
အိုင်ယာလန်နဲ့ ပေါ်တူဂီတို့ပွဲမှာ လုံခြုံရေးတွေကို ကျော်ဖြတ်ကာ ကွင်းအတွင်း
ဝင်ရောက်လာပြီး ရော်နယ်ဒိုဆီက ဂျာစီကို လက်ဆောင်ရရှိခဲ့တဲ့ အသက် ၁၃ နှစ်အရွယ်
အက်ဒီဆန်ဝှီလန်အတွက်တော့ အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့
နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့မှုကြောင့် ပျော်ရွှင်ခဲ့ရပေမယ့်
စည်းကမ်းချိုးဖောက်ခဲ့လို့ ဒဏ်ငွေ ပေါင် ၂၅၀၀တော့ ဆောင်ခဲ့ရပါတော့တယ်။
သူမဟာ Shelbourne မိန်းကလေးယူ-၁၃ အသင်းက ကစားသမားတစ်ဦးဖြစ်ပြီး
ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့လို့
ပျော်ရွှင်ခဲ့ရတယ်လို့ သူမက အိုင်ယာလန်ရုပ်သံ ကို ပြောဆိုသွားခဲ့ပါတယ်။
အက်ဒီဆန်ဝှီလန် ဟာ ရော်နယ်ဒို နဲ့တွေ့ဆုံရဖို့ ဘဝမှာ တစ်ခါသာကြုံရနိုင်မယ့်
အခွင့်အရေးအတွက် ပွဲအပြီးမှာ ကွင်းထဲကို ပြေးဝင်ခဲ့တာဖြစ်ပြီး
ကွင်းလုံခြုံရေးတွေ ဖမ်းမိချိန်မှာ ရော်နယ်ဒိုရဲ့ နာမည်ကို အော်ခေါ်ပစ်ခဲ့တယ်လို့
သူ့ရဲ့စွန့်စားခန်းကိုပြန်လည်ပြောပြခဲ့ပါတယ်။
အက်ဒီဆန်ဝှီလန်က ရော်နယ်ဒိုရဲ့သူ့အပေါ်နွေးထွေးတဲ့ အပြုအမူတွေကို
ဆက်ပြီးပြောပြခဲ့ပါတယ် “သူက ပြန်လှည့်လာပြီးတော့ သမီးကိုမြင်တဲ့အခါ
” လွှတ်ပေးလိုက်ပါလို့ ” ကွင်းလုံခြုံရေးတွေကို ပြောလိုက်ပြီး သမီးဆီ
ရောက်လာခဲ့ပါတယ်။ သမီးလည်း အရမ်းအံ့အားသင့်ခဲ့ရပြီး ငိုလည်းငိုခဲ့မိတယ်။
ပြီးတော့ ဂျာစီရနိုင်မလား…? သမီးက ဦးရဲ့ အမာခံပရိသတ်ပါလို့ ပြောတော့
သူက သမီး အဆင်ပြေရဲ့လားဆိုပြီး မေးခဲ့ပါတယ်။ ဂျာစီတောင်းချိန်မှာလည်း ချွတ်ပေးခဲ့ပါတယ်။ ”
စီရော်နယ်ဒိုက ဂျာစီကို ချွတ်ပေးနေတာကို အဖေက မြင်လိုက်တဲ့အချိန်မှာ
သူလည်း တော်တော်လေးအံ့အားသင့်ခဲ့ပါတယ်။ သမီးကိုယ်တိုင်ကလည်း
အို…ဘရားရေ ငါ့အိပ်မက်တွေ တကယ်ဖြစ်လာတာပဲလို့ ရေရွတ်မိလိုက်တယ်” လို့
သူ့ရဲ့စွန့်စားခန်းကို အိုင်ယာလန်ရုပ်သံမှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။
သူမရဲ့ အိုင်ဒေါ ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံစကားပြောခဲ့ရပြီး
အမှတ်တရလက်ဆောင်လည်း ရရှိခဲ့ပေမယ့် ကွင်းအတွင်း
ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ပေါင် ၂၅၀၀ အထိ ဒဏ်ကြေး
ပေးဆောင်ခဲ့ရတာကတော့ သူမအတွက် အနည်းငယ်
စိတ်ညစ်စရာဖြစ်စေခဲ့မှာသေချာပါတယ်။ အက်ဒီဆန်ရဲ့ ဒဏ်ငွေကို
ဖခင်ဖြစ်သူက ပေးဆောင်ခဲ့တယ် လို့လည်း Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
zawgyi
အက္ဒီဆန္ဝွီလန္ရဲ႕ ေရာ္နယ္ဒို ဂ်ာစီရရွိဖို႔ ကြင္းလုံၿခဳံေရးေတြကို ျဖတ္ေျပးခဲ့တဲ့ ေပါင္ ၂၅၀၀ တန္ စြန႔္စားခန္း
