါနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ ကစားရတော့မှာ ဖြစ်ပါတယ်။ အခုလိုမျိုး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ တဲ့အတွက် အောင်ပွဲခံခဲ့ဲကြပေမဲ့ ဘီယာသောက်ခွင့် လုံး၀

မရှိတာကြောင့် ဖျော်ရည်တွေနဲ့ပဲ အောင်ပွဲခံမယ့် အကြောင်းကိုလည်း ဆောက်ဂိတ်က ဝေးလ်နဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ‘’ဟိုတယ်မှာ မစ်ရှိတ်တွေ အများ ကြီး ဖျော်ထားတယ်။ အားလုံးက

မတူကွဲပြားနေတာတွေချည်းပဲလေ။ မဟုတ် ဘူးလား။ ဒါကို ကျွန်တော်တို့ လက်ခံပေးရမှာပေါ့။ ကျွန်တော်တို့ရဲ့ အခြေချ ရာ စခန်းလေးကို ကျွန်တော်တို့ မြတ်နိုးပါတယ်။ ဟိုတယ်မှာ ဝန်ဆောင်မှု ပေးနေကြတဲ့

လူတွေကလည်း တကယ့်ကို လက်ဖျားခါလောက်တယ်ဗျာ။ ဒီထက် ပိုပြီး မကောင်းနိုင်ပါဘူး။ တခြားလူတွေအကုန်လုံးနဲ့လည်း ကျွန်တော်တို့ အဆင်ပြေနေပါတယ်။ ကစားသမားတွေကတော့ မွန်းကျပ်တာပေါ့ဗျာ။

ဒီလို အခြေအနေမျိုးမှာတော့ ကျွန်တော်တို့ အရမ်းကျေနပ်ပါတယ်။ မှန်ပါတယ်။ လုပ်ငန်းကြီးက အခုမှ စတော့မှာပါ’’ လို့ ဆောက်ဂိတ်က ဝေးလ်နဲ့ ပွဲစဉ်အပြီး မှာ ပြောဆိုသွားခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

အင်္ဂလန်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ မန်စီးတီး တောင်ပံကစားသမား ဖိုဒန်ဟာဆိုရင် လည်း အဲဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖိုဒန်ကတော့ ဦးစားပေး အဆင့်မှာ ရှိတဲ့ အခြေအနေမျိုးမဟုတ်ဘဲ

လာမယ့် ဆီနီဂေါနဲ့ ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုပဲ ပွဲထွက်စာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

(Zawgyi)

အခုမွ တကယ့္ လုပ္ငန္းႀကီး စလုပ္ေတာ့မွာဆုိတဲ့ ေဆာက္ဂိတ္

အိမ္နီးခ်င္းၿပိဳင္ဘက္ ေ၀းလ္ကုိ အႏုိင္ရၿပီးတဲ့ေနာက္ ကမာၻ႔ဖလား ၁၆ သင္း အဆင့္ကုိ တက္ေရာက္သြားႏုိင္ခဲ့ၿပီျဖစ္တာေၾကာင့္ အခုမွ တကယ့္ လုငန္းႀကီးေတြ စၿပီး လုပ္ရေတာ့မယ္လုိ႔

အဂၤလန္နည္းျပ ေဆာက္ဂိတ္က ေျပာဆုိလုိက္ ပါတယ္။ အဂၤလန္ဟာ အဂၤါညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ေ၀းလ္အသင္းနဲ႔ ၁၀၄ ႀကိမ္ေျမာက္ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ၃-၀ ဂုိိးနဲ႔ အႏုိင္ရခဲ့ၿပီးတဲ့ေနာက္

အုပ္စု (B) ရဲ႕ ထိပ္ဆုံးေနရာကေန ေနာက္တစ္ဆင့္ တက္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အခုလုိ မ်ဳိး အုပ္စု ထိပ္ဆုံးေနရာ ရခဲ့တဲ့အတြက္ အဂၤလန္လာ အုပ္စု (A) က ဒုတိယ အသင္းျဖစ္တဲ့ ဆီနီေဂါနဲ႔ ၁၆ သင္းအဆင့္ပြဲစဥ္ကုိ

လာမယ့္ တနဂၤေႏြေန႔မွာ ကစားရေတာ့မွာ ျဖစ္ပါတယ္။ အခုလုိမ်ဳိး ေနာက္တစ္ဆင့္တက္ေရာက္ႏုိင္ခဲ့ တဲ့အတြက္ ေအာင္ပြဲခံခဲ့ဲၾကေပမဲ့ ဘီယာေသာက္ခြင့္ လုံး၀ မရွိတာေၾကာင့္ ေဖ်ာ္ရည္ေတြနဲ႔ပဲ

ေအာင္ပြဲခံမယ့္ အေၾကာင္းကုိလည္း ေဆာက္ဂိတ္က ေ၀းလ္နဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆုိသြားခဲ့ပါတယ္။ ‘’ဟုိတယ္မွာ မစ္ရွိတ္ေတြ အမ်ား ႀကီး ေဖ်ာ္ထားတယ္။ အားလုံးက

မတူကြဲျပားေနတာေတြခ်ည္းပဲေလ။ မဟုတ္ ဘူးလား။ ဒါကုိ ကၽြန္ေတာ္တုိ႔ လက္ခံေပးရမွာေပါ့။ ကၽြန္ေတာ္တုိ႔ရဲ႕ အေျခခ် ရာ စခန္းေလးကုိ ကၽြန္ေတာ္တုိ႔ ျမတ္ႏုိးပါတယ္။

ဟုိတယ္မွာ ၀န္ေဆာင္မႈ ေပး ေနၾကတဲ့ လူေတြကလည္း တကယ့္ကုိ လက္ဖ်ားခါေလာက္တယ္ဗ်ာ။ ဒီထက္ ပုိၿပီး မေကာင္းႏုိင္ပါဘူး။ တျခားလူေတြအကုန္လုံးနဲ႔လည္း ကၽြန္ေတာ္တုိ႔

အဆင္ေျပေနပါတယ္။ ကစားသမားေတြကေတာ့ မြန္းက်ပ္တာေပါ့ဗ်ာ။ ဒီလုိ အေျခအေနမ်ဳိးမွာေတာ့ ကၽြန္ေတာ္တုိ႔ အရမ္းေက်နပ္ပါတယ္။ မွန္ပါတယ္။ လုပ္ငန္းႀကီးက အခုမွ စေတာ့မွာပါ’’ လုိ႔

ေဆာက္ဂိတ္က ေ၀းလ္နဲ႔ ပြဲစဥ္အၿပီး မွာ ေျပာဆုိသြားခဲ့ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ မန္စီးတီး ေတာင္ပံကစားသမား ဖုိဒန္ဟာဆုိရင္ လည္း

အဲဒီပြဲစဥ္မွာ ဂုိးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ဖုိဒန္ကေတာ့ ဦးစားေပး အဆင့္မွာ ရွိတဲ့ အေျခအေနမ်ဳိးမဟုတ္ဘဲ လာမယ့္ ဆီနီေဂါနဲ႔ ပြဲစဥ္မွာ မန္ယူ တုိက္စစ္မွဴး ရက္ရွ္ဖုိ႔ဒ္ကုိပဲ ပြဲထြက္စာရင္းမွာ ျမင္ေတြ႕ရဖို႔

ရွိေနပါတယ္။