အကွက်ဆန်းပြတဲ့ အန်တိုနီ ဘက်ကနေ ထောက်ခံကာကွယ် ပြောဆိုပေးလာတဲ့ နေမာ

နေမာဟာ ကြာသပတေးညက ရှရစ်ဖ်နဲ့ ပွဲစဉ်မှာ ဘယ်ခြေနဲ့ ဘောလုံးထိန်းရင်း 360 ပတ်ပြလိုက်တဲ့ စကေးကြောင့်

ယူနိုက်တက်ဂန္တဝင်တွေနဲ့ ဘောလုံးဝေဖန်ရေးလုပ်နေသူတွေကြားမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေခံနေရတဲ့

အန်တိုနီဘက်ကနေ ထောက်ခံကာကွယ်ပေးသွားခဲ့ပါတယ်။

နေမာက “အန်တိုနီရေ၊ ဒီအတိုင်းပဲ ဆက်ကစားပါကွာ၊ ဘာကိုမှ မပြောင်းလဲပစ်နဲ့၊

ပျော်ပျော်ရွှင်ရွှင်ကစားပြီး အကွက်ဆန်းတွေ ဆက်ပြနေလိုက်ကွာ”ဆိုပြီး အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

အေဂျက်မှာကတည်းက သူ့ရဲ့ အမှတ်တံဆိပ်တစ်ခုလိုဖြစ်နေတဲ့ ဘောလုံး လှည့်ကွက်ကို

ယူနိုက်တက် ကစားသမား အဖြစ် မိတ်ဆက် ဗီဒီယိုလုပ်ခဲ့စဉ်အခါက သရဲနီပရိသတ်တွေ သဘောကျခဲ့ကြတာပါ။

အခုဝေဖန်ခံလိုက်ရတာက အန်တိုနီဟာ ဘောလုံး ကစားနေရင်း အခုလို စကေးပြကွက်တွေ လုပ်တတ်တဲ့သူဆိုတာ

ပရိသတ်တွေအနေနဲ့ ပိုပြီး သတိထားမိသွားစေခဲ့တာကြောင့် လာမယ့် တနင်္ဂနွေည ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ

စကေးပြမှုတွေ ထပ်လုပ်လာမလားဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

ပေါလ် စခိုး၊ ရော်ဘီ ဆားဗေ့ဂျ်နဲ့ ရေး ပါလာတို့လို ဘောလုံးဝေဖန်သူတွေက

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားရဲ့ ၃၆၀ ဒီဂရီ ဘောလုံးနဲ့အတူ လှည့်ပတ်မှုကို

အဓိပ္ပါယ်မရှိတဲ့ ကိုယ်ရေသွေးမှုတစ်ခုလို့ ပြစ်တင်းဝေဖန် ထားကြပါတယ်။

ဒါပေမယ့် နည်းပြ တန်ဟတ်ကတော့ အသင်းနဲ့အတူ ခြေစွမ်းပြနေပြီး ကစားကွက်မှာ အနှောက်အယှက် မရှိခဲ့ရင်

သူ့ရဲ့ စကေးပြမှု ခွင့်လွှတ်ကာ ခွင့်ပြုပေးထားမယ်လို့ ပြောခဲ့သလို

ယူနိုက်တက်အသင်းဖော် ဖရက်ဒ်ကလည်း အန်တိုနီဘက်ကနေ ကာကွယ်ပြောဆိုထားပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ သဘောတူညီပြီး ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။

ဆော်ပေါ်လို အကယ်ဒမီထွက် ကစားသမားလည်းဖြစ်တဲ့ အန်တိုနီကတော့

သူ့ရဲ့ ဒီလိုမျိုး ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် ဂရုမစိုက်ကြောင်း တုံ့ပြန်ပါတယ်။

zawgyi

အကြက္ဆန္းျပတဲ့ အန္တိုနီ ဘက္ကေန ေထာက္ခံကာကြယ္ ေျပာဆိုေပးလာတဲ့ ေနမာ

ေနမာဟာ ၾကာသပေတးညက ရွရစ္ဖ္နဲ႔ ပြဲစဥ္မွာ ဘယ္ေျခနဲ႔ ေဘာလုံးထိန္းရင္း 360 ပတ္ျပလိုက္တဲ့ စေကးေၾကာင့္

