
ပဲလေ့စ်နဲ့ နောက်ဆုံး ၅ကြိမ်တွေ့ဆုံမှုမှာ တစ်ပွဲသာနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ





ဒီပွဲမှာတော့ ပုံမှန်လူစာရင်းနဲ့သာပွဲထွက်ခဲ့ပြီး အသစ်ခေါ်ယူထားတဲ့
ဆာဘစ်ဇာကိုတော့ အရန်စာရင်းမှာသာ အသုံးပြုခဲ့ပါတယ်။





ဒါပေမဲ့ တန်ဟတ်ရဲ့အသင်းဟာပြိုင်ပွဲစုံ အိမ်ကွင်း ၁၂ ပွဲဆက်
အနိုင်ရထားတာဖြစ်သလို ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး ၅ပွဲ မှာ
တစ်ဂိုးသာခွင့်ပြုထားရတာဖြစ်တယ်။ ရက်ရှ်ဖို့ဒ်ကတော့ ကမ္ဘာ့ဖလား





ပြိုင်ပွဲအပြီး ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲမှာ ၁၀ ဂိုးသွင်းထားသလို
ဒီပွဲမှာလည်း အန်တိုနီ၊ ဝက်စ်ဟော့ တို့နဲ့အတူ တိုက်စစ်ကို





ဦးဆောင်လာခဲ့ပါတယ်။ ပဲလေ့စ်ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ
နိုင်ပွဲလုံးဝပျောက်ဆုံးနေပေမဲ့ ယူနိုက်တက်နဲ့တွေ့ဆုံခဲ့တဲ့
ပရီးမီးယားလိဂ်နောက်ဆုံး ၂ပွဲမှာတော့ တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့





ရှုံးပွဲမရှိခဲ့ပါဘူး။ ပွဲချိန် ၇ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က
ပင်နယ်တီကတစ်ဆင့် ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။





ပထမပိုင်းမှာတော့ ယူနိုက်တက်က ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့သလို
ပြိုင်ဘက်ကိုအသာစီးယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး
၇ပွဲမှာ ၅ပွဲ ဂိုးပေါက်ပျောက်ခဲ့တဲ့ ပဲလေ့စ်ကတော့ထုံးစံအတိုင်း





ရုန်းကန်ခဲ့ရတာဖြစ်တယ်။ ဒါ့အပြင် ဗီအဲရာရဲ့အသင်းဟာ
ဒီရာသီပရီးမီးယားလိဂ်မှာ အဆင့် ၁၀ အတွင်းရပ်တည်နေတဲ့





အသင်းတွေနဲ့ရင်ဆိုင်တဲ့ပွဲတိုင်းမှာ အနိုင်မရခဲ့ဘူးဆိုတဲ့ ပုံစံအတိုင်း
ဆက်သွားဖို့ရှိနေခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ ရက်ရှ်ဖို့ဒ်က
ယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းပေးခဲ့သလို ဒါဟာ အင်္ဂလန်





ကြယ်ပွင့်အတွက်တော့ ကမ္ဘာ့ဖလားအပြီး သရဲနီတွေအတွက်
၁၁ ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာတော့ အန်တိုနီနဲ့





မီချယ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်ဖက်ကစားသမားတွေအချင်းများခဲ့ပြီး
ပြိုင်ဘက်ကစားသမားကိုလည်ပင်းညှစ်သလိုဖြစ်ခဲ့တဲ့ ကက်စ်မီရိုကို
အနီကတ်ခဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ ၇၆ မိနစ်မှာတော့ ရှလပ်က





ပဲလေ့စ်အတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းယူခဲ့တာကြောင့် လက်ကျန်
မိနစ်တွေက ယူနိုက်တက်အတွက် အတော်လေးအရေးကြီးသွားခဲ့ပါတယ်။





၈၁ မိနစ်မှာတော့ အန်တိုနီနေရာကို ကွင်းလယ်လူသစ် ဆာဘစ်ဇာ
ဝင်ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ
တိုက်စစ်လိုက်ပါဖို့ထက်ပွဲထိန်းကစားသွားခဲ့ပြီး ၂-၁ အနိုင်ရလဒ်ကို ထိန်းချုပ်သွားခဲ့တာဖြစ်တယ်။





zawgyi
အခက္အခဲၾကားကေန သရဲနီေတြရဲ႕ ၿပိဳင္ပြဲစုံအိမ္ကြင္း ၁၃ ပြဲဆက္ႏုိင္ပြဲ





ပဲေလ့စ္နဲ႔ ေနာက္ဆုံး ၅ႀကိမ္ေတြ႕ဆုံမႈမွာ တစ္ပြဲသာႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ
ဒီပြဲမွာေတာ့ ပုံမွန္လူစာရင္းနဲ႔သာပြဲထြက္ခဲ့ၿပီး အသစ္ေခၚယူထားတဲ့
ဆာဘစ္ဇာကိုေတာ့ အရန္စာရင္းမွာသာ အသုံးျပဳခဲ့ပါတယ္။





