အခုထိမှန်ကန်နေဆဲ ဖာဂူဆန်ရဲ့အဖြေစကား

ခေတ်သစ်ဘောလုံးလောကမှာ စီရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ အကြီးကျယ်ဆုံးနဲ့

အခမ်းနားဆုံးဘောလုံးသမားတွေဖြစ်ကြတယ်ဆိုတာ အားလုံးကလက်သင့်ခံထား

ကြပါတယ်။ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆို
တဲ့အသင်းတွေမှာ ကိုယ်စီပြသခဲ့ကြပြီး စံချိန်တွေအမျိုးမျိုးတင်ခဲ့ကြတာပါ။

ရီးရဲလ်နဲ့ ဘာစီလိုနာဆိုတာ စပိန်ရဲ့မဟာပြိုင်ဘက်နှစ်သင်းဖြစ်တဲ့အတွက်

သူတို့နှစ်ဦးပြိုင်ဆိုင်မှုကလည်းပိုမိုပြင်းထန်ခဲ့ပါတယ်။ ဒီလိုပြင်းထန်တာနဲ့အမျှ

စီရော်နယ်ဒိုနဲ့ မက်ဆီဘယ်သူပိုကောင်းသလဲဆိုတဲ့ အငြင်းပွားမှုဟာလည်း

အခုထိကိုအဆုံးမသတ်နိုင်အောင် ဖြစ်နေဆဲပါဘဲ။

မက်ဆီကြိုက်တဲ့သူကမက်ဆီ၊ စီရော်နယ်ဒိုကြိုက်တဲ့သူကလည်း သူတို့ကစားသမားမှ

ကောင်းတယ်ဆိုကြတာမျိုးပါ။ ဒါပေမယ့်သူတို့ဘယ်သူပိုကောင်းသလဲဆိုတဲ့အပေါ် မန်ယူရဲ့

ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ပေးခဲ့တဲ့မှတ်ချက်လောက်တော့ ဘယ်သူကမှအကျို

အကြောင်းမဆီလျော်ပါဘူး။ ဖာဂူဆန်ဟာ စီရော်နယ်ဒိုကို ၂၀၀၃ မှာခေါ်ယူခဲ့ပြီး

အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်အောင်ပျိုးထောင်ပေးနိုင်ခဲ့တာပါ။

၂၀၁၅ ခုနှစ်ရဲ့တစ်ခုသောနေ့တစ်ရက်မှာ ၁၉၉၁ က ကမ္ဘာ့စနူကာချန်ပီယံဖြစ်ခဲ့တဲ့

ဂျွန်ပါရော့တ်က ဖာဂူဆန်ကို စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းသလဲဗျ လို့

