အကွက်သစ်နဲ့ ပင်နယ်တီရတဲ့ ဘရာဇီးကစားသမား

ဘရာဇီးကစားသမားတစ်ဦးဟာဆန်းတို့စ်အတွက်ပင်နယ်တီရရှိဖို့အတွက်

ရှေ့ဂျွမ်းတစ်ပတ်ထိုးပြီး ပင်နယ်တီရရှိရေးနည်းသစ်တစ်ခုကိုဖန်တီးလာခဲ့ပါတယ်။
ဆန်းတို့စ်ဟာပြီးခဲ့တဲ့အပတ်ကတန်းမဆင်းရရေးတိုက်ပွဲဆင်နွဲခဲ့ရပြီး

ရက်ဘူးလ်ဘရာဂန်တီနိုနှင့်ပွဲတွင်၂-ဝဂိုးဖြင့်အနိုင်ရရှိရန်လိုအပ်နေခဲ့ပါတယ်။

မာရင်ဟိုဟာယင်းပွဲမှာ၂၈မိနစ်မှာဆန်းတို့စ်အတွက်ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။


ယင်းနောက်သူဟာပွဲပြီးခါနီးနာကျင်အချိန်ပိုမှာပင်နယ်တီရရှိရေး

ပိုမိုသေချာအောင်လုပ်ဆောင်သွားခဲ့ပါတယ်။
ကျောနံပါတ်၁၁ကစားသမားဟာနာကျင်အချိန်ပိုမှာပင်နယ်တီဧရိယာအတွင်းမှ

ာပြိုင်ဘက်နောက်ခံလူရဲ့ဥပဒေဖျက်ထုတ်ခြင်းခံခဲ့ရပါတယ်။

ပြိုင်ဘက်ရဲ့ဖျက်ထုတ်မှုကကြမ်းတမ်းတာကြောင့်ပင်နယ်တီရရှိဖို့သေချာနေပါတယ်။

ဒါပေမယ့်မာရင်ဟိုဟာပင်နယ်တီရရှိဖို့သေချာသထက်သေချာစေဖို့အတွက်

ပြိုင်ဘက်ခြေထိုးတားဆီးလိုက်ချိန်မှာရှေ့ဂျွမ်းပါတစ်ပတ်ထိုးလိုက်ပါသေးတယ်။


ယင်းပင်နယ်တီကိုဥရုဂွေးအလယ်တန်းကစားသမားကားလို့စ်ဆန်းချက်ဇ်က

ကန်သွင်းပြီးဆန်းတို့စ်အတွက်အဖိုးတန်ရမှတ်၃မှတ်ရယူပေးခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့်ဆန်းတို့စ်ဟာရာသီသိမ်းပွဲမကစားမီဘရာဇီးစီးရီးအေ

အမှတ်ပေးဇယားအဆင့်၁၃နေရာသို့တက်လှမ်းနိုင်ခဲ့ပြီးတန်းဆင်းဇုန်နှင့်

ရမှတ်၅မှတ်ကွာဟပါတယ်။

Zawgyi

အကြက္သစ္နဲ႔ ပင္နယ္တီရတဲ့ ဘရာဇီးကစားသမား

ဘရာဇီးကစားသမားတစ္ဦးဟာဆန္းတို႔စ္အတြက္ပင္နယ္တီရရွိဖို႔အတြက္

ေရွ႕ဂြၽမ္းတစ္ပတ္ထိုးၿပီး ပင္နယ္တီရရွိေရးနည္းသစ္တစ္ခုကိုဖန္တီးလာခဲ့ပါတယ္။
ဆန္းတို႔စ္ဟာၿပီးခဲ့တဲ့အပတ္ကတန္းမဆင္းရေရးတိုက္ပြဲဆင္ႏြဲခဲ့ရၿပီး

ရက္ဘူးလ္ဘရာဂန္တီႏိုႏွင့္ပြဲတြင္၂-ဝဂိုးျဖင့္အႏိုင္ရရွိရန္လိုအပ္ေနခဲ့ပါတယ္။
မာရင္ဟိုဟာယင္းပြဲမွာ၂၈မိနစ္မွာဆန္းတို႔စ္အတြက္ဦးေဆာင္ဂိုးသြင္းထားႏိုင္ခဲ့ပါတယ္။
ယင္းေနာက္သူဟာပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာပင္နယ္တီရရွိေရး

ပိုမိုေသခ်ာေအာင္လုပ္ေဆာင္သြားခဲ့ပါတယ္။

ေက်ာနံပါတ္၁၁ကစားသမားဟာနာက်င္အခ်ိန္ပိုမွာပင္နယ္တီဧရိယာအတြင္းမွ

ာၿပိဳင္ဘက္ေနာက္ခံလူရဲ႕ဥပေဒဖ်က္ထုတ္ျခင္းခံခဲ့ရပါတယ္။
ၿပိဳင္ဘက္ရဲ႕ဖ်က္ထုတ္မႈကၾကမ္းတမ္းတာေၾကာင့္ပင္နယ္တီရရွိဖို႔ေသခ်ာေနပါတယ္။

ဒါေပမယ့္မာရင္ဟိုဟာပင္နယ္တီရရွိဖို႔ေသခ်ာသထက္ေသခ်ာေစဖို႔အတြက္

ၿပိဳင္ဘက္ေျခထိုးတားဆီးလိုက္ခ်ိန္မွာေရွ႕ဂြၽမ္းပါတစ္ပတ္ထိုးလိုက္ပါေသးတယ္။
ယင္းပင္နယ္တီကိုဥ႐ုေဂြးအလယ္တန္းကစားသမားကားလို႔စ္ဆန္းခ်က္ဇ္က

ကန္သြင္းၿပီးဆန္းတို႔စ္အတြက္အဖိုးတန္ရမွတ္၃မွတ္ရယူေပးခဲ့ပါတယ္။
ယင္းႏိုင္ပြဲေၾကာင့္ဆန္းတို႔စ္ဟာရာသီသိမ္းပြဲမကစားမီဘရာဇီးစီးရီးေအ

အမွတ္ေပးဇယားအဆင့္၁၃ေနရာသို႔တက္လွမ္းႏိုင္ခဲ့ၿပီးတန္းဆင္းဇုန္ႏွင့္

ရမွတ္၅မွတ္ကြာဟပါတယ္။