အက်စ်တိုးနီးယားနဲ့ပွဲမှာ တစ်ပွဲလုံးရဲ့ဂိုးတွေအားလုံးကို တစ်ယောက်တည်းဒိုင်ခံသွင်းပေးသွားတဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ

ယမန်နေ့ညက အက်စ်တိုးနီးယားနဲ့ခြေစမ်းပွဲမှာ
တစ်ပွဲလုံးရဲ့ဂိုးတွေအားလုံးကို သူတစ်ယောက်တည်း
ဒိုင်ခံသွင်းပေးသွားပါတယ်။
ရွှေဘောလုံးဆု စံချိန်တင် ၇ကြိမ်အထိရရှိထားတဲ့
မက်ဆီဟာ ဗုဒ္ဓဟူးနေ့က ဝင်ဘလေမှာ

ဥရောပချန်ပီယံ အီတလီကို ၃-၀ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ Finalissima ပွဲမှာလည်း
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက်
ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အခုလည်း မက်ဆီဟာ CA အိုဆာဆူနာအသင်းရဲ့

အိမ်ကွင်းဖြစ်တဲ့ အယ်လ်ဆာဒါကွင်းမှာ
ဥရောပအသင်းငယ်လေး အက်စ်တိုးနီးယားကို
သွင်းဂိုးတွေပဲ ရူးသွပ်နေသူတစ်ဦးလို
မိနစ် ၉၀ကျော်အတွင်း ကစားသမား စုစုပေါင်း
၂၂ ယောက် ကစားရတဲ့ပွဲမှာ သူတစ်ယောက်တည်း

ဂိုးတွေအားလုံး သွင်းယူခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ပွဲကစားချိန် ၄၇ မိနစ်အရောက်မှာကတည်းက
ဟက်ထရစ်ရှင်ဖြစ်နေခဲ့တာဖြစ်ပြီး ၆၇မိနစ်နဲ့
၇၁ မိနစ်တွေမှာ လက်ကျန်ဂိုးတွေ သွင်းယူခဲ့ပါတယ်။
ဒီလိုတစ်ပွဲတည်း ၅ဂိုးသွင်းယူနိုင်တာ

မက်ဆီအတွက်တော့ သိပ်မထူးဆန်းတော့ဘဲ
၂၀၁၂ ခုနှစ်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်
လေဗာကူဆင်နဲ့ပွဲမှာ အသင်းဟောင်း ဘာစီလိုနာအတွက်
တစ်ပွဲတည်း ၅ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အက်စ်တိုးနီးယားကလည်း အာဂျင်တီးနားအတွက်

မက်ဆီရဲ့ဂိုးသွင်းယူခြင်းခံရတဲ့ ၃၀သင်းမြောက်
လက်ရွေးစင်အသင်းဖြစ်လာပြီး
မက်ဆီအနေနဲ့ ကစားသမားဘဝတစ်လျှောက်
စုစုပေါင်းသွင်းဂိုး ၇၆၉ ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။
မက်ဆီဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက်

အကောင်းဆုံးခြေစွမ်းထုတ်မပြနိုင်သေးဘဲ
လီဂူး ၁ မှာ ၆ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့်
အာဂျင်တီးနားအသင်းအတွက်တော့
ဆက်လက်ခြေစွမ်းပြနေပါတယ်။
အာဂျင်တီးနားအသင်းဖော်တွေကလည်း

မက်ဆီကို လေးစားမှုအပြည့်ရှိပြီး
အီတလီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ
အသင်းဖော်အားလုံးက မက်ဆီ၊ ဆုဖလားတို့နဲ့အတူ
ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။
မက်ဆီဟာ ယခုလနှောင်းပိုင်းမှာ

အသက် ၃၅ နှစ်ပြည့်တော့မှာဖြစ်ပေမယ့်
သူ့ရဲ့မှော်အစွမ်းတွေကတော့ ဆက်လက်
လင်းလက်နေဆဲဖြစ်ပြီး သူ့အတွက်
နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်လာနိုင်တဲ့
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

ခြေစွမ်းပြနိုင်ဖို့ တာဆူနေပါတယ်။
အာဂျင်တီးနားဟာ နည်းပြ စကာလိုနီရဲ့
လက်ထက်မှာ ၃၃ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး
မက်ဆီကလည်း ပြန်လည်မွေးဖွားလာပါတယ်။
၅ဂိုးသွင်းယူခဲ့တဲ့ မက်ဆီနဲ့ပတ်သက်လို့

စကာလိုနီက ”မက်ဆီနဲ့ပတ်သက်လို့
တခြားသူတွေ ဘာတွေပြောကြလဲဆိုတာ
ကျွန်တော် မသိပါဘူး။
သူ့အကြောင်း ပြောဖို့ စကားလုံးတွေမရှိပါဘူး။
သူ လုပ်ဆောင်တဲ့အရာအားလုံးက

အတုမရှိ ပြိုင်ဘက်ကင်းဖြစ်ပြီး
ဒီအစုအဖွဲ့မှာ သူရှိနေတာက
တကယ့်ကိုကျေနပ်စရာပါပဲ။
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားပဲ
ပြောနိုင်ပါတယ်”လို့ ပြောပါတယ်။

Zawgyi

အက္စ္တိုးနီးယားနဲ႔ပြဲမွာ တစ္ပြဲလုံးရဲ႕ဂိုးေတြအားလုံးကို တစ္ေယာက္တည္းဒိုင္ခံသြင္းေပးသြားတဲ့ မက္ဆီ
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ

