အက်ဖ်အေဖလားပွဲစဉ်မှာ အဲဗာတန်အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ကစားခဲ့တဲ့ ယူကရိန်းလက်ရွေးစင်

ယူကရိန်းလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ မိုင်ကိုလန်ကိုဟာ

အောက်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဘိုရိဟမ်းနဲ့ကစားခဲ့တဲ့

ကြာသပတေးညအက်ဖ်အေဖလားပွဲစဉ်မှာ

အဲဗာတန်အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ကစားခဲ့ပါတယ်။

၂၂ နှစ်အရွယ် အဲဒီဘယ်နောက်ခံလူဟာ ရုရှားက သူမိခင်နိုင်ငံကို

ကျူးကျော်မှုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

အဲဗာတန်အတွက် ပြန်လည်ပါဝင်ကစားခဲ့တာပါ။

မိုင်ကိုလန်ကိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကမှ

အဲဗာတန်ကိုရောက်လာတာဖြစ်ပြီး အသင်းသစ်က သူ့ရဲ့ ၄ ပွဲမြောက်မှာပဲ

ကပ္ပတိန်လက်ပတ်ဝတ်ဆင်ကစားခွင့်ရခဲ့တာပါ။

ပွဲမကန်ခင်မှာ နှစ်ဖက်ကစားသမားတွေဟာ ယူကရိန်းအလံကို

ကျောပေါ်ခြုံပြီးတော့ ကွင်းထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ we stand with Ukraine ဆိုတဲ့စာတန်းနဲ့ နှစ်ဖက်အသင်းသားတွေ

ဓာတ်ပုံရိုက်ခံတော့ ကွင်းထဲက ပရိသတ်တွေက လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။

အဲဒီပွဲမှာ အဲဗာတန်ဟာ ပထမပိုင်းရုန်းကန်ခဲ့ရပြီး ဂိုးမရှိသရေဖြစ်နေခဲ့ပေမယ့်

ဒုတိယပိုင်းမှာ တိုက်စစ်မှုးရွန်ဒွန်တို့ရဲ့သွင်းဂိုး ၂ ဂိုးနဲ့

နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာပါ။

မိုင်ကိုလန်ကိုကတော့ တစ်နာရီလောက်ကစားသွားခဲ့ပြီး

ဒုတိယပိုင်းမှာ ကိုးလ်မန်းနဲ့လူစားလဲခံလိုက်ရပါတယ်။

သူဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ယူကရိန်းကလပ်ဒိုင်နမိုကိဗ်ကနေ ရောက်လာခဲ့သူပါ။

လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ဟာ ယူကရိန်းအရေးအတွက်

တက်တက်ကြွကြွအားပေးထောက်ခံမှုတွေ လုပ်ပေးနေပါတယ်။

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တန်းကလည်း အဲဗာတန်ဟာ

မန်စီးတီးနဲ့ရင်ဆိုင်ရတော့ ယူကရိန်းအသင်းဖော်တွေဖြစ်ကြတဲ့

မိုင်ကိုလန်ကိုနဲ့ မန်စီးတီးက ဇင်ချန်ကိုတို့ စိတ်ခံစားမှုတွေနဲ့ ပွေ့ဖက်ခဲ့ကြတာပါ။

zawgyi

အက္ဖ္ေအဖလားပြဲစဥ္မွာ အဲဗာတန္အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ကစားခဲ့တဲ့ ယူကရိန္းလက္ေ႐ြးစင္

ယူကရိန္းလက္ေ႐ြးစင္တစ္ေယာက္ျဖစ္တဲ့ မိုင္ကိုလန္ကိုဟာ

ေအာက္တန္းအသင္းတစ္သင္းျဖစ္တဲ့ ဘိုရိဟမ္းနဲ႔ကစားခဲ့တဲ့

ၾကာသပေတးညအက္ဖ္ေအဖလားပြဲစဥ္မွာ

အဲဗာတန္အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ကစားခဲ့ပါတယ္။

၂၂ ႏွစ္အ႐ြယ္ အဲဒီဘယ္ေနာက္ခံလူဟာ ႐ုရွားက သူမိခင္ႏိုင္ငံကို

က်ဴးေက်ာ္မႈလုပ္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

အဲဗာတန္အတြက္ ျပန္လည္ပါဝင္ကစားခဲ့တာပါ။

မိုင္ကိုလန္ကိုဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကမွ

အဲဗာတန္ကိုေရာက္လာတာျဖစ္ၿပီး အသင္းသစ္က သူ႔ရဲ႕ ၄ ပြဲေျမာက္မွာပဲ

ကပၸတိန္လက္ပတ္ဝတ္ဆင္ကစားခြင့္ရခဲ့တာပါ။

ပြဲမကန္ခင္မွာ ႏွစ္ဖက္ကစားသမားေတြဟာ ယူကရိန္းအလံကို

ေက်ာေပၚၿခဳံၿပီးေတာ့ ကြင္းထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီမွာ we stand with Ukraine ဆိုတဲ့စာတန္းနဲ႔ ႏွစ္ဖက္အသင္းသားေတြ

ဓာတ္ပုံ႐ိုက္ခံေတာ့ ကြင္းထဲက ပရိသတ္ေတြက လက္ခုပ္ၾသဘာေပးခဲ့ၾကပါတယ္။

အဲဒီပြဲမွာ အဲဗာတန္ဟာ ပထမပိုင္း႐ုန္းကန္ခဲ့ရၿပီး ဂိုးမရွိသေရျဖစ္ေနခဲ့ေပမယ့္

ဒုတိယပိုင္းမွာ တိုက္စစ္မႈး႐ြန္ဒြန္တို႔ရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔

ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့တာပါ။

မိုင္ကိုလန္ကိုကေတာ့ တစ္နာရီေလာက္ကစားသြားခဲ့ၿပီး

ဒုတိယပိုင္းမွာ ကိုးလ္မန္းနဲ႔လူစားလဲခံလိုက္ရပါတယ္။

သူဟာ ၿပီးခဲ့တဲ့ဇန္နဝါရီကမွ ယူကရိန္းကလပ္ဒိုင္နမိုကိဗ္ကေန ေရာက္လာခဲ့သူပါ။

လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ဟာ ယူကရိန္းအေရးအတြက္

တက္တက္ႂကြႂကြအားေပးေထာက္ခံမႈေတြ လုပ္ေပးေနပါတယ္။

ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္တန္းကလည္း အဲဗာတန္ဟာ

မန္စီးတီးနဲ႔ရင္ဆိုင္ရေတာ့ ယူကရိန္းအသင္းေဖာ္ေတြျဖစ္ၾကတဲ့

မိုင္ကိုလန္ကိုနဲ႔ မန္စီးတီးက ဇင္ခ်န္ကိုတို႔ စိတ္ခံစားမႈေတြနဲ႔ ေပြ႕ဖက္ခဲ့ၾကတာပါ။