
ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းဟာ ဘာဟီယာအသင်းကို
၃-၂ နဲ့အနိုင်ရပြီးဘရာဇီးချန်ပီယံဘွဲ့ကိုနှစ်ပေါင်း၅၀ အတွင်းပထမဆုံးအကြိမ်
အဖြစ်ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မင်နဲရိုးအသင်းမှာ ပေါ်တိုနဲ့ ဘရာဇီး
တိုက်စစ်မှူးဟောင်း ဟော့ခ်နဲ့ စပိန်နဲ့ ချဲလ်ဆီးအသင်း တိုက်စစ်မှူးဟောင်း
ဒီယေဂိုကော်စတာတို့ပါဝင် ကစားနေပါတယ်။
ဒီပွဲမှာဘာဟီယာ ဟာ ၂ ဂိုးအရင်သွင်းကာဦးဆောင်ခဲ့ပေမယ့် မင်နဲရိုးကပွဲချိန် ၇၃ မိနစ်က
၇၇ မိနစ်အထိ ၅ မိနစ်သာကြာတဲ့အချိန်အတွင်းမှာ ၃ ဂိုးပြန်သွင်းပြီး ၃-၂ နဲ့
အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ၃၆ ပွဲကစားပြီးချိန်မှာ ၈၁ မှတ်ရရှိသွားတဲ့အတွက်
၂ ပွဲကစား ဖို့ကျန်ရှိနေချိန်မှာ ချန်ပီယံဘွဲ့ကိုဆွတ်ခူးနိုင်လိုက်တာဖြစ်ပါတယ်။
ဒုတိယနေရာကဖလာမင်ဂို ဟာ ၃၅ ပွဲကစားပြီး အမှတ် ၇၀ ရထားပေမယ့်
လက်ကျန် ၃ ပွဲစလုံးနိုင်ရင်တောင် မင်နဲရိုးကိုလိုက်မီတော့မှာမဟုတ်ပါဘူး။
မင်နဲရိုးဟာ ချန်ပီယံဘွဲ့ကိုဒုတိယအကြိမ်မြောက်ဆွတ်ခူးခဲ့တာဖြစ်ပြီး နောက်ဆုံး
ရရှိခဲ့တာက ၁၉၇၁ ဖြစ်လို့နှစ်ပေါင်း ၅၀ ကြာပြီးမှ ချန်ပီယံဘွဲ့ကိုပြန်ရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဟော့ခ်ဟာမင်နဲရိုးတိုက်စစ်ကို အဓိကဦးဆောင်သွားခဲ့ပြီး ပထမဆုံး
ချေပဂိုးကိုလည်း ပင်နယ်တီကနေတစ်ဆင့်အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ပြီး
အသင်းရဲ့စိတ်ဓါတ်ကိုမြှင့်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဟော့ခ်ရဲ့တွဲဖက်ဖြစ်တဲ့
ကော်စတာဟာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် သူတို့တိုက်စစ်အတွဲဟာ ဒီရာသီမှာ
မင်နဲရိုးချန်ပီယံဖြစ်ဖို့ အဓိကကျခဲ့ပြီး နှစ်ဦးပေါင်း ၃၂ ပွဲအတူကစားခဲ့ရာမှာ ၂၂ ဂိုး
သွင်းပြီး ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟော့ခ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ကမှာ ရှန်ဟိုင်း
SIPG ကနေပြောင်းလာခဲ့ပြီး မင်နဲရိုးအတွက်ပြိုင်ပွဲအရပ်ရပ် ၃၃ ဂိုးတောင်
သွင်းယူပေးထားတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဟော့ခ်ဟာ ဘရာဇီး
စီးရီးအေမှာ ၁၈ ဂိုးသွင်းထားလို့ ဂိုးသွင်းအများဆုံးဆုကိုလည်းရဖို့နီးစပ်နေပါတယ်။
သူ့နောက်မှာဒုတိယဂိုးအများဆုံးသွင်းထားသူ ဖလာမင်ဂိုက မိုက်ကယ်ဖြစ်ပြီး
၁၃ ဂိုးသာရရှိထားပါသေးတယ်။
ကော်စတာကတော့ ပြီးခဲ့တဲ့ဩဂုတ်လကမှ ပြောင်းလာတာဖြစ်ပြီး ဘာဟီယာနဲ့ပွဲမှာ
မပါပေမယ့် ဒီရာသီမှာဟော့ခ်နဲ့တွဲဖက်ညီသူတွေဖြစ်ခဲ့ပါတယ်။
Zawgyi
အက္သလက္တီကိုမင္နဲ႐ိုး ႏွစ္ ၅၀ ၾကာ ဘရာဇီးခ်န္ပီယံဘြဲ႕
