အခုကောင်းကောင်းကစားနိုင်ခဲ့ကြတယ်။ ဆက်လုပ်လိုက်ကြရအောင် သရဲနီတို့လို့ဆိုတဲ့ ရော်နယ်ဒို

နောဝစ်ချ်နဲ့ပွဲဟာ ပရိသတ်တွေ သဘောကျစေမယ့် တိုက်စစ်ဆင် ဂိုးသွင်းမှုမျိုး

မဖြစ်ခဲ့ပေမယ့် နိုင်ပွဲရရှိခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေသိအောင်

အင်စတာဂရမ်မှာ ရော်နယ်ဒိုက ပိုစ်တစ်ခုတင်ထားပါတယ်။

နောဝစ်ချ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ နဲ့

လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအနေနဲ့ မှန်ကန်တဲ့

ဦးတည်ချက်အတိုင်း နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

အမြင့်ဘောကို တိုက်ရိုက်ကန်သွင်းဖို့ ကြိုးစားခဲ့ချိန်မှာ ဘောလုံးလွဲချော်ခဲ့တဲ့

ရော်နယ်ဒိုဟာ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ လှောင်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် (၇၂) မိနစ်မှာတော့ တိုမီနေးက ဂိုးဧရိယာထိပ်ကနေဖြတ်တင်ဘောပေးပို့လိုက်ချိန်မှာ

နောဝစ်ချ် ညာနောက်ခံလူ မက်စ် အာရွန်စ်က ဂိုးဧရိယာထဲမှာ

ရော်နယ်ဒို ခေါင်းမတိုက်နိုင်အောင် ဆွဲလှဲချခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်ဒိုင်က

ယူနိုက်တက်ကို ပင်နယ်တီကန်သွင်းခွင့်ပေးခဲ့တာဖြစ်ပြီး ရရှိခဲ့တဲ့

ပင်နယ်တီကို ရော်နယ်လ်ဒိုက အားပါတဲ့ခြေကန်ချက်နဲ့ အမှားအယွင်းမရှိ

ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက်

ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၃) ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ နော့ဝစ်ချ်တိုက်စစ်မှူးတွေက ဂိုးရနိုင်တဲ့

အခွင့်အရေးတွေရှိခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား ဒီဂီယာတို့

ကာကွယ် သွားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်တို့က (ဝ-၁)ရလဒ်နဲ့

အိမ်ပြန်လှခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ

ပရီးမီးယားလိဂ် (၃) ပွဲဆက်နိုင်ပွဲကို ရယူနိုင်ခဲ့သလို နည်းပြ ရန်းနစ် လက်ထက်

ပွဲဦးထွက်လိဂ်ပွဲစဉ် (၂)ပွဲမှာ ပေးဂိုးမရှိအောင်စွမ်းဆောင် နိုင်တဲ့ စံချိန်ကိုရရှိခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ အဆင့် ၄ နေရာက ဝက်စ်ဟမ်းထက်

တစ်ပွဲပိုကစားထားပြီး ရမှတ်တူ အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လက ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့်

ဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ

မိုက်ကယ်ကာရစ်လက်ထက်ကနေ လက်ရှိ ယာယီနည်းပြ ရန်းနစ်အထိ

ရှုံးပွဲမရှိသေးပါဘူး။ အသင်းရဲ့ခြေစွမ်းဟာ ပြောပလောက်တဲ့အထိ

ကောင်းမွန်လာတာမရှိသေးပေမယ့် ကစားကွက်ပိုင်းမှာတော့

တိုးတက်မှုရှိလာနေပြီလို့ဆိုရမှာပါ။

ဒါကြောင့်လည်း ရော်နယ်ဒိုက ပွဲပြီးမှာ “မှန်ကန်တဲ့ဦးတည်ချက်တွေနဲ့

နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ လိုချင်တဲ့

ရလဒ်တွေရဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကိုလည်း သိပါတယ်။

အဲဒါက ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေတာပါ။ အခုကောင်းကောင်း

ကစားနိုင်ခဲ့ကြတယ်။ ဆက်လုပ်လိုက်ကြရအောင် သရဲနီတို့”လို့

ရော်နယ်လ်ဒိုကသူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာဒီရာသီမှာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ

ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာလနောက်ပိုင်းကတည်းက

အခုလို နိုင်ပွဲဆက်မှုမျိုး မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi

အခုေကာင္းေကာင္းကစားႏိုင္ခဲ့ၾကတယ္။ ဆက္လုပ္လိုက္ၾကရေအာင္ သရဲနီတို႔လို႔ဆိုတဲ့ ေရာ္နယ္ဒို

ေနာဝစ္ခ်္နဲ႔ပြဲဟာ ပရိသတ္ေတြ သေဘာက်ေစမယ့္ တိုက္စစ္ဆင္ ဂိုးသြင္းမႈမ်ိဳး

မျဖစ္ခဲ့ေပမယ့္ ႏိုင္ပြဲရရွိခဲ့တာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြသိေအာင္

အင္စတာဂရမ္မွာ ေရာ္နယ္ဒိုက ပိုစ္တစ္ခုတင္ထားပါတယ္။

ေနာဝစ္ခ်္နဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းယူေပးခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြ နဲ႔