ယူႏိုက္တက္ဂႏၲဝင္ေတြနဲ႔ ေဘာလုံးေဝဖန္ေရးလုပ္ေနသူေတြၾကားမွာ ျပင္းထန္တဲ့ ေဝဖန္မႈေတြခံေနရတဲ့

အန္တိုနီဘက္ကေန ေထာက္ခံကာကြယ္ေပးသြားခဲ့ပါတယ္။

ေနမာက “အန္တိုနီေရ၊ ဒီအတိုင္းပဲ ဆက္ကစားပါကြာ၊ ဘာကိုမွ မေျပာင္းလဲပစ္နဲ႔၊

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ကစားၿပီး အကြက္ဆန္းေတြ ဆက္ျပေနလိုက္ကြာ”ဆိုၿပီး အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ပါတယ္။

ေအဂ်က္မွာကတည္းက သူ႔ရဲ႕ အမွတ္တံဆိပ္တစ္ခုလိုျဖစ္ေနတဲ့ ေဘာလုံး လွည့္ကြက္ကို

ယူႏိုက္တက္ ကစားသမား အျဖစ္ မိတ္ဆက္ ဗီဒီယိုလုပ္ခဲ့စဥ္အခါက သရဲနီပရိသတ္ေတြ သေဘာက်ခဲ့ၾကတာပါ။

အခုေဝဖန္ခံလိုက္ရတာက အန္တိုနီဟာ ေဘာလုံး ကစားေနရင္း အခုလို စေကးျပကြက္ေတြ လုပ္တတ္တဲ့သူဆိုတာ

ပရိသတ္ေတြအေနနဲ႔ ပိုၿပီး သတိထားမိသြားေစခဲ့တာေၾကာင့္ လာမယ့္ တနဂၤေႏြည ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ

စေကးျပမႈေတြ ထပ္လုပ္လာမလားဆိုတာ ေစာင့္ၾကည့္သြားရေတာ့မွာ ျဖစ္ပါတယ္။

ေပါလ္ စခိုး၊ ေရာ္ဘီ ဆားေဗ့ဂ်္နဲ႔ ေရး ပါလာတို႔လို ေဘာလုံးေဝဖန္သူေတြက

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားရဲ႕ ၃၆၀ ဒီဂရီ ေဘာလုံးနဲ႔အတူ လွည့္ပတ္မႈကို

အဓိပၸါယ္မရွိတဲ့ ကိုယ္ေရေသြးမႈတစ္ခုလို႔ ျပစ္တင္းေဝဖန္ ထားၾကပါတယ္။

ဒါေပမယ့္ နည္းျပ တန္ဟတ္ကေတာ့ အသင္းနဲ႔အတူ ေျခစြမ္းျပေနၿပီး ကစားကြက္မွာ အေႏွာက္အယွက္ မရွိခဲ့ရင္

သူ႔ရဲ႕ စေကးျပမႈ ခြင့္လႊတ္ကာ ခြင့္ျပဳေပးထားမယ္လို႔ ေျပာခဲ့သလို

ယူႏိုက္တက္အသင္းေဖာ္ ဖရက္ဒ္ကလည္း အန္တိုနီဘက္ကေန ကာကြယ္ေျပာဆိုထားပါတယ္။

အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း (၁၀၀) နဲ႔ သေဘာတူညီၿပီး ေရာက္ရွိလာခဲ့တဲ့ ကစားသမားပါ။

ေဆာ္ေပၚလို အကယ္ဒမီထြက္ ကစားသမားလည္းျဖစ္တဲ့ အန္တိုနီကေတာ့

သူ႔ရဲ႕ ဒီလိုမ်ိဳး ကစားပုံနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြအေပၚ ဂ႐ုမစိုက္ေၾကာင္း တုံ႔ျပန္ပါတယ္။