
မန်ယူအသင်းဟာ စပါးကို ၃-၂ နဲ့အနိုင်ရပြီးထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေး
မျှော်လင့်ချက်အားကောင်းလာခဲ့ပေမယ့် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့
သူ့ထုံးစံအတိုင်းအပြစ်မရှိအပြစ်ရှာပြီး ဝေဖန်မှုပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။
ဒီတစ်ခါအလှည့်ကျသူတွေကတော့ ဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့
မက်ဂွိုင်းယားနဲ့ ဗာရန်း တို့ဖြစ်ပါတယ်။
သူတို့ဝေဖန်ခံရတဲ့အကြောင်းကလည်း ပွဲမတိုင်ခင်သွေးပူလေ့ကျင့်ခန်းပြုလုပ်ရာမှာ
လက်အိတ်ကိုယ်စီဝတ်ထားကြလို့ပါတဲ့။ ရွိုင်ကိန်းပြောမယ်ဆိုလည်း ပြောချင်စရာပါဘဲ။
ပွဲကစားမယ့်အချိန်မှာအပူချိန်က ၁၁ ဒီဂရီရှိနေလို့
ရေခဲမှတ်လောက်အေးနေတဲ့အချိန်လည်းမဟုတ်ပါဘူး။
ဒါဟာမန်ချက်စတာလို ရာသီဥတုကြမ်းတမ်းတဲ့ဒေသကလူတွေအတွက်
ဘာမှပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။
ဒါပေမယ့် မက်ဂွိုင်းယားနဲ့ ဗာရန်း တို့ဟာသူတို့ရဲ့လက်တွေကို နွေးထွေးတဲ့အကာတစ်
ခုအောက်မှာထားဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ဒီအချိန်မှာ ရုပ်သံရိုက်ကူးသူတွေကလည်း
သူတို့နှစ်ဦးအပါအဝင်ကျန်တဲ့ မန်ယူခံစစ်မှူးတွေဖြစ်တဲ့ ဒါလော့တ်နဲ့ တဲလက်စ် တို့ကို
အာရုံစိုက်ရိုက်ကူးနေလို့ မက်ဂွိုင်းယားနဲ့ ဗာရန်း တို့ရဲ့လက်အိတ်ဝတ်ဆင်ထားမှုက
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်မှာ မကြာခဏဆိုသလိုပေါ်လွင်နေခဲ့တာပါ။
Sky Sports ရဲ့ဝေဖန်သုံးသပ်သူအဖြစ်ပြုလုပ်ခဲ့တဲ့ ရွိုင်ကိန်းက
” သူတို့တွေလက်အိတ်ထဲဝင်နေတာလား၊ သူတို့တွေ လက်အိတ်တွေဝတ်ထားကြတာလား။
ဒါကျွန်တော်မြင်ရသလောက်ပေါ့ဗျာ။
သိပ်ကိုသန်မာရမယ့် ဗဟိုနောက်ခံလူနှစ်ဦးဆီကပေးလိုက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ မက်ဆေ့ချ်ပေါ့။
ဒါဟာသူတို့ရဲ့ပျော့ညံ့မှုကိုပြလိုက်သလိုဘဲ” လို့ပြောသွားပါတယ်။
ဒါပေမယ့်တကယ်ပွဲစကစားတဲ့အချိန်မှာတော့မက်ဂွိုင်းယားတစ်ယောက်ဘဲ
လက်အိတ်ချွတ်ခဲ့ပြီး ဗာရန်းကတော့ ဆက်လက်ဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။
အဲဒီပွဲမှာ သူတို့နှစ်ဦးဟာပွဲချိန်ပြည့်ကစားသွားကြပြီး
ထုံးစံအတိုင်းအားနည်းချက်တွေလည်းရှိခဲ့ပါတယ်။
အထူးသဖြင့် မက်ဂွိုင်းယားဆိုရင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သေးတာဖြစ်ပြီး
စီရော်နယ်ဒိုရဲ့ကယ်တင်မှုကြောင့်သာ မန်ယူအသင်းအမှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရွိုင်ကိန်းကတော့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ မက်ဂွိုင်းယား ကို
