အခုနောက်ပိုင်း အတွေ့ရစိပ်လာတဲ့ ရော်နယ်ဒိုမဟုတ်သော ရော်နယ်ဒိုအောင်ပွဲခံပုံများ

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂိုးသွင်းအပြီး

အောင်ပွဲခံပုံနဲ့ပတ်သက်လို့လည်း နာမည်ကျော်သူဖြစ်ပြီး
SIU အောင်ပွဲခံမှုက ပရိသတ်တွေပါ ရင်းနှီးနေတဲ့အောင်ပွဲခံမှုဖြစ်ပါတယ်။
ဒီနောက်ပိုင်း ရော်နယ်ဒိုမဟုတ်တဲ့ ရော်နယ်ဒိုရဲ့အောင်ပွဲခံမှုပုံစံတွေ
အတွေ့ရစိပ်လာပြီး ဒီတစ်ပတ်ထဲမှာဆိုရင် နှစ်ကြိမ်ရှိခဲ့ပါတယ်။
ထူးခြားတာက နှစ်ယောက်စလုံးဟာ လူငယ်ကစားသမားတွေဖြစ်ပြီး

ရော်နယ်ဒိုနဲ့ ဆက်စပ်တဲ့ကလပ်တွေကဖြစ်ပါတယ်။
ယူနိုက်တက် ယူ၁၈ တိုက်စစ်မှူး ဂါနာချိုဟာ ဗုဒ္ဓဟူးနေ့က
ကျင်းပခဲ့တဲ့ လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ်
ဖောရက်စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယမြောက်ဂိုးကို
ပင်နယ်တီကနေ သွင်းယူခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့

အောင်ပွဲခံမှုပုံစံအတိုင်း SIU ပုံစံ အောင်ပွဲခံသွားခဲ့ပြီး
ယူနိုက်တက်ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးခဲ့ကြပါတယ်။
ဒီလိုပဲ ကြာသပတေးနေ့ကလည်း ရီးရဲလ်တိုက်စစ်မှူး
ဗင်နီစီးယပ်စ်ဟာ လီဗန်တေးကို ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ဟက်ထရစ်သွင်းယူနိုင်ခ့ြဲပီး ရီးရဲလ်ဂန္ထဝင်တိုက်စစ်မှူး

ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်အတိုင်း အပြည့်အဝအောင်ပွဲခံသွားပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ကစားခဲ့စဉ်က အဲဒီအောင်ပွဲခံမှုကို
စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုတော့
တခြားကစားသမားတွေကပါ လိုက်လံအောင်ပွဲခံတဲ့အထိ အောင်မြင်နေပါပြီ။
ရော်နယ်ဒိုရဲ့ SIU အောင်ပွဲခံမှု ဘယ်လောက်နာမည်ကျော်သလဲဆိုရင်

ခါးသီးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းမှာပါ အဲဒီပုံစံနဲ့
အောင်ပွဲခံတာကို မြင်တွေ့ခဲ့ရပါတယ်။
ဘာစီလိုနာလူငယ်ကစားသမားလေး ဖာမင်လိုပက်ဇ်ဟာ
လှပတဲ့နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့ပြီးနောက်
ရော်နယ်ဒိုရဲ့ပုံစံအတိုင်း အတိအကျအောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းက အဲဒီပွဲရဲ့ Highlight ကို
လူမှုမီဒီယာမှာ တင်တဲ့အခါ လိုပက်ဇ်ရဲ့ ရော်နယ်ဒိုပုံစံ
အောင်ပွဲခံမှုကို ဖျက်ထားပြီး ဂိုးသွင်းတာပဲ ပြသခဲ့ပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ လိုပက်ဇ် အောင်ပွဲခံဖို့ ပြေးလွှားချိန်ပဲ
ပါပြီး အဲဒီနောက် ပွဲပြန်စဖို့ ကွင်းလယ်ကို ပြန်လာတဲ့အချိန်ဖြစ်နေတာပါ။

Zawgyi

အခုေနာက္ပိုင္း အေတြ႕ရစိပ္လာတဲ့ ေရာ္နယ္ဒိုမဟုတ္ေသာ ေရာ္နယ္ဒိုေအာင္ပြဲခံပုံမ်ား
ယူႏုိက္တက္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ဂိုးသြင္းအၿပီး