ယမန္ေန႔ညက အက္စ္တိုးနီးယားနဲ႔ေျခစမ္းပြဲမွာ
တစ္ပြဲလုံးရဲ႕ဂိုးေတြအားလုံးကို သူတစ္ေယာက္တည္း
ဒိုင္ခံသြင္းေပးသြားပါတယ္။
ေရႊေဘာလုံးဆု စံခ်ိန္တင္ ၇ႀကိမ္အထိရရွိထားတဲ့
မက္ဆီဟာ ဗုဒၶဟူးေန႔က ၀င္ဘေလမွာ

ဥေရာပခ်န္ပီယံ အီတလီကို ၃-၀ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ Finalissima ပြဲမွာလည္း
အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္
ဂိုးဖန္တီးမႈ ၂ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
အခုလည္း မက္ဆီဟာ CA အိုဆာဆူနာအသင္းရဲ႕

အိမ္ကြင္းျဖစ္တဲ့ အယ္လ္ဆာဒါကြင္းမွာ
ဥေရာပအသင္းငယ္ေလး အက္စ္တိုးနီးယားကို
သြင္းဂိုးေတြပဲ ႐ူးသြပ္ေနသူတစ္ဦးလို
မိနစ္ ၉၀ေက်ာ္အတြင္း ကစားသမား စုစုေပါင္း
၂၂ ေယာက္ ကစားရတဲ့ပြဲမွာ သူတစ္ေယာက္တည္း

ဂိုးေတြအားလုံး သြင္းယူခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ပြဲကစားခ်ိန္ ၄၇ မိနစ္အေရာက္မွာကတည္းက
ဟက္ထရစ္ရွင္ျဖစ္ေနခဲ့တာျဖစ္ၿပီး ၆၇မိနစ္နဲ႔
၇၁ မိနစ္ေတြမွာ လက္က်န္ဂိုးေတြ သြင္းယူခဲ့ပါတယ္။
ဒီလိုတစ္ပြဲတည္း ၅ဂိုးသြင္းယူႏိုင္တာ

မက္ဆီအတြက္ေတာ့ သိပ္မထူးဆန္းေတာ့ဘဲ
၂၀၁၂ ခုႏွစ္က ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္
ေလဗာကူဆင္နဲ႔ပြဲမွာ အသင္းေဟာင္း ဘာစီလိုနာအတြက္
တစ္ပြဲတည္း ၅ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အက္စ္တိုးနီးယားကလည္း အာဂ်င္တီးနားအတြက္

မက္ဆီရဲ႕ဂိုးသြင္းယူျခင္းခံရတဲ့ ၃၀သင္းေျမာက္
လက္ေရြးစင္အသင္းျဖစ္လာၿပီး
မက္ဆီအေနနဲ႔ ကစားသမားဘ၀တစ္ေလွ်ာက္
စုစုေပါင္းသြင္းဂိုး ၇၆၉ ဂိုးအထိ ရွိေနၿပီျဖစ္ပါတယ္။
မက္ဆီဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္

အေကာင္းဆုံးေျခစြမ္းထုတ္မျပႏိုင္ေသးဘဲ
လီဂူး ၁ မွာ ၆ဂိုးပဲ သြင္းယူႏိုင္ခဲ့ေပမယ့္
အာဂ်င္တီးနားအသင္းအတြက္ေတာ့
ဆက္လက္ေျခစြမ္းျပေနပါတယ္။
အာဂ်င္တီးနားအသင္းေဖာ္ေတြကလည္း

မက္ဆီကို ေလးစားမႈအျပည့္ရွိၿပီး
အီတလီကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ
အသင္းေဖာ္အားလုံးက မက္ဆီ၊ ဆုဖလားတို႔နဲ႔အတူ
ဓာတ္ပုံတြဲ႐ိုက္ခဲ့ၾကပါတယ္။
မက္ဆီဟာ ယခုလေႏွာင္းပိုင္းမွာ

အသက္ ၃၅ ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္
သူ႕ရဲ႕ေမွာ္အစြမ္းေတြကေတာ့ ဆက္လက္
လင္းလက္ေနဆဲျဖစ္ၿပီး သူ႕အတြက္
ေနာက္ဆုံး ကမာၻ႔ဖလားျဖစ္လာႏိုင္တဲ့
၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

ေျခစြမ္းျပႏိုင္ဖို႔ တာဆူေနပါတယ္။
အာဂ်င္တီးနားဟာ နည္းျပ စကာလိုနီရဲ႕
လက္ထက္မွာ ၃၃ပြဲဆက္ ရံႈးပြဲမရွိကစားထားၿပီး
မက္ဆီကလည္း ျပန္လည္ေမြးဖြားလာပါတယ္။
၅ဂိုးသြင္းယူခဲ့တဲ့ မက္ဆီနဲ႔ပတ္သက္လို႔

စကာလိုနီက ”မက္ဆီနဲ႔ပတ္သက္လို႔
တျခားသူေတြ ဘာေတြေျပာၾကလဲဆိုတာ
ကၽြန္ေတာ္ မသိပါဘူး။
သူ႕အေၾကာင္း ေျပာဖို႔ စကားလုံးေတြမရွိပါဘူး။
သူ လုပ္ေဆာင္တဲ့အရာအားလုံးက

အတုမရွိ ၿပိဳင္ဘက္ကင္းျဖစ္ၿပီး
ဒီအစုအဖြဲ႕မွာ သူရွိေနတာက
တကယ့္ကိုေက်နပ္စရာပါပဲ။
ေက်းဇူးတင္ပါတယ္ဆိုတဲ့စကားပဲ
ေျပာႏိုင္ပါတယ္”လို႔ ေျပာပါတယ္။