ဝေဖန်ခဲ့ခြင်းမရှိဘဲ လက်အိတ်ဝတ်ခဲ့တဲ့အပေါ်မှာသာ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
zawgyi
အေၾကာင္းမရွိ အေၾကာင္းရွာၿပီး မက္ဂြိဳင္းယားနဲ႔ ဗာရန္း ကိုေဝဖန္လိုက္တဲ့ ႐ြိဳင္ကိန္း
မန္ယူအသင္းဟာ စပါးကို ၃-၂ နဲ႔အႏိုင္ရၿပီးထိပ္ဆုံး ၄ သင္းစာရင္းဝင္ေရး
ေမွ်ာ္လင့္ခ်က္အားေကာင္းလာခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းကေတာ့
သူ႔ထုံးစံအတိုင္းအျပစ္မရွိအျပစ္ရွာၿပီး ေဝဖန္မႈျပဳလုပ္ခဲ့ေသးတယ္လို႔သိရပါတယ္။
ဒီတစ္ခါအလွည့္က်သူေတြကေတာ့ ဗဟိုေနာက္ခံလူ ၂ ဦးျဖစ္တဲ့
မက္ဂြိဳင္းယားနဲ႔ ဗာရန္း တို႔ျဖစ္ပါတယ္။
သူတို႔ေဝဖန္ခံရတဲ့အေၾကာင္းကလည္း ပြဲမတိုင္ခင္ေသြးပူေလ့က်င့္ခန္းျပဳလုပ္ရာမွာ
လက္အိတ္ကိုယ္စီဝတ္ထားၾကလို႔ပါတဲ့။ ႐ြိဳင္ကိန္းေျပာမယ္ဆိုလည္း ေျပာခ်င္စရာပါဘဲ။
ပြဲကစားမယ့္အခ်ိန္မွာအပူခ်ိန္က ၁၁ ဒီဂရီရွိေနလို႔
ေရခဲမွတ္ေလာက္ေအးေနတဲ့အခ်ိန္လည္းမဟုတ္ပါဘူး။
ဒါဟာမန္ခ်က္စတာလို ရာသီဥတုၾကမ္းတမ္းတဲ့ေဒသကလူေတြအတြက္
ဘာမွေျပာပေလာက္တဲ့ ပမာဏမဟုတ္ပါဘူး။
ဒါေပမယ့္ မက္ဂြိဳင္းယားနဲ႔ ဗာရန္း တို႔ဟာသူတို႔ရဲ႕လက္ေတြကို ေႏြးေထြးတဲ့အကာတစ္
ခုေအာက္မွာထားဖို႔ ဆုံးျဖတ္လိုက္ၾကတာပါ။ ဒီအခ်ိန္မွာ ႐ုပ္သံ႐ိုက္ကူးသူေတြကလည္း
သူတို႔ႏွစ္ဦးအပါအဝင္က်န္တဲ့ မန္ယူခံစစ္မႉးေတြျဖစ္တဲ့ ဒါေလာ့တ္နဲ႔ တဲလက္စ္ တို႔ကို
အာ႐ုံစိုက္႐ိုက္ကူးေနလို႔ မက္ဂြိဳင္းယားနဲ႔ ဗာရန္း တို႔ရဲ႕လက္အိတ္ဝတ္ဆင္ထားမႈက
တိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္မွာ မၾကာခဏဆိုသလိုေပၚလြင္ေနခဲ့တာပါ။
Sky Sports ရဲ႕ေဝဖန္သုံးသပ္သူအျဖစ္ျပဳလုပ္ခဲ့တဲ့ ႐ြိဳင္ကိန္းက
” သူတို႔ေတြလက္အိတ္ထဲဝင္ေနတာလား၊ သူတို႔ေတြ လက္အိတ္ေတြဝတ္ထားၾကတာလား။
ဒါကြၽန္ေတာ္ျမင္ရသေလာက္ေပါ့ဗ်ာ။
သိပ္ကိုသန္မာရမယ့္ ဗဟိုေနာက္ခံလူႏွစ္ဦးဆီကေပးလိုက္တဲ့ ႀကီးက်ယ္ခမ္းနားတဲ့ မက္ေဆ့ခ်္ေပါ့။
ဒါဟာသူတို႔ရဲ႕ေပ်ာ့ညံ့မႈကိုျပလိုက္သလိုဘဲ” လို႔ေျပာသြားပါတယ္။
ဒါေပမယ့္တကယ္ပြဲစကစားတဲ့အခ်ိန္မွာေတာ့မက္ဂြိဳင္းယားတစ္ေယာက္ဘဲ
လက္အိတ္ခြၽတ္ခဲ့ၿပီး ဗာရန္းကေတာ့ ဆက္လက္ဝတ္ဆင္ခဲ့တာေတြ႕ရပါတယ္။
အဲဒီပြဲမွာ သူတို႔ႏွစ္ဦးဟာပြဲခ်ိန္ျပည့္ကစားသြားၾကၿပီး
ထုံးစံအတိုင္းအားနည္းခ်က္ေတြလည္းရွိခဲ့ပါတယ္။
အထူးသျဖင့္ မက္ဂြိဳင္းယားဆိုရင္ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ေသးတာျဖစ္ၿပီး
စီေရာ္နယ္ဒိုရဲ႕ကယ္တင္မႈေၾကာင့္သာ မန္ယူအသင္းအမွတ္ျပည့္ရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ႐ြိဳင္ကိန္းကေတာ့ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တဲ့ မက္ဂြိဳင္းယား ကို
ေဝဖန္ခဲ့ျခင္းမရွိဘဲ လက္အိတ္ဝတ္ခဲ့တဲ့အေပၚမွာသာ ေဝဖန္ခဲ့တာျဖစ္ပါတယ္။