ေအာင္ပြဲခံပုံနဲ႔ပတ္သက္လုိ႔လည္း နာမည္ေက်ာ္သူျဖစ္ၿပီး
SIU ေအာင္ပြဲခံမႈက ပရိသတ္ေတြပါ ရင္းႏွီးေနတဲ့ေအာင္ပြဲခံမႈျဖစ္ပါတယ္။
ဒီေနာက္ပိုင္း ေရာ္နယ္ဒိုမဟုတ္တဲ့ ေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈပုံစံေတြ
အေတြ႕ရစိပ္လာၿပီး ဒီတစ္ပတ္ထဲမွာဆိုရင္ ႏွစ္ႀကိမ္ရွိခဲ့ပါတယ္။
ထူးျခားတာက ႏွစ္ေယာက္စလုံးဟာ လူငယ္ကစားသမားေတြျဖစ္ၿပီး

ေရာ္နယ္ဒိုနဲ႔ ဆက္စပ္တဲ့ကလပ္ေတြကျဖစ္ပါတယ္။
ယူႏုိက္တက္ ယူ၁၈ တုိက္စစ္မွဴး ဂါနာခ်ိဳဟာ ဗုဒၶဟူးေန႔က
က်င္းပခဲ့တဲ့ လူငယ္အက္ဖ္ေအဖလား ဗိုလ္လုပြဲအျဖစ္
ေဖာရက္စ္ကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒုတိယေျမာက္ဂိုးကုိ
ပင္နယ္တီကေန သြင္းယူခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕

ေအာင္ပြဲခံမႈပုံစံအတုိင္း SIU ပုံစံ ေအာင္ပြဲခံသြားခဲ့ၿပီး
ယူႏုိက္တက္ပရိသတ္ေတြကလည္း တစ္ခဲနက္အားေပးခဲ့ၾကပါတယ္။
ဒီလုိပဲ ၾကာသပေတးေန႔ကလည္း ရီးရဲလ္တုိက္စစ္မွဴး
ဗင္နီစီးယပ္စ္ဟာ လီဗန္ေတးကို ၆-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ဟက္ထရစ္သြင္းယူႏိုင္ခ့ၿဲပီး ရီးရဲလ္ဂႏၳ၀င္တုိက္စစ္မွဴး

ေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံဟန္အတုိင္း အျပည့္အ၀ေအာင္ပြဲခံသြားပါတယ္။
ေရာ္နယ္ဒိုဟာ ရီးရဲလ္မွာ ကစားခဲ့စဥ္က အဲဒီေအာင္ပြဲခံမႈကုိ
စတင္အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ၿပီး အခုေတာ့
တျခားကစားသမားေတြကပါ လုိက္လံေအာင္ပြဲခံတဲ့အထိ ေအာင္ျမင္ေနပါၿပီ။
ေရာ္နယ္ဒိုရဲ႕ SIU ေအာင္ပြဲခံမႈ ဘယ္ေလာက္နာမည္ေက်ာ္သလဲဆိုရင္

ခါးသီးၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ ဘာစီလုိနာအသင္းမွာပါ အဲဒီပုံစံနဲ႔
ေအာင္ပြဲခံတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ဘာစီလုိနာလူငယ္ကစားသမားေလး ဖာမင္လိုပက္ဇ္ဟာ
လွပတဲ့ေနာက္ျပန္ကန္ခ်က္နဲ႔ ဂုိးသြင္းႏိုင္ခဲ့ၿပီးေနာက္
ေရာ္နယ္ဒိုရဲ႕ပုံစံအတုိင္း အတိအက်ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမဲ့ ဘာစီလုိနာအသင္းက အဲဒီပြဲရဲ႕ Highlight ကို
လူမႈမီဒီယာမွာ တင္တဲ့အခါ လိုပက္ဇ္ရဲ႕ ေရာ္နယ္ဒိုပုံစံ
ေအာင္ပြဲခံမႈကို ဖ်က္ထားၿပီး ဂိုးသြင္းတာပဲ ျပသခဲ့ပါတယ္။
အဲဒီဗီဒီယိုဖုိင္ထဲမွာ လိုပက္ဇ္ ေအာင္ပြဲခံဖုိ႔ ေျပးလႊားခ်ိန္ပဲ
ပါၿပီး အဲဒီေနာက္ ပြဲျပန္စဖို႔ ကြင္းလယ္ကို ျပန္လာတဲ့အခ်ိန္ျဖစ္ေနတာပါ။