အက်သလက်နဲ့ပွဲမတိုင်ခင် ဖာနန်ဒက်စ်နဲ့ လုခ်ရှောတို့ လေ့ကျင့်ခန်းပြန်ဆင်း

ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်အဖြစ်

အက်သလက်နဲ့ကစားရမယ့် ချန်ပီယံလိဂ်
အဆုံးအဖြတ်ပွဲမတိုင်ခင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့
ဘယ်နောက်ခံလူ လုခ်ရှောတို့ ထရိန်နင်
ပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
သူတို့နှစ်ယောက်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရလို့

စနေညက စပါးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
မပါဝင်နိုင်ခဲ့ဘဲ အင်္ဂါနေ့မှာ ကစားရမယ့်
အက်သလက်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်
ဒု-အကျော့ပွဲစဉ်ကိုလည်း ဆက်လက်
လွဲချော်ရနုင်တယ်လို့ အသင်းဘက်က စိုးရိမ်ခဲ့ရပါတယ်။


ဒါပေမဲ့ ဖာနန်ဒက်စ်နဲ့ လုခ်ရှောတို့ဟာ
ယနေ့မနက်ပိုင်းမှာ ပြုလုပ်တဲ့အသင်းရဲ့
ထရိန်နင်အစီအစဉ်မှာ အသင်းဖော်တွေနဲ့အတူ

ပြန်လည်ပါဝင်လာပြီး အသင်းကလည်း
သူတို့နှစ်ယောက် ထရိန်နင်ပြန်ဆင်းနေပြီလို့
အတည်ပြုကြေညာထားပါတယ်။
ယူနိုက်တက်ဟာ ပ-အကျော့ မက်ဒရစ်မြေမှာ
အက်သလက်နဲ့ ၁-၁ ဂိုးသရေကစားထားပြီး

ဖီးလစ်ရဲ့ဦးဆောင်ဂိုးကို လူငယ်တောင်ပံကစားသမား
အီလန်ဂါက ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။


”လုခ်ရှောက ပိုအဆင်ပြေနိုင်တဲ့ပုံပါပဲ။

ဖာနန်ဒက်စ်ရဲ့အနေအထားကိုတော့ အင်္ဂါနေ့အထိ
စောင့်ကြည့်ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့်
နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းရဖို့များနေပါတယ်”လို့
ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ ယခုရာသီမှာ အသင်းအတွက်

ပြိုင်ပွဲစုံ ၉ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ပေးထားပါတယ်။