အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ လီဗာပူး ထိပ်တိုက်တွေ့ဆုံ

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲတွေအပြီးမှာပဲ ဆီမီးဖိုင်နယ်မဲခွဲပွဲကို

တစ်ခါတည်းပြုလုပ်ခဲ့ရာမှာ မန်စီးတီးက ဧပြီလအတွင်း လီဗာပူးနဲ့
ရင်ဆိုင်ရတော့မှာဖြစ်ပြီး ချဲလ်ဆီးက လန်ဒန်ဒါဘီပွဲစဉ်အဖြစ်
ပဲလေ့စ်နဲ့ ကစားရမှာဖြစ်ကြောင်း သိရပါတယ်။
စီးတီးဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်ကို
၁-၄ဂိုးနဲ့ အလွယ်တကူအနိုင်ရကာ နည်းပြဂွါဒီယိုလာလက်ထက်

၆ရာသီအတွင်း အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို
၅ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးကလည်း
နော်တင်ဟမ်ကို ပွဲပြီးဖို့ ၁၂မိနစ်အလိုမှာ သွင်းယူခဲ့တဲ့
ဂျိုတာရဲ့ဂိုးကြောင့် အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒီလိုထိပ်တိုက်တွေ့ဆုံနေတာကြောင့် ယခုရာသီမှာ

မန်စီးတီးရဲ့ဖလား ၃လုံးအိပ်မက်နဲ့ လီဗာပူးရဲ့ဖလား ၄လုံး
အိပ်မက်တို့အနက် တစ်ခုခုကတော့ ဧပြီလအတွင်း
အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။
လီဗာပူးဟာ ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့
အနိုင်ယူကာ ကာရာဘောင်ဖလားရယူထားပြီးဖြစ်ပေမယ့်

၂၀၁၅ ခုနှစ်က အက်စတွန်ဗီလာကို ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာပါ။
ချဲလ်ဆီးဟာ ကွာတားဖိုင်နယ်မှာ မစ်ဒယ်ဘရော့ကို
အမှားအယွင်းမရှိ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့သလို ပဲလေ့စ်ကလည်း
အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်ကို

၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အသင်းသမိုင်းတစ်လျှောက် အက်ဖ်အေဖလား
တစ်ခါမှမရဖူးသေးတဲ့ ပဲလေ့စ်ဟာ ၂၀၁၆ မှာ
မန်စီးတီးကို ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား

ဗိုလ်လုပွဲတက်ရောက်နိုင်ရေး တစ်ပွဲပဲအနိုင်ရဖို့ လိုပါတော့တယ်။
အဆိုပါဆီမီးဖိုင်နယ်ပွဲတွေကို ဧပြီလ ၁၆/၁၇ ရက်တွေမှာ
ကျင်းပမှာဖြစ်လို့ မန်စီးတီးနဲ့ လီဗာပူးတို့လည်း
၂ပတ်ဆက် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီတီဟတ်မှာ

ပွဲကြီးပွဲကောင်းကစားရဦးမှာဖြစ်ပါတယ်။

Zawgyi

အက္ဖ္ေအဖလားဆီမီးဖိုင္နယ္မွာ မန္စီးတီးနဲ႔ လီဗာပူး ထိပ္တုိက္ေတြ႕ဆုံ

အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲေတြအၿပီးမွာပဲ ဆီမီးဖုိင္နယ္မဲခြဲပြဲကို
တစ္ခါတည္းျပဳလုပ္ခဲ့ရာမွာ မန္စီးတီးက ဧၿပီလအတြင္း လီဗာပူးနဲ႔
ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးက လန္ဒန္ဒါဘီပြဲစဥ္အျဖစ္
ပဲေလ့စ္နဲ႔ ကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။
စီးတီးဟာ တနဂၤေႏြေန႔က ေဆာက္သမ္တန္ကို

၁-၄ဂိုးနဲ႔ အလြယ္တကူအႏိုင္ရကာ နည္းျပဂြါဒီယိုလာလက္ထက္
၆ရာသီအတြင္း အက္ဖ္ေအဖလားဆီမီးဖုိင္နယ္ကို
၅ႀကိမ္ေျမာက္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးကလည္း
ေနာ္တင္ဟမ္ကို ပြဲၿပီးဖို႔ ၁၂မိနစ္အလိုမွာ သြင္းယူခဲ့တဲ့
ဂ်ိဳတာရဲ႕ဂုိးေၾကာင့္ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ဒီလိုထိပ္တုိက္ေတြ႕ဆုံေနတာေၾကာင့္ ယခုရာသီမွာ
မန္စီးတီးရဲ႕ဖလား ၃လုံးအိပ္မက္နဲ႔ လီဗာပူးရဲ႕ဖလား ၄လုံး
အိပ္မက္တုိ႔အနက္ တစ္ခုခုကေတာ့ ဧၿပီလအတြင္း
အဆုံးသတ္ရေတာ့မွာျဖစ္ပါတယ္။
လီဗာပူးဟာ ခ်ဲလ္ဆီးကို ပင္နယ္တီအဆုံးအျဖတ္နဲ႔

အႏိုင္ယူကာ ကာရာေဘာင္ဖလားရယူထားၿပီးျဖစ္ေပမယ့္
၂၀၁၅ ခုႏွစ္က အက္စတြန္ဗီလာကို ၂-၁ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ တက္ႏိုင္ခဲ့တာပါ။
ခ်ဲလ္ဆီးဟာ ကြာတားဖိုင္နယ္မွာ မစ္ဒယ္ဘေရာ့ကို
အမွားအယြင္းမရွိ ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့သလုိ ပဲေလ့စ္ကလည္း

အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အဲဗာတန္ကို
၄-၀ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာပါ။
အသင္းသမုိင္းတစ္ေလွ်ာက္ အက္ဖ္ေအဖလား
တစ္ခါမွမရဖူးေသးတဲ့ ပဲေလ့စ္ဟာ ၂၀၁၆ မွာ
မန္စီးတီးကို ၂-၁ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ အက္ဖ္ေအဖလား
ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေရး တစ္ပြဲပဲအႏိုင္ရဖုိ႔ လုိပါေတာ့တယ္။
အဆုိပါဆီမီးဖုိင္နယ္ပြဲေတြကို ဧၿပီလ ၁၆/၁၇ ရက္ေတြမွာ
က်င္းပမွာျဖစ္လုိ႔ မန္စီးတီးနဲ႔ လီဗာပူးတို႔လည္း
၂ပတ္ဆက္ ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး ဧၿပီလ ၁၀ ရက္ေန႔မွာ

ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အီတီဟတ္မွာ
ပြဲႀကီးပြဲေကာင္းကစားရဦးမွာျဖစ္ပါတယ္။