မေးခဲ့တာပါ။ ဒီတော့ ဖာဂူဆန်က” သူတို့နှစ်ဦးထဲမှာဘယ်သူက ကမ္ဘာ့အကောင်းဆုံးလဲ

လို့လူတွေကမေးနေကြတုန်းဘဲ။ အများစုကတော့ မက်ဆီကပိုကောင်းတယ်ပေါ့ဗျာ။

ဒါကိုခင်ဗျားကသွားပြီးအငြင်းပွားလို့မရပါဘူး။ သူကလည်းပင်ကိုယ်ခြေစွမ်း

တကယ်ကောင်းတာကိုး။ ဒါပေမယ့် စီရော်နယ်ဒိုက မီဝေါလ်၊ ကျူပီအာနဲ့ ဒွန်ကက်

စတာရိုဗာ လိုအသင်းတွေမှာသာမက ဘယ်အသင်းမှာမဆိုကစားနိုင်စွမ်းရှိပြီး

ဒီအသင်းလေးတွေနဲ့အတူတစ်ပွဲတည်းမှာလည်း ဟက်ထရစ်ရယူနိုင်စွမ်းရှိနေတာပါ။

ဒါမျိုးကိုမက်ဆီလုပ်ပြနိုင်မယ်လို့ ကျွန်တော်မထင်ဘူးဗျ။ စီရော်နယ်ဒိုဟာ

ခြေထောက်နှစ်ချောင်းစလုံးကိုအသုံးချနိုင်ပြီး လျင်မြန်သလိုလေထဲမှာလည်း

သိပ်ကောင်းပြီး ရဲရင့်မှုလည်းအပြည့်ရှိတယ်။ မက်ဆီလည်းရဲရင့်တာဘဲလေ။

ဒါပေမယ့် သူကဘာစီလိုနာတစ်သင်းတည်းမှာဘဲ ကစားတတ်တာ” လို့ပြောခဲ့တာပါ။

ဒါဟာဖာဂူဆန်ရဲ့ပါးနပ်ပြီး ရှေ့ကိုလည်းကြိုမြင်တဲ့ အဖြေပါဘဲ။ စီရော်နယ်ဒိုဟာ

ရီးရဲလ်ကနေထွက်ပြီးနောက် ဂျူဗင်တပ်မှာခြေစွမ်းပြစွမ်းဆောင်ခဲ့တဲ့အပြင်

မန်ယူကိုပြန်လာတော့လည်း ခြေစွမ်းဆက်ပြနေတာပါဘဲ။ မက်ဆီကတော့

ဘာစီလိုနာကထွက်ပြီးနောက် ပီအက်စ်ဂျီအတွက် လီဂူး ၁ မှာတစ်ဂိုးသာသွင်းနိုင်

သေးတာကိုကြည့်ရင် ဖာဂူဆန်ကြီးရဲ့စကားသွေးထွက်အောင်မှန်နေဆဲဘဲဆိုတာ

တွေ့ရမှာပါ။

Zawgyi

အခုထိမွန္ကန္ေနဆဲ ဖာဂူဆန္ရဲ႕အေျဖစကား

ေခတ္သစ္ေဘာလုံးေလာကမွာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီဆိုတာ အႀကီးက်ယ္ဆုံးနဲ႔

အခမ္းနားဆုံးေဘာလုံးသမားေတြျဖစ္ၾကတယ္ဆိုတာ အားလုံးကလက္သင့္ခံထား

ၾကပါတယ္။ သူတို႔ရဲ႕အေကာင္းဆုံးေျခစြမ္းေတြကို ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာဆို
တဲ့အသင္းေတြမွာ ကိုယ္စီျပသခဲ့ၾကၿပီး စံခ်ိန္ေတြအမ်ိဳးမ်ိဳးတင္ခဲ့ၾကတာပါ။

ရီးရဲလ္နဲ႔ ဘာစီလိုနာဆိုတာ စပိန္ရဲ႕မဟာၿပိဳင္ဘက္ႏွစ္သင္းျဖစ္တဲ့အတြက္

သူတို႔ႏွစ္ဦးၿပိဳင္ဆိုင္မႈကလည္းပိုမိုျပင္းထန္ခဲ့ပါတယ္။ ဒီလိုျပင္းထန္တာနဲ႔အမွ်

စီေရာ္နယ္ဒိုနဲ႔ မက္ဆီဘယ္သူပိုေကာင္းသလဲဆိုတဲ့ အျငင္းပြားမႈဟာလည္း

အခုထိကိုအဆုံးမသတ္ႏိုင္ေအာင္ ျဖစ္ေနဆဲပါဘဲ။

မက္ဆီႀကိဳက္တဲ့သူကမက္ဆီ၊ စီေရာ္နယ္ဒိုႀကိဳက္တဲ့သူကလည္း သူတို႔ကစားသမားမွ

ေကာင္းတယ္ဆိုၾကတာမ်ိဳးပါ။ ဒါေပမယ့္သူတို႔ဘယ္သူပိုေကာင္းသလဲဆိုတဲ့အေပၚ မန္ယူရဲ႕

ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ေပးခဲ့တဲ့မွတ္ခ်က္ေလာက္ေတာ့ ဘယ္သူကမွအက်ိဳ

