အက်ဒ်ဝုဒ်ဝတ် ရာထူးကနေ နှုတ်ထွက်

အက်ဒ်ဝုဒ်ဝတ်ဟာမန်ချက်စတာယူနိုက်တက်အမှုဆောင်ချုပ်ရာထူးမှ

နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ဝတ်ဟာပြီးခဲ့တဲ့နှစ်တုန်းကကြေညာခဲ့တဲ့

ဥရောပစူပါလိဂ်တွင်ပါဝင်ပတ်သက်မှုကြောင့် ပရိသတ်များရဲ့

ဆန့်ကျင်ဆန္ဒပြခြင်းခံခဲ့ရကာ ရာထူးမှထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။

သူ့ရဲ့နုတ်ထွက်မှုကလာမယ့်ဖေဖော်ဝါရီလ၁ရက်နေ့မှစတင်ကာ

အကျုံးဝင်လာမှာဖြစ်ပြီး ယူနိုက်တက်အမှုဆောင်ချုပ်သစ်အဖြစ်

ရီချက်အာနိုးကတာဝန်ထမ်းဆောင်သွားပါမယ်။

အက်ဒ်ဝုဒ်ဝတ်ဟာ၂၀၁၃ခုနှစ်တုန်းကဒေးဗစ်ဂီးလ်နေရာတွင်

အမှုဆောင်ချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အက်ဒ်ဝုဒ်ဝတ်ဟာယူနိုက်တက်တွင်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း

အပြောင်းအရွှေ့အမှားများပြုလုပ်မှု၊ နည်းပြခန့်အပ်မှုအမှားများပြုလုပ်မှုများအတွက်

ပရိသတ်များရဲ့တောက်လျှောက်ဝေဖန်မှုခံလာရပေမယ့်

အသင်းပိုင်ရှင်ဂလေဇာမိသားစုရဲ့ထောက်ခံမှုအပြည့်အဝရရှိလာသူလည်းဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ဝတ်လက်ထက်တွင်ယူနိုက်တက်ဟာကွင်းတွင်းအောင်မြင်မှုများ

လောက်လောက်လားလားမရခဲ့ပေမယ့်ကွင်းပြင်ပတွင်ဝင်ငွေများစွာမြင့်မား ရရှိခဲ့ပါတယ်။

zawgyi

အက္ဒ္ဝုဒ္ဝတ္ ရာထူးကေန ႏႈတ္ထြက္

အက္ဒ္ဝုဒ္ဝတ္ဟာမန္ခ်က္စတာယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ရာထူးမွ

ႏုတ္ထြက္လိုက္ၿပီျဖစ္ပါတယ္။

အက္ဒ္ဝုဒ္ဝတ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကေၾကညာခဲ့တဲ့

ဥေရာပစူပါလိဂ္တြင္ပါဝင္ပတ္သက္မႈေၾကာင့္ ပရိသတ္မ်ားရဲ႕

ဆန႔္က်င္ဆႏၵျပျခင္းခံခဲ့ရကာ ရာထူးမွထြက္ခြာခဲ့ရတာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ႏုတ္ထြက္မႈကလာမယ့္ေဖေဖာ္ဝါရီလ၁ရက္ေန႔မွစတင္ကာ

အက်ဳံးဝင္လာမွာျဖစ္ၿပီး ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္သစ္အျဖစ္

ရီခ်က္အာႏိုးကတာဝန္ထမ္းေဆာင္သြားပါမယ္။

အက္ဒ္ဝုဒ္ဝတ္ဟာ၂၀၁၃ခုႏွစ္တုန္းကေဒးဗစ္ဂီးလ္ေနရာတြင္

အမႈေဆာင္ခ်ဳပ္အျဖစ္စတင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

အက္ဒ္ဝုဒ္ဝတ္ဟာယူႏိုက္တက္တြင္တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း

အေျပာင္းအေ႐ႊ႕အမွားမ်ားျပဳလုပ္မႈ၊ နည္းျပခန႔္အပ္မႈအမွားမ်ားျပဳလုပ္မႈမ်ားအတြက္

ပရိသတ္မ်ားရဲ႕ေတာက္ေလွ်ာက္ေဝဖန္မႈခံလာရေပမယ့္

အသင္းပိုင္ရွင္ဂေလဇာမိသားစုရဲ႕ေထာက္ခံမႈအျပည့္အဝရရွိလာသူလည္းျဖစ္ပါတယ္။

အက္ဒ္ဝုဒ္ဝတ္လက္ထက္တြင္ယူႏိုက္တက္ဟာကြင္းတြင္းေအာင္ျမင္မႈမ်ား

ေလာက္ေလာက္လားလားမရခဲ့ေပမယ့္ကြင္းျပင္ပတြင္ဝင္ေငြမ်ားစြာျမင့္မား ရရွိခဲ့ပါတယ္။