ဒါေပမဲ့ တန္ဟတ္ရဲ႕အသင္းဟာၿပိဳင္ပြဲစုံ အိမ္ကြင္း ၁၂ ပြဲဆက္
အႏိုင္ရထားတာျဖစ္သလို ပရီးမီးယားလိဂ္ အိမ္ကြင္းေနာက္ဆုံး ၅ပြဲ မွာ





တစ္ဂိုးသာခြင့္ျပဳထားရတာျဖစ္တယ္။ ရက္ရွ္ဖို႔ဒ္ကေတာ့ ကမာၻ႔ဖလား
ၿပိဳင္ပြဲအၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၂ ပြဲမွာ ၁၀ ဂိုးသြင္းထားသလို
ဒီပြဲမွာလည္း အန္တိုနီ၊ ဝက္စ္ေဟာ့ တို႔နဲ႔အတူ တိုက္စစ္ကို





ဦးေဆာင္လာခဲ့ပါတယ္။ ပဲေလ့စ္ကေတာ့ ၂၀၂၃ ခုႏွစ္အတြင္းမွာ
ႏိုင္ပြဲလုံးဝေပ်ာက္ဆုံးေနေပမဲ့ ယူႏိုက္တက္နဲ႔ေတြ႕ဆုံခဲ့တဲ့





ပရီးမီးယားလိဂ္ေနာက္ဆုံး ၂ပြဲမွာေတာ့ တစ္ပြဲႏိုင္၊ တစ္ပြဲသေရနဲ႔
ရႈံးပြဲမရွိခဲ့ပါဘူး။ ပြဲခ်ိန္ ၇ မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္က
ပင္နယ္တီကတစ္ဆင့္ ယူႏိုက္တက္အတြက္ အဖြင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။





ပထမပိုင္းမွာေတာ့ ယူႏိုက္တက္က ၁-၀ နဲ႔ဦးေဆာင္ႏိုင္ခဲ့သလို
ၿပိဳင္ဘက္ကိုအသာစီးယူႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ေနာက္ဆုံး





၇ပြဲမွာ ၅ပြဲ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ပဲေလ့စ္ကေတာ့ထုံးစံအတိုင္း
႐ုန္းကန္ခဲ့ရတာျဖစ္တယ္။ ဒါ့အျပင္ ဗီအဲရာရဲ႕အသင္းဟာ
ဒီရာသီပရီးမီးယားလိဂ္မွာ အဆင့္ ၁၀ အတြင္းရပ္တည္ေနတဲ့





အသင္းေတြနဲ႔ရင္ဆိုင္တဲ့ပြဲတိုင္းမွာ အႏိုင္မရခဲ့ဘူးဆိုတဲ့ ပုံစံအတိုင္း
ဆက္သြားဖို႔ရွိေနခဲ့ပါတယ္။ ပြဲခ်ိန္ ၆၃ မိနစ္မွာ ရက္ရွ္ဖို႔ဒ္က





ယူႏိုက္တက္အတြက္ ဒုတိယဂိုးသြင္းေပးခဲ့သလို ဒါဟာ အဂၤလန္
ၾကယ္ပြင့္အတြက္ေတာ့ ကမာၻ႔ဖလားအၿပီး သရဲနီေတြအတြက္
၁၁ ဂိုးေျမာက္ျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ အန္တိုနီနဲ႔





မီခ်ယ္တို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ႏွစ္ဖက္ကစားသမားေတြအခ်င္းမ်ားခဲ့ၿပီး
ၿပိဳင္ဘက္ကစားသမားကိုလည္ပင္းညႇစ္သလိုျဖစ္ခဲ့တဲ့ ကက္စ္မီ႐ိုကို





အနီကတ္ခဲ့ထုတ္ပယ္ခံခဲ့ရပါတယ္။ ၇၆ မိနစ္မွာေတာ့ ရွလပ္က
ပဲေလ့စ္အတြက္ ေခ်ပဂိုးတစ္ဂိုးျပန္သြင္းယူခဲ့တာေၾကာင့္ လက္က်န္
မိနစ္ေတြက ယူႏိုက္တက္အတြက္ အေတာ္ေလးအေရးႀကီးသြားခဲ့ပါတယ္။





၈၁ မိနစ္မွာေတာ့ အန္တိုနီေနရာကို ကြင္းလယ္လူသစ္ ဆာဘစ္ဇာ
ဝင္ေရာက္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္ဟာ





တိုက္စစ္လိုက္ပါဖို႔ထက္ပြဲထိန္းကစားသြားခဲ့ၿပီး ၂-၁ အႏိုင္ရလဒ္ကို ထိန္းခ်ဳပ္သြားခဲ့တာျဖစ္တယ္။