အိုင္ယာလန္နဲ႔ ေပၚတူဂီတို႔ပြဲမွာ လုံၿခဳံေရးေတြကို ေက်ာ္ျဖတ္ကာ ကြင္းအတြင္း
ဝင္ေရာက္လာၿပီး ေရာ္နယ္ဒိုဆီက ဂ်ာစီကို လက္ေဆာင္ရရွိခဲ့တဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္
အက္ဒီဆန္ဝွီလန္အတြက္ေတာ့ အမွတ္တရ ျဖစ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕
ေႏြးေႏြးေထြးေထြးႀကိဳဆိုေပးခဲ့မႈေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရေပမယ့္
စည္းကမ္းခ်ိဳးေဖာက္ခဲ့လို႔ ဒဏ္ေငြ ေပါင္ ၂၅၀၀ေတာ့ ေဆာင္ခဲ့ရပါေတာ့တယ္။
သူမဟာ Shelbourne မိန္းကေလးယူ-၁၃ အသင္းက ကစားသမားတစ္ဦးျဖစ္ၿပီး
ေရာ္နယ္ဒိုရဲ႕ အမာခံပရိသတ္တစ္ဦးလည္းျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး အိပ္မက္ေတြအမွန္တကယ္ျဖစ္လာခဲ့လို႔
ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔ သူမက အိုင္ယာလန္႐ုပ္သံ ကို ေျပာဆိုသြားခဲ့ပါတယ္။
အက္ဒီဆန္ဝွီလန္ ဟာ ေရာ္နယ္ဒို နဲ႔ေတြ႕ဆုံရဖို႔ ဘဝမွာ တစ္ခါသာႀကဳံရႏိုင္မယ့္
အခြင့္အေရးအတြက္ ပြဲအၿပီးမွာ ကြင္းထဲကို ေျပးဝင္ခဲ့တာျဖစ္ၿပီး
ကြင္းလုံၿခဳံေရးေတြ ဖမ္းမိခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕ နာမည္ကို ေအာ္ေခၚပစ္ခဲ့တယ္လို႔
သူ႔ရဲ႕စြန႔္စားခန္းကိုျပန္လည္ေျပာျပခဲ့ပါတယ္။
အက္ဒီဆန္ဝွီလန္က ေရာ္နယ္ဒိုရဲ႕သူ႔အေပၚေႏြးေထြးတဲ့ အျပဳအမူေတြကို
ဆက္ၿပီးေျပာျပခဲ့ပါတယ္ “သူက ျပန္လွည့္လာၿပီးေတာ့ သမီးကိုျမင္တဲ့အခါ
” လႊတ္ေပးလိုက္ပါလို႔ ” ကြင္းလုံၿခဳံေရးေတြကို ေျပာလိုက္ၿပီး သမီးဆီ
ေရာက္လာခဲ့ပါတယ္။ သမီးလည္း အရမ္းအံ့အားသင့္ခဲ့ရၿပီး ငိုလည္းငိုခဲ့မိတယ္။
ၿပီးေတာ့ ဂ်ာစီရႏိုင္မလား…? သမီးက ဦးရဲ႕ အမာခံပရိသတ္ပါလို႔ ေျပာေတာ့
သူက သမီး အဆင္ေျပရဲ႕လားဆိုၿပီး ေမးခဲ့ပါတယ္။ ဂ်ာစီေတာင္းခ်ိန္မွာလည္း ခြၽတ္ေပးခဲ့ပါတယ္။ ”
စီေရာ္နယ္ဒိုက ဂ်ာစီကို ခြၽတ္ေပးေနတာကို အေဖက ျမင္လိုက္တဲ့အခ်ိန္မွာ
သူလည္း ေတာ္ေတာ္ေလးအံ့အားသင့္ခဲ့ပါတယ္။ သမီးကိုယ္တိုင္ကလည္း
အို…ဘရားေရ ငါ့အိပ္မက္ေတြ တကယ္ျဖစ္လာတာပဲလို႔ ေရ႐ြတ္မိလိုက္တယ္” လို႔
သူ႔ရဲ႕စြန႔္စားခန္းကို အိုင္ယာလန္႐ုပ္သံမွာ ျပန္လည္ေျပာဆိုခဲ့ပါတယ္။
သူမရဲ႕ အိုင္ေဒါ ျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ ေတြ႕ဆုံစကားေျပာခဲ့ရၿပီး
အမွတ္တရလက္ေဆာင္လည္း ရရွိခဲ့ေပမယ့္ ကြင္းအတြင္း
က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့အတြက္ ေပါင္ ၂၅၀၀ အထိ ဒဏ္ေၾကး
ေပးေဆာင္ခဲ့ရတာကေတာ့ သူမအတြက္ အနည္းငယ္
စိတ္ညစ္စရာျဖစ္ေစခဲ့မွာေသခ်ာပါတယ္။ အက္ဒီဆန္ရဲ႕ ဒဏ္ေငြကို
ဖခင္ျဖစ္သူက ေပးေဆာင္ခဲ့တယ္ လို႔လည္း Mirror သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။