အခုထက်ပိုကောင်းတဲ့ အာဂျင်တီးနားကို ခင်ဗျားတို့ မြင်ရတော့မယ်ဆိုတဲ့ မာတီနက်ဇ်

မက္ကဆီကို အသင်းကို အနိုင်ရပြီးတဲ့နောက်မှာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် အရောင်လက်သွားခဲ့ပြီးတဲ့နောက် ပိုလန်နဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင်မှာ အာဂျင်တီးနား နောက်ခံလူ

မာတီနက်ဇ်က အရင်ကထက် ပိုပြီး ကောင်းတဲ့ အာဂျင်တီးနားကို မြင်ရတော့မှာ ဖြစ်တယ်လို့ ပြိုင်ဘက်အသင်း ကို စကားစစ်ထိုးလိုက်ပါတယ်။ အုပ်စု အဖွင့်ပွဲစဉ်မှာ ဆော်ဒီကို ရှုံးခဲ့ရလို့ အများရဲ့

ဝေဖန်မှုကို ခံခဲ့ရတဲ့ အာဂျင်တီးနားဟာ မက္ကဆီကိုအသင်းကို အနိုင်ရပြီးတဲ့နောက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသွားပြီး ပိုလန်ကို အနိုင်ကစား နိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင်ကို သေချာပေါက်

တက်ရောက်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် မာတီနက်ဇ်က ဒီပွဲစဉ်မှာ သူတို့အသင်းအနေနဲ့ ပိုကောင်းအောင် ကစားပြသွားမယ်လို့ ကြွေးကြော်လိုက်တာပါ။ ‘’ကျွန်တော်တို့ စွမ်း ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ

သိပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လည်း ကစားနိုင်တယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အနေအထားကို မရောက်သေးဘူးဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ လို့

မန်ယူနောက်ခံလူက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားဟာ မက်ဆီရဲ့ ဦးဆောင်မှုအောက်မှာ ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာနေတယ်ဆိုတာကိုလည်း အေဂျက်ဇ်နောက်ခံလူဟောင်းက မှတ်ချက်ပြုသွားခဲ့

ပါသေးတယ်။ ‘’အရာအားလုံးမှာ အသေးစိတ်ကအစ ပေါ့လို့မရဘူး။ မက်ဆီ ရဲ့ သွင်းဂိုးကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရပြီးပြီလေနော်။ မက္ကဆီကိုနဲ့ ပွဲမ တိုင်ခင်တုန်းကဆိုရင် ကျွန်တော်တို့ အရမ်းကို မွန်းကျပ်နေခဲ့တာ’’ လို့

ပြောဆိုသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ နည်းပြ စကာလိုနီကလည်း ပိုလန်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကို ပြိုင်ဘက်တစ်ယောက်အဖြစ်နဲ့ အနီးကပ် မြင်ရတာဟာ အရမ်းကို

ကျေနပ်စရာကောင်းလွန်းတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ပိုလန်တို့ဟာ ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

(Zawgyi)

အခုထက္ပိုေကာင္းတဲ့ အာဂ်င္တီးနားကို ခင္ဗ်ားတို႔ ျမင္ရေတာ့မယ္ဆိုတဲ့ မာတီနက္ဇ္

မကၠဆီကို အသင္းကို အႏိုင္ရၿပီးတဲ့ေနာက္မွာ ေနာက္တစ္ဆင့္တက္ေရး ေမွ်ာ္လင့္ခ်က္ အေရာင္လက္သြားခဲ့ၿပီးတဲ့ေနာက္ ပိုလန္နဲ႔ ကစားမယ့္ ပြဲစဥ္ မတိုင္ခင္မွာ အာဂ်င္တီးနား ေနာက္ခံလူ မာတီနက္ဇ္က အရင္ကထက္

ပိုၿပီး ေကာင္းတဲ့ အာဂ်င္တီးနားကို ျမင္ရေတာ့မွာ ျဖစ္တယ္လို႔ ၿပိဳင္ဘက္အသင္း ကို စကားစစ္ထိုးလိုက္ပါတယ္။ အုပ္စု အဖြင့္ပြဲစဥ္မွာ ေဆာ္ဒီကို ရႈံးခဲ့ရလို႔ အမ်ားရဲ႕ ေဝဖန္မႈကို ခံခဲ့ရတဲ့ အာဂ်င္တီးနားဟာ

မကၠဆီကိုအသင္းကို အႏိုင္ ရၿပီးတဲ့ေနာက္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ ရွိသြားၿပီး ပိုလန္ကို အႏိုင္ကစား ႏိုင္ခဲ့မယ္ဆိုရင္ ေနာက္တစ္ဆင္ကို ေသခ်ာေပါက္ တက္ေရာက္ႏိုင္မွာျဖစ္ပါ တယ္။

ဒါေၾကာင့္ မာတီနက္ဇ္က ဒီပြဲစဥ္မွာ သူတို႔အသင္းအေနနဲ႔ ပိုေကာင္း ေအာင္ ကစားျပသြားမယ္လို႔ ေႂကြးေၾကာ္လိုက္တာပါ။ ‘’ကြၽန္ေတာ္တို႔ စြမ္း ေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတာ သိပါတယ္။

ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ လည္း ကစားႏိုင္တယ္။ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံး အေနအထားကို မေရာက္ေသးဘူးဆိုတာကိုလည္း သိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔

ႀကိဳးစား ေနပါတယ္’’ လို႔ မန္ယူေနာက္ခံလူက ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ အာဂ်င္တီး နားဟာ မက္ဆီရဲ႕ ဦးေဆာင္မႈေအာက္မွာ ပိုေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္ လာေနတယ္ဆိုတာကိုလည္း

ေအဂ်က္ဇ္ေနာက္ခံလူေဟာင္းက မွတ္ခ်က္ျပဳသြားခဲ့ ပါေသးတယ္။ ‘’အရာအားလုံးမွာ အေသးစိတ္ကအစ ေပါ့လို႔မရဘူး။ မက္ဆီ ရဲ႕ သြင္းဂိုးကိုလည္း ကြၽန္ေတာ္တို႔ ျမင္ခဲ့ရၿပီးၿပီေလေနာ္။ မကၠဆီကိုနဲ႔ ပြဲမ

တိုင္ခင္တုန္းကဆိုရင္ ကြၽန္ေတာ္တို႔ အရမ္းကို မြန္းက်ပ္ေနခဲ့တာ’’ လို႔ ေျပာ ဆိုသြားခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ နည္းျပ စကာလိုနီကလည္း ပိုလန္အသင္း တိုက္စစ္မႉး လီဝန္ေဒါစကီးကို

ၿပိဳင္ဘက္တစ္ေယာက္အျဖစ္နဲ႔ အနီးကပ္ ျမင္ရတာဟာ အရမ္းကို ေက်နပ္စရာေကာင္းလြန္းတယ္လို႔လည္း ေျပာဆိုသြားခဲ့ပါတယ္။ အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ဟာ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ ကစားၾကေတာ့မွာ ျဖစ္ပါတယ္။