အခက်အခဲဖြစ်နေတာသိတော့ ကစားသမားတွေကို အောက်ကြေးနဲ့လာနှိုက်နေကြတယ်ဗျာ- ရွန်းနီ

ယူနိုက်တက်နဲ့အင်္ဂလန်လက်ဂျန့်ဝိန်းရွန်းနီဟာ ၂၀၂၁ခုနှစ်ဇန်နဝါရီမှာ

ဒါဘီကောင်တီရဲ့တရားဝင်မန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မကြာသေးမီက သူ့ရဲ့ငယ်ဘဝကလပ် အဲဗာတန်ရဲ့ကမ်းလှမ်းချက်ကိုပယ်ချပြီး

အမှတ်အများကြီးလျော့ခံထားရတဲ့ဒါဘီတို့ကို ချန်ပီယံရှစ်က

တန်းမဆင်းရရေးကယ်တင်ဖို့ကိုသာ ဆက်လက်ရွေးချယ်ခဲ့ပါတယ်။

ဒါဘီအပေါ် ရွန်းနီသံယောဇဉ်ကြီးပေမယ့် တစ်ဖက်မှာတော့

သူ့ကို ထိုးနှက်မယ့်သူတွေ ပေါပါတယ်။

“ကျွန်တော်တို့မှာ အခက်အခဲဖြစ်နေတာသိတော့

ကျွန်တော့်ကစားသမားတွေကို အောက်ကြေးနဲ့လာနှိုက်နေကြတယ်ဗျာ”

“တချို့လူတွေက အသင်းကထွက်သွားတာ

လူငယ်ကစားသမားလေးတွေပါဆိုပြီးတော့ ပြောကြပါလိမ့်မယ်၊

ဒါပေမယ့် အဲဒီ လူငယ်လေးတွေကိုပဲ တစ်ရာသီလုံး

ကျွန်တော်တို့အားကိုးခဲ့ရတာပါ။ ဒီအတွက် နည်းနည်းတော့

ကျွန်တော်တို့ထိခိုက်မှုတွေရှိခဲ့တယ်။ ပဲလေ့စ်ကိုရောက်သွားတဲ့လုခ်ပလန်ဂီဆိုလည်း

တကယ်ဆိုရင် ၁၈ လလောက် သူ့တိုးတက်မှုကို

ကျွန်တော်စောင့်ကြည့်ချင်သေးတာပါ၊

ဒါပေမယ့် အသင်းက ငွေကြေးလိုအပ်နေတော့

ကျွန်တော့်ဆန္ဒက ပြဿနာရှိနေတယ်”

“ကျွန်တော်တို့က ခက်ခဲတဲ့အခြေအနေဖြစ်နေလို့

အခြားအသင်းတွေက အခွင့်အရေးယူနေတာဗျ၊

အသင်းကထွက်သွားတဲ့သူတွေလည်း

သူတို့ပြောင်းသွားတဲ့အသင်းတွေဆီမရောက်လည်း

တခြားအသင်းကိုရောက်မှာပါ။ဘာလို့လဲဆိုတော့

ကျွန်တော့် ကစားသမားတွေကို အောက်ကြေးနဲ့နှိုက်လို့ရနေတယ်ဆိုတာကို

သူတို့တွေသိနေလို့ပဲ” ဆိုပြီးရွန်းနီ ကပြောပါတယ်။

zawgyi

အခက္အခဲျဖစ္ေနတာသိေတာ့ ကစားသမားေတြကို ေအာက္ေၾကးနဲ႔လာႏႈိက္ေနၾကတယ္ဗ်ာ- ႐ြန္းနီ

ယူႏိုက္တက္နဲ႔အဂၤလန္လက္ဂ်န႔္ဝိန္း႐ြန္းနီဟာ ၂၀၂၁ခုႏွစ္ဇန္နဝါရီမွာ

ဒါဘီေကာင္တီရဲ႕တရားဝင္မန္ေနဂ်ာအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မၾကာေသးမီက သူ႔ရဲ႕ငယ္ဘဝကလပ္ အဲဗာတန္ရဲ႕ကမ္းလွမ္းခ်က္ကိုပယ္ခ်ၿပီး

အမွတ္အမ်ားႀကီးေလ်ာ့ခံထားရတဲ့ဒါဘီတို႔ကို ခ်န္ပီယံရွစ္က

တန္းမဆင္းရေရးကယ္တင္ဖို႔ကိုသာ ဆက္လက္ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါဘီအေပၚ ႐ြန္းနီသံေယာဇဥ္ႀကီးေပမယ့္ တစ္ဖက္မွာေတာ့

သူ႔ကို ထိုးႏွက္မယ့္သူေတြ ေပါပါတယ္။

“ကြၽန္ေတာ္တို႔မွာ အခက္အခဲျဖစ္ေနတာသိေတာ့

ကြၽန္ေတာ့္ကစားသမားေတြကို ေအာက္ေၾကးနဲ႔လာႏႈိက္ေနၾကတယ္ဗ်ာ”

“တခ်ိဳ႕လူေတြက အသင္းကထြက္သြားတာ

လူငယ္ကစားသမားေလးေတြပါဆိုၿပီးေတာ့ ေျပာၾကပါလိမ့္မယ္၊

ဒါေပမယ့္ အဲဒီ လူငယ္ေလးေတြကိုပဲ တစ္ရာသီလုံး

ကြၽန္ေတာ္တို႔အားကိုးခဲ့ရတာပါ။ ဒီအတြက္ နည္းနည္းေတာ့

ကြၽန္ေတာ္တို႔ထိခိုက္မႈေတြရွိခဲ့တယ္။ ပဲေလ့စ္ကိုေရာက္သြားတဲ့လုခ္ပလန္ဂီဆိုလည္း

တကယ္ဆိုရင္ ၁၈ လေလာက္ သူ႔တိုးတက္မႈကို

ကြၽန္ေတာ္ေစာင့္ၾကည့္ခ်င္ေသးတာပါ၊

ဒါေပမယ့္ အသင္းက ေငြေၾကးလိုအပ္ေနေတာ့

ကြၽန္ေတာ့္ဆႏၵက ျပႆနာရွိေနတယ္”

“ကြၽန္ေတာ္တို႔က ခက္ခဲတဲ့အေျခအေနျဖစ္ေနလို႔

အျခားအသင္းေတြက အခြင့္အေရးယူေနတာဗ်၊

အသင္းကထြက္သြားတဲ့သူေတြလည္း

သူတို႔ေျပာင္းသြားတဲ့အသင္းေတြဆီမေရာက္လည္း

တျခားအသင္းကိုေရာက္မွာပါ။ဘာလို႔လဲဆိုေတာ့

ကြၽန္ေတာ့္ ကစားသမားေတြကို ေအာက္ေၾကးနဲ႔ႏႈိက္လို႔ရေနတယ္ဆိုတာကို

သူတို႔ေတြသိေနလို႔ပဲ” ဆိုၿပီး႐ြန္းနီ ကေျပာပါတယ္။