အက်ဖ်အေအစဉ်အလာကောင်းကို ဆက်ထိန်းတဲ့ ချဲလ်ဆီးနဲ့ လူမှန်နေရာမှန်ဖြစ်လာတဲ့ လူကာကူ

ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လက်စတာကို

အရေးနိမ့်ခဲ့ရတဲ့ ချဲလ်ဆီးဟာ ဒီရာသီ
ပထမဆုံးကွာတားဖိုင်နယ်ပွဲမှာတော့ Giant Killers လို့
လူသိများနေတဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို
ဝ-၂ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို အသာအယာတက်လှမ်းသွားပါတယ်။
ဒီပွဲနဲ့ပတ်သက်လို့ ပြောစရာတွေအများအပြားရှိပါတယ်။

ပထမဆုံးနဲ့ အဓိကအကျဆုံးအချက်ကတော့
အက်ဖ်အေဖလားနဲ့ ချဲလ်ဆီးတို့ အတွဲအစပ်မိလာတဲ့အချက်ပါ။
ချဲလ်ဆီးဟာ နောက်ဆုံး ၆ရာသီအတွင်း အက်ဖ်အေဖလားမှာ
ဆီမီးဖိုင်နယ်ကို ၅ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး
ပိုထူးခြားတာက ဆီမီးဖိုင်နယ်တက်တဲ့ ယခင် ၄ကြိမ်စလုံးမှာ

ဗိုလ်လုပွဲလည်း တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးဟာ နောက်ဆုံး ၆ရာသီအတွင်း ၂၀၁၈-၁၉ ရာသီကပဲ
ပဉ္စမအဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပြီး ကျန်ရာသီတိုင်းမှာ
အနည်းဆုံး ဒုတိယတော့ ရခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ ၂၀၁၇-၁၈ ရာသီက အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ပြီး

ကျန်တဲ့ ၃ရာသီမှာတော့ ဒုတိယပဲရခဲ့ပါတယ်။
ဒီနေ့မှာ အသက် ၂၉ နှစ်ပြည့်ခဲ့တဲ့ တောင်ပံကစားသမား
ဇီယက်ချ်ကလည်း သူ့ရဲ့ပုံစံအတိုင်း ဧရိယာညာဘက်အခြမ်းကနေ
ဘယ်ခြေနဲ့ ဂိုးသမားရဲ့ညာဘက် အဝေးတိုင်ထောင့်ထဲ
လှလှပပကန်သွင်းကာ အသင်းအတွက်

အဆုံးသတ်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ၂ဂိုးစလုံး ဖန်တီးပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ
မေဆင်မောင့်ကလည်း ချဲလ်ဆီးကစားသမားဘဝ
၁၄၈ ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ဂိုး ၅၀အထိ
ရှိသွားပြီး ၂၅ ဂိုးသွင်း၊ ၂၅ ဂိုး ဖန်တီးပေးထားတာပါ။

ချဲလ်ဆီးပရိသတ်တွေအတွက် အားတက်စရာ
အကောင်းဆုံးသတင်းကတော့ တိုက်စစ်မှူး လူကာကူ
ဂိုးပြန်မြူးလာတဲ့အချက်ပဲဖြစ်ပါတယ်။
လူကာကူဟာ ရာသီအစနောက်ပိုင်း ပုံမှန်ခြေစွမ်းရဖို့
ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အင်တာမီလန်မှာ

ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည်ရရှိလာပြီး ဒီပွဲမှာလည်း
မေဆင်မောင့်ရဲ့ဖြတ်တင်ဘောကနေ အသင်းအတွက်
ဦးဆောင်ဂိုးကို ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။
လူကာကူဟာ အခုဆိုရင် ချဲလ်ဆီးအတွက်
ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့

နောက်ဆုံး ၅ပွဲမှာ ၄ဂိုးအထိသွင်းယူထားပြီး
ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၂ဂိုး သွင်းယူထားပြီဖြစ်လို့
အသင်းဖော် ကိုင်ဟာဗက်ဇ်ကို ကျော်ဖြတ်ကာ
ချဲလ်ဆီးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အင်တာမီလန်ကနေ

ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာပြီးနောက်
ကွင်းတွင်း ကွင်းပြင် ပြဿနာမျိုးစုံ တက်ခဲ့တဲ့
လူကာကူအတွက်တော့ လမ်းကြောင်းမှန်ပေါ်
ပြန်ရောက်လာတာဖြစ်ပါတယ်။

Zawgyi

အက္ဖ္ေအအစဥ္အလာေကာင္းကို ဆက္ထိန္းတဲ့ ခ်ဲလ္ဆီးနဲ႔ လူမွန္ေနရာမွန္ျဖစ္လာတဲ့ လူကာကူ
ၿပီးခဲ့တဲ့ရာသီ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ လက္စတာကို
အေရးနိမ့္ခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ ဒီရာသီ