အေၾကာင္းမဆီေလ်ာ္ပါဘူး။ ဖာဂူဆန္ဟာ စီေရာ္နယ္ဒိုကို ၂၀၀၃ မွာေခၚယူခဲ့ၿပီး

အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ျဖစ္ေအာင္ပ်ိဳးေထာင္ေပးႏိုင္ခဲ့တာပါ။

၂၀၁၅ ခုႏွစ္ရဲ႕တစ္ခုေသာေန႔တစ္ရက္မွာ ၁၉၉၁ က ကမာၻ႔စႏူကာခ်န္ပီယံျဖစ္ခဲ့တဲ့

ဂြၽန္ပါေရာ့တ္က ဖာဂူဆန္ကို စီေရာ္နယ္ဒိုနဲ႔ မက္ဆီ ဘယ္သူပိုေကာင္းသလဲဗ် လို႔

ေမးခဲ့တာပါ။ ဒီေတာ့ ဖာဂူဆန္က” သူတို႔ႏွစ္ဦးထဲမွာဘယ္သူက ကမာၻ႔အေကာင္းဆုံးလဲ

လို႔လူေတြကေမးေနၾကတုန္းဘဲ။ အမ်ားစုကေတာ့ မက္ဆီကပိုေကာင္းတယ္ေပါ့ဗ်ာ။

ဒါကိုခင္ဗ်ားကသြားၿပီးအျငင္းပြားလို႔မရပါဘူး။ သူကလည္းပင္ကိုယ္ေျခစြမ္း

တကယ္ေကာင္းတာကိုး။ ဒါေပမယ့္ စီေရာ္နယ္ဒိုက မီေဝါလ္၊ က်ဴပီအာနဲ႔ ဒြန္ကက္

စတာ႐ိုဗာ လိုအသင္းေတြမွာသာမက ဘယ္အသင္းမွာမဆိုကစားႏိုင္စြမ္းရွိၿပီး

ဒီအသင္းေလးေတြနဲ႔အတူတစ္ပြဲတည္းမွာလည္း ဟက္ထရစ္ရယူႏိုင္စြမ္းရွိေနတာပါ။

ဒါမ်ိဳးကိုမက္ဆီလုပ္ျပႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ဘူးဗ်။ စီေရာ္နယ္ဒိုဟာ

ေျခေထာက္ႏွစ္ေခ်ာင္းစလုံးကိုအသုံးခ်ႏိုင္ၿပီး လ်င္ျမန္သလိုေလထဲမွာလည္း

သိပ္ေကာင္းၿပီး ရဲရင့္မႈလည္းအျပည့္ရွိတယ္။ မက္ဆီလည္းရဲရင့္တာဘဲေလ။

ဒါေပမယ့္ သူကဘာစီလိုနာတစ္သင္းတည္းမွာဘဲ ကစားတတ္တာ” လို႔ေျပာခဲ့တာပါ။

ဒါဟာဖာဂူဆန္ရဲ႕ပါးနပ္ၿပီး ေရွ႕ကိုလည္းႀကိဳျမင္တဲ့ အေျဖပါဘဲ။ စီေရာ္နယ္ဒိုဟာ

ရီးရဲလ္ကေနထြက္ၿပီးေနာက္ ဂ်ဴဗင္တပ္မွာေျခစြမ္းျပစြမ္းေဆာင္ခဲ့တဲ့အျပင္

မန္ယူကိုျပန္လာေတာ့လည္း ေျခစြမ္းဆက္ျပေနတာပါဘဲ။ မက္ဆီကေတာ့

ဘာစီလိုနာကထြက္ၿပီးေနာက္ ပီအက္စ္ဂ်ီအတြက္ လီဂူး ၁ မွာတစ္ဂိုးသာသြင္းႏိုင္

ေသးတာကိုၾကည့္ရင္ ဖာဂူဆန္ႀကီးရဲ႕စကားေသြးထြက္ေအာင္မွန္ေနဆဲဘဲဆိုတာ

ေတြ႕ရမွာပါ။