ဘရာဇီးကလပ္ အက္သလက္တီကိုမင္နဲ႐ိုးအသင္းဟာ ဘာဟီယာအသင္းကို
၃-၂ နဲ႔အႏိုင္ရၿပီးဘရာဇီးခ်န္ပီယံဘြဲ႕ကိုႏွစ္ေပါင္း၅၀ အတြင္းပထမဆုံးအႀကိမ္
အျဖစ္ဆြတ္ခူးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မင္နဲ႐ိုးအသင္းမွာ ေပၚတိုနဲ႔ ဘရာဇီး
တိုက္စစ္မႉးေဟာင္း ေဟာ့ခ္နဲ႔ စပိန္နဲ႔ ခ်ဲလ္ဆီးအသင္း တိုက္စစ္မႉးေဟာင္း
ဒီေယဂိုေကာ္စတာတို႔ပါဝင္ ကစားေနပါတယ္။
ဒီပြဲမွာဘာဟီယာ ဟာ ၂ ဂိုးအရင္သြင္းကာဦးေဆာင္ခဲ့ေပမယ့္ မင္နဲ႐ိုးကပြဲခ်ိန္ ၇၃ မိနစ္က
၇၇ မိနစ္အထိ ၅ မိနစ္သာၾကာတဲ့အခ်ိန္အတြင္းမွာ ၃ ဂိုးျပန္သြင္းၿပီး ၃-၂ နဲ႔
အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ၃၆ ပြဲကစားၿပီးခ်ိန္မွာ ၈၁ မွတ္ရရွိသြားတဲ့အတြက္
၂ ပြဲကစား ဖို႔က်န္ရွိေနခ်ိန္မွာ ခ်န္ပီယံဘြဲ႕ကိုဆြတ္ခူးႏိုင္လိုက္တာျဖစ္ပါတယ္။
ဒုတိယေနရာကဖလာမင္ဂို ဟာ ၃၅ ပြဲကစားၿပီး အမွတ္ ၇၀ ရထားေပမယ့္
လက္က်န္ ၃ ပြဲစလုံးႏိုင္ရင္ေတာင္ မင္နဲ႐ိုးကိုလိုက္မီေတာ့မွာမဟုတ္ပါဘူး။
မင္နဲ႐ိုးဟာ ခ်န္ပီယံဘြဲ႕ကိုဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးခဲ့တာျဖစ္ၿပီး ေနာက္ဆုံး
ရရွိခဲ့တာက ၁၉၇၁ ျဖစ္လို႔ႏွစ္ေပါင္း ၅၀ ၾကာၿပီးမွ ခ်န္ပီယံဘြဲ႕ကိုျပန္ရခဲ့တာျဖစ္ပါတယ္။
ဒီပြဲမွာ ေဟာ့ခ္ဟာမင္နဲ႐ိုးတိုက္စစ္ကို အဓိကဦးေဆာင္သြားခဲ့ၿပီး ပထမဆုံး
ေခ်ပဂိုးကိုလည္း ပင္နယ္တီကေနတစ္ဆင့္အမွားအယြင္းမရွိကန္သြင္းႏိုင္ခဲ့ၿပီး
အသင္းရဲ႕စိတ္ဓါတ္ကိုျမႇင့္ေပးႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ေဟာ့ခ္ရဲ႕တြဲဖက္ျဖစ္တဲ့
ေကာ္စတာဟာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိေပမယ့္ သူတို႔တိုက္စစ္အတြဲဟာ ဒီရာသီမွာ
မင္နဲ႐ိုးခ်န္ပီယံျဖစ္ဖို႔ အဓိကက်ခဲ့ၿပီး ႏွစ္ဦးေပါင္း ၃၂ ပြဲအတူကစားခဲ့ရာမွာ ၂၂ ဂိုး
သြင္းၿပီး ၈ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ေဟာ့ခ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီ ကမွာ ရွန္ဟိုင္း
SIPG ကေနေျပာင္းလာခဲ့ၿပီး မင္နဲ႐ိုးအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၃၃ ဂိုးေတာင္
သြင္းယူေပးထားတာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဟာ့ခ္ဟာ ဘရာဇီး
စီးရီးေအမွာ ၁၈ ဂိုးသြင္းထားလို႔ ဂိုးသြင္းအမ်ားဆုံးဆုကိုလည္းရဖို႔နီးစပ္ေနပါတယ္။
သူ႔ေနာက္မွာဒုတိယဂိုးအမ်ားဆုံးသြင္းထားသူ ဖလာမင္ဂိုက မိုက္ကယ္ျဖစ္ၿပီး
၁၃ ဂိုးသာရရွိထားပါေသးတယ္။
ေကာ္စတာကေတာ့ ၿပီးခဲ့တဲ့ဩဂုတ္လကမွ ေျပာင္းလာတာျဖစ္ၿပီး ဘာဟီယာနဲ႔ပြဲမွာ
မပါေပမယ့္ ဒီရာသီမွာေဟာ့ခ္နဲ႔တြဲဖက္ညီသူေတြျဖစ္ခဲ့ပါတယ္။