ပထမဆုံးကြာတားဖိုင္နယ္ပြဲမွာေတာ့ Giant Killers လို႔
လူသိမ်ားေနတဲ့ ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့ကို
ဝ-၂ ဂိုးနဲ႔ အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္ကို အသာအယာတက္လွမ္းသြားပါတယ္။
ဒီပြဲနဲ႔ပတ္သက္လို႔ ေျပာစရာေတြအမ်ားအျပားရွိပါတယ္။
ပထမဆုံးနဲ႔ အဓိကအက်ဆုံးအခ်က္ကေတာ့

အက္ဖ္ေအဖလားနဲ႔ ခ်ဲလ္ဆီးတို႔ အတြဲအစပ္မိလာတဲ့အခ်က္ပါ။
ခ်ဲလ္ဆီးဟာ ေနာက္ဆုံး ၆ရာသီအတြင္း အက္ဖ္ေအဖလားမွာ
ဆီမီးဖိုင္နယ္ကို ၅ ႀကိမ္ေျမာက္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး
ပိုထူးျခားတာက ဆီမီးဖိုင္နယ္တက္တဲ့ ယခင္ ၄ႀကိမ္စလုံးမွာ
ဗိုလ္လုပြဲလည္း တက္ေရာက္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ေနာက္ဆုံး ၆ရာသီအတြင္း ၂၀၁၈-၁၉ ရာသီကပဲ
ပၪၥမအဆင့္ကေန ထြက္ခဲ့ရတာျဖစ္ၿပီး က်န္ရာသီတိုင္းမွာ
အနည္းဆုံး ဒုတိယေတာ့ ရခဲ့တာျဖစ္ပါတယ္။
အဲဒီမွာ ၂၀၁၇-၁၈ ရာသီက အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့ၿပီး
က်န္တဲ့ ၃ရာသီမွာေတာ့ ဒုတိယပဲရခဲ့ပါတယ္။

ဒီေန႔မွာ အသက္ ၂၉ ႏွစ္ျပည့္ခဲ့တဲ့ ေတာင္ပံကစားသမား
ဇီယက္ခ်္ကလည္း သူ႔ရဲ႕ပုံစံအတိုင္း ဧရိယာညာဘက္အျခမ္းကေန
ဘယ္ေျခနဲ႔ ဂိုးသမားရဲ႕ညာဘက္ အေဝးတိုင္ေထာင့္ထဲ
လွလွပပကန္သြင္းကာ အသင္းအတြက္
အဆုံးသတ္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ဒီပြဲမွာ ၂ဂိုးစလုံး ဖန္တီးေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ
ေမဆင္ေမာင့္ကလည္း ခ်ဲလ္ဆီးကစားသမားဘဝ
၁၄၈ ပြဲမွာ သြင္းဂိုးပါဝင္ပတ္သက္မႈ ဂိုး ၅၀အထိ
ရွိသြားၿပီး ၂၅ ဂိုးသြင္း၊ ၂၅ ဂိုး ဖန္တီးေပးထားတာပါ။
ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ အားတက္စရာ

အေကာင္းဆုံးသတင္းကေတာ့ တိုက္စစ္မႉး လူကာကူ
ဂိုးျပန္ျမဴးလာတဲ့အခ်က္ပဲျဖစ္ပါတယ္။
လူကာကူဟာ ရာသီအစေနာက္ပိုင္း ပုံမွန္ေျခစြမ္းရဖို႔
႐ုန္းကန္ခဲ့ရေပမယ့္ အခုေတာ့ အင္တာမီလန္မွာ
ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး ျပန္လည္ရရွိလာၿပီး ဒီပြဲမွာလည္း

ေမဆင္ေမာင့္ရဲ႕ျဖတ္တင္ေဘာကေန အသင္းအတြက္
ဦးေဆာင္ဂိုးကို ပိတ္သြင္းယူႏိုင္ခဲ့ပါတယ္။
လူကာကူဟာ အခုဆိုရင္ ခ်ဲလ္ဆီးအတြက္
ဦးစားေပးကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့တဲ့
ေနာက္ဆုံး ၅ပြဲမွာ ၄ဂိုးအထိသြင္းယူထားၿပီး

ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၂ဂိုး သြင္းယူထားၿပီျဖစ္လို႔
အသင္းေဖာ္ ကိုင္ဟာဗက္ဇ္ကို ေက်ာ္ျဖတ္ကာ
ခ်ဲလ္ဆီးအသင္းရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္လာပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက အင္တာမီလန္ကေန
ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္

ကြင္းတြင္း ကြင္းျပင္ ျပႆနာမ်ိဳးစုံ တက္ခဲ့တဲ့
လူကာကူအတြက္ေတာ့ လမ္းေၾကာင္းမွန္ေပၚ
ျပန္ေရာက္လာတာျဖစ္ပါတယ္။