လြဲေခ်ာ္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္းအေနနဲ႔ မွန္ကန္တဲ့

ဦးတည္ခ်က္အတိုင္း ေနာက္ထပ္ေျခလွမ္းတစ္လွမ္း လွမ္းႏိုင္ခဲ့ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

အျမင့္ေဘာကို တိုက္႐ိုက္ကန္သြင္းဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ ေဘာလုံးလြဲေခ်ာ္ခဲ့တဲ့

ေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြရဲ႕ ေလွာင္စရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ (၇၂) မိနစ္မွာေတာ့ တိုမီေနးက ဂိုးဧရိယာထိပ္ကေနျဖတ္တင္ေဘာေပးပို႔လိုက္ခ်ိန္မွာ

ေနာဝစ္ခ်္ ညာေနာက္ခံလူ မက္စ္ အာ႐ြန္စ္က ဂိုးဧရိယာထဲမွာ

ေရာ္နယ္ဒို ေခါင္းမတိုက္ႏိုင္ေအာင္ ဆြဲလွဲခ်ခဲ့ပါတယ္။ ဒါေၾကာင့္ ကြင္းလယ္ဒိုင္က

ယူႏိုက္တက္ကို ပင္နယ္တီကန္သြင္းခြင့္ေပးခဲ့တာျဖစ္ၿပီး ရရွိခဲ့တဲ့

ပင္နယ္တီကို ေရာ္နယ္လ္ဒိုက အားပါတဲ့ေျခကန္ခ်က္နဲ႔ အမွားအယြင္းမရွိ

ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ ေရာ္နယ္ဒိုအတြက္

ဒီရာသီမွာ ၿပိဳင္ပြဲစုံ (၁၃) ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာ ေနာ့ဝစ္ခ်္တိုက္စစ္မႉးေတြက ဂိုးရႏိုင္တဲ့

အခြင့္အေရးေတြရွိခဲ့ေပမယ့္ ယူႏိုက္တက္ေနာက္တန္းနဲ႔ ဂိုးသမား ဒီဂီယာတို႔

ကာကြယ္ သြားႏိုင္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ယူႏိုက္တက္တို႔က (ဝ-၁)ရလဒ္နဲ႔

အိမ္ျပန္လွခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္အသင္းဟာ

ပရီးမီးယားလိဂ္ (၃) ပြဲဆက္ႏိုင္ပြဲကို ရယူႏိုင္ခဲ့သလို နည္းျပ ရန္းနစ္ လက္ထက္

ပြဲဦးထြက္လိဂ္ပြဲစဥ္ (၂)ပြဲမွာ ေပးဂိုးမရွိေအာင္စြမ္းေဆာင္ ႏိုင္တဲ့ စံခ်ိန္ကိုရရွိခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ဟာ အဆင့္ ၄ ေနရာက ဝက္စ္ဟမ္းထက္

တစ္ပြဲပိုကစားထားၿပီး ရမွတ္တူ အဆင့္ ၅ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့လက ရလဒ္ေတြ ဆိုး႐ြားေနခဲ့တာေၾကာင့္

ဆိုးလ္ရွားကိုထုတ္ပယ္ခဲ့ၿပီး ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ

မိုက္ကယ္ကာရစ္လက္ထက္ကေန လက္ရွိ ယာယီနည္းျပ ရန္းနစ္အထိ

ရႈံးပြဲမရွိေသးပါဘူး။ အသင္းရဲ႕ေျခစြမ္းဟာ ေျပာပေလာက္တဲ့အထိ

ေကာင္းမြန္လာတာမရွိေသးေပမယ့္ ကစားကြက္ပိုင္းမွာေတာ့

တိုးတက္မႈရွိလာေနၿပီလို႔ဆိုရမွာပါ။

ဒါေၾကာင့္လည္း ေရာ္နယ္ဒိုက ပြဲၿပီးမွာ “မွန္ကန္တဲ့ဦးတည္ခ်က္ေတြနဲ႔

ေနာက္ထပ္ ေျခတစ္လွမ္း လွမ္းႏိုင္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့

ရလဒ္ေတြရဖို႔အတြက္ ဘာေတြလုပ္ရမလဲဆိုတာကိုလည္း သိပါတယ္။

အဲဒါက ကြၽန္ေတာ္တို႔အေပၚမွာပဲ မူတည္ေနတာပါ။ အခုေကာင္းေကာင္း

ကစားႏိုင္ခဲ့ၾကတယ္။ ဆက္လုပ္လိုက္ၾကရေအာင္ သရဲနီတို႔”လို႔

ေရာ္နယ္လ္ဒိုကသူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာဒီရာသီမွာ ပရီးမီးယားလိဂ္ ၃ ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့တာ

ဒုတိယအႀကိမ္ျဖစ္ၿပီး စက္တင္ဘာလေနာက္ပိုင္းကတည္းက

အခုလို ႏိုင္ပြဲဆက္မႈမ်ိဳး မရရွိခဲ့တာလည္း ျဖစ္